Dawei Watch Podcast

တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း


Listen Later

Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ 


ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။ 


ဒါကြောင့် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့အသင်းတွေအနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ကို ဂရုတစိုက် ထိန်းညှိတာ၊ အဓိက,ကစားသမားတွေ ဒဏ်ရာအနာတရ မဖြစ်ရလေအောင် စောင့်ကြည့်အကဲခတ်တာ၊ တချို့ကစားသမားတွေကို ပွဲချိန်ပြည့် ထုတ်မသုံးဘဲ ချိန်သားကိုက် လူစားလဲပြီး ကြားရက် ဥရောပပွဲတွေအတွက် အနားပေးတာတွေကို ဆောင်ရွက်ရပါတော့မယ်။ 


အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမယ့် ပွံစဉ်တွေအနက်က အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်ပေးလိုက်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings