Dawei Watch Podcast

ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး


Listen Later

တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။


တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။


စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။


မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။


လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။


ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။

...more
View all episodesView all episodes
Download on the App Store

Dawei Watch PodcastBy Dawei Watch

  • 5
  • 5
  • 5
  • 5
  • 5

5

2 ratings