Dawei Watch Podcast

တော်လှန်မြေက ပွင့်တဲ့ပန်းတွေ


Listen Later

စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။


ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။


စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။


ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။


ဒီနေရာမှာ ထူးခြားလှတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ စပိန်အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာ ဘာစီလိုနာကစားသမားတွေက အဓိကကျခဲ့လို့ပါပဲ။


တကယ်တော့ စပိန်တွေအတွက် ကတ်တလန်ဆိုတာ သူပုန်မြေပါ။


အခုတော့ တော်လှန်မြေက ပန်းတွေပွင့်ခဲ့ပါပြီ။


သမိုင်းမှန်ဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တာကြောင့် စပိန်နဲ့ ကမ္ဘာ့ဖလား ကံစပ်မှုကို ပြောတဲ့အချိန်တိုင်းမှာ ဘာစီလိုနာနဲ့ ကတ်တလန်မြေအကြောင်းကို စပိန်ကွန်ဆာဗေးတစ်တွေ ထည့်ပြောရပါတော့မယ်။


ဒါဟာ အသံတိတ်အောင်ပွဲပါပဲ။ တော်လှန်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာနဲ့ချီပြီး သမိုင်းမှာ ကျန်နေရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings