ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

တက်သစ်စ လူငယ် အပိုင်း (၃)


Listen Later

ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့   Season 2 Episode #3 မှာ ကိုယ်ရေးမိတ်ဆက် အစီအစဉ်ကို ထပ်မံတင်ဆက်မယ့် သူကတော့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရ (မခမမ)မှာ လက်ထောက် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုထွေးပိုင် ဖြစ်ပါတယ်။ ကိုထွေးပိုင်က "မြတ်ကြူအိမ်"ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေရေးသားသူ တစ်ဦးလည်းဖြစ်သလို လုံးချင်း၀တ္ထုလည်း ထွက်ရှိဖူးသူဖြစ်ပြီး အခြား ပြည်တွင်း၊ ပြည်ပ ပူးပေါင်းအကောင်အထည်ဖော်တဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ပါဝင်လုပ်ဆောင်လျှက် ရှိပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆောင်နေသလို လက်ရှိမှာ Host အဖြစ် တာဝန်ယူဖန်တီးမယ့် အစီအစဉ်များကို အခြား အလုပ်သင် မောင်နှမများနဲ့အတူ အမွှမ်းတင် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေကို  ဝေမျှပေးမှာဖြစ်ပါတယ်။ 

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

https://www.facebook.com/MyanmarCinemAbilityNetwork/

https://myanmarcinemabilitynetwork.wordpress.com/

https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

https://t.me/mcanetwork

#InclusiveCreation

#InclusivePodcasting

#DisabilityAndCreation

#podcasterwithdisability

...more
View all episodesView all episodes
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးBy MCA Network