Sign up to save your podcasts
Or

နားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။
မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် ငယ်ငယ်က ပညာပေး အစီအစဉ်ပေါင်းများစွာကို ကျွန်မလိုပဲ အသိအာရုံထဲ စွဲနေကြမယ့်သူတွေ များမယ်ထင်တယ်။ မူးယစ်ဆေးဝါး တစ်ခုတည်းမှ မဟုတ်ပါဘူး။ နိုင်ငံပိုင် ရုပ်သံတွေကနေလွှင့်တဲ့ ခေါက်ရိုးကျိုး ပညာပေး အစီအစဉ်တွေ၊ ပြီးတော့ တက်တူးထိုး၍ လက်ဖြတ်လိုက်ရသူ အကြောင်းတို့၊ ငရဲမင်းကြီးနဲ့ တွေ့ခဲ့သူတို့ ဘာညာစတဲ့ ယုတ္တိမရှိတဲ့ ဝါဒဖြန့် ခပ်ပေါပေါ ရုပ်ရှင်တွေနဲ့ ပညာပေးဇာတ်လမ်း အမည်ခံတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲ ပြန့်နှံ့ခဲ့တော့ ကျွန်မတို့မျိုးဆက်နဲ့ ရှေ့မျိုးဆက်အဆက်ဆက်ရဲ့ သိမှုတွေဟာ အကန့်အသတ်တွေနဲ့ ဖြစ်ခဲ့ကြရတယ်။
ကျွန်မရဲ့ ဒီပေါ့ဒ်ကတ်စ်ဟာ ပညာပေးအစီအစဉ် မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးရဲ့ တကယ့် အကျိုး၊အပြစ် တွေကို ပြန်ပြီးမျှဝေပေးမယ့် လူပုဂ္ဂိုလ်တွေရဲ့ တကယ့် ဘဝအဖြစ်အပျက်တွေ အကြောင်းကို အတူတူစကားပြောကြည့်ကြရင်း အတွေးတစ်ခုခုရဖို့သာ ရည်ရွယ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ မူးယစ်ဆေးဝါးကို နှစ်ခြိုက်စွာ သုံးစွဲသူတွေ၊ ရောင်းဝယ်သူတွေရဲ့ တွေ့ကြုံ ဖြတ်သန်းမှုတွေ၊ ပြောစကားတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို တင်ဆက်သွားမှာပါ။ ဒါကြောင့် မေတ္တာရပ်ခံချင်တာကတော့ ဒီအစီအစဉ်ကို စိတ်ဝိညာဉ်ရော၊ နှလုံးသားကိုရော ဖွင့်ပြီးတော့ နားထောင်ပေးစေချင်ပါတယ်။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
By Burma Podcast Networkနားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။