AskAlex

TikTok Marketing ဆိုတာဘာလဲ?


Listen Later

Q: အစ်ကို TikTok Marketing ဆိုတာအခုကြားနေရလို့ပါ။ TikTok မှာ Boost လို့ရတာလားရှင့်။
A: TikTok မှာ Boost လို့ရပါတယ်။ မြန်မာနိုင်ငံမပါသေးပါဘူး။ Thai, Cambodia, Laos မှာ boost လို့ရနေပါပြီ။ business.tiktok.com ထဲမှာသွားပြီးတော့ boost လို့ရပေမယ့် မြန်မာနိုင်ငံမပါပါဘူး။ ဒီမှာတစ်ခုထက်ပြီး သတိပေးချင်တာက ပိုက်ဆံပေးရမှ Marketing မဟုတ်ပါဘူး။ ပိုက်ဆံသုံးတာကို Advertising လို့လည်းကျွန်တော်တို့သုံးလို့ရပါတယ်။ ဒါကတော့ စကားလုံးအသုံးအနှုန်းကိုပြောပြတာပါ။ Owned, Earned, Paid ဆိုပြီး 3 မျိုးရှိတဲ့အထဲက Paid App လို့လည်းခေါ်ပါတယ် ပိုက်ဆံပေးရပြီးကြော်ငြာရတဲ့ App ပေါ့လေ။ အဲ့တော့ပြောချင်တာက ပိုက်ဆံပေးရမှ Marketing မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကတော့ TikTok Marketing က Community Marketing ပါ။ Community Marketing ဆိုတာက လူတွေကလူတွေကိုပြန်ကြော်ငြာပေးတဲ့ နေရာမှာ အဓိကသုံးတာပါ။ ကျွန်တော်ကတော့ Market အတွက် TikTok ကိုကြည့်ဖြစ်တယ် ဘာလို့ဆို ဘယ် Brand တွေကဘာတွေလုပ်နေလဲဆိုတာကို တောက်လျှောက်လိုက်ကြည့်ဖြစ်တယ်။ အခုလည်း Brand တော်တော်များများ TikTok ကိုပြောင်းလာကြတာကို သတိထားမိတယ်။ TikTok လူတွေကလူတွေကိုပြန်ကြော်ငြာပေးတယ်ဆိုတဲ့ Community Marketing ဆိုတာက ကျွန်တော်တို့ TikTok မှာကြော်ငြာတွေလိုက်ကြည့်မယ်ဆိုရင် hashtag တွေကိုအဓိကသုံးသွားတာတွေရှိတယ်၊ ပြီးလို့ရှိရင် Products တွေကို Dance တစ်ခုခုထဲမှာသုံးပြသွားတာတွေကို တခြားသူတွေက ကြည့်ပြီး Awareness ရသွားတာမျိုးပါ။ Awareness ရတယ်ဆိုတာက Product ကိုမြင်ဖူးသွားတယ်၊ ဘယ်လိုသုံးရမလဲသိသွားတယ်ဆိုတာမျိုးပေါ့။ ပြီးတော့ ကျွန်တော်တို့က သူငယ်ချင်းအချင်းချင်းတွေ့တဲ့အချိန်မှာလည်း TikTok မှာဘယ် Brand ကဘာလုပ်နေပြီသိလား၊ ဒီကောင်လေးကတာလှတယ် ဒီကောင်မလေးကတာလှတယ်ဆိုပြီး အချင်းချင်း share ကျတာမျိုးလည်း awareness တစ်ခုကိုဆွဲတင်ပေးတာပါ။ အဲ့တာသည်လည်း Marketing တစ်မျိုးပါပဲ။ အဲ့တာကဘာနဲ့သွားဆင်လည်းဆိုတော့ Facebook က KOLs Marketing နဲ့သွားဆင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ကအဲ့လိုပုံစံကို Community Marketing လို့ခေါ်ပြီးတော့ TikTok မှာက အဲ့လို Run ရတာပါ။
...more
View all episodesView all episodes
Download on the App Store

AskAlexBy Alex Khine