Dawei Watch Podcast

တစ်ပတ်အတွင်း တနင်္သာရီသတင်း


Listen Later

တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


- ထားဝယ်မြို့ပေါ်တိုက်ခိုက်မှု အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်သားအချို့သေဆုံးသွားပြီး စစ်ကြောင်းထိုးနေတဲ့ အကြောင်း


- စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က လောင်းလုံးဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့တဲ့သတင်း


- အဖမ်းအဆီးများနေတဲ့ ထားဝယ်မြို့ပေါ်မှာ အသက်ကြီးပိုင်း အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ထပ်ဖမ်းခဲ့တဲ့အခြေအနေ


- စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကြောင့် ရှင်မုတ္ထီးရွာမှာ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့သတင်း


- ဆင်ထိုးကြီးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အကြောင်း


- တနင်္သာရီက ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့ အခြေအနေ


- မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် သားအဖနှစ်ဦး မိုင်းထိလို့ သားဖြစ်သူသေဆုံးသွားတဲ့ အကြောင်း


- မီးလောင်ချောင်းရွာကို စစ်ကောင်စီတပ်စစ်ကူရောက်လာပြီး‌ အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အခြေအနေ


- ဖုန်းတာဝါတိုင်က ဘတ္ထရီတွေကို ပျူစောထီးတွေကဖြုတ်ရောင်းလို့ ဘုတ်ပြင်းရှိ ရွာအချို့မှာ ဖုန်းလိုင်းလချီပြတ်နေတဲ့သတင်း


- ငှက်သိုက်ဈေးကောင်းနေလို့ ဘုတ်ပြင်းမှာ ဇီဝဇိုးငှက်မွေးသူ များလာတဲ့အကြောင်းတွေကို နားဆင်ရမှာပါ။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings