Behold Your King! (Lenten Devotion 2026)

10th March_Lenten Devotions 2026 _ WOH


Listen Later

အဝတ်အစား

အင်္ဂါနေ့၊ မတ်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ထိုအခါတပည့်တော်အပေါင်းတိုသည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တစ်ယောက်သည် စောင်တစ်ထည်ကိုသာ ဝတ်လျက် နောက်တော်သိုလိုက်သည်ဖြစ်၍၊ မင်းလုလင်တိုသည် ထိုသူကို ဖမ်းဆီးကြ၏။ သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲလုလင်တိုလက်မှထွက်ပြေးလေ၏။ (ရှင်မာကု ၁၄:၅၁-၅၂)



ထိုလုလင်အကြောင်း ကျွန်တော် တွေးမိသည်။ ခရစ်ဝင်ကျမ်းရေးသူမှာ မာကုကိုယ်တိုင်ဖြစ်ပြီး သခင်ယေရှု၏နောက်ဆုံးညစာစားပွဲကို လက်ခံပြင်ဆင်ပေးသော မိသားစုနှင့် ဆက်စပ်နေသည်ဟုဆိုကြသည်။ အကယ်၍ ထိုသိုဆိုပါက စပ်စုတတ်သော လူငယ်လေးတစ်ယောက်သည် ညဉ့်နက်မှ အိပ်ရာမှထပြီးနောက် သခင်ယေရှုနှင့်တပည့်တော်များနောက်ဂေသရှေမန်ဥယျာဥ်သို လိုက်သွားခဲ့ပုံရသည်။သူ မြန်မြန်သွားရမည်ဆိုပါက လက်ထဲ အရင်ဆုံးရောက်လာသည့် အရာကို ဆုပ်ကိုင်ထားမိလိမ့်မည်။ ရေချိုးဝတ်စုံဝတ်ထားသလိုမျိုးဖြစ်လိမ့်မည်။



လုလင်ငယ်သည် သူမျှော်လင့်ထားသည်ထက် ပိုပြီးရခဲ့သည်။ သခင်ယေရှု ဖမ်းဆီးခံရမည်ဟု သူမျှော်လင့်မထားပါ။ လူအုပ်ဖြင့် သခင်ယေရှုကိုလာဖမ်းလိမ့် မည်ဟု သူမျှော်လင့်မထားပါ။ သိုသော် သူ လွတ်ဖို အတော်လေးခက်ခဲခဲ့သည်။ ပိတ်ချောထည်ကို ထား ခဲ့ပြီး သူ၏ခန္ဓာကိုသာ ကာကွယ်ခဲ့သည်။ ဟုတ်ပါ သည်။ သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့သည်။

သူသည် သခင်ယေရှုကိုလည်း စွန့်ခွာခဲ့သည်။ ၎င်းသည် သူ၏ဆုံးရှုးမှုမဟုတ်ဘဲ သူ၏ကောင်းချီးဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဒုက္ခဆင်းရဲတွင် သူ ၏နေရာကိုယူမည်ဖြစ်ပြီး ကျွန်ုပ်တို၏နေရာကိုလည်း ယူမည်ဖြစ်သောကြောင့်ဖြစ်သည်။ လူအားလုံးကို အပြစ်၊ သေခြင်းနှင့် မာရ်နတ်မှ ကယ်တင်ရန်အတွက် သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်နှက်ခြင်းနှင့် သေခြင်းတရားကို လက်ခံမည်သည်။ ထိုနောက် သုံးရက်အကြာတွင် ကျွန်ုပ်တို၏အပြစ်နှင့် ရှက်ရွံမှုများကို ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်၏ဝတ်လုံဖြူဖြင့် ဖုံးအုပ်ပေးတော်မူရန် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူပြီး ကျွန်ုပ်တို ၏နေရာကို ယူထားသောကြောင့် ကျွန်ုပ်တိုသည် ဘု ရားသခင်၏သားသမီးများအဖြစ် သခင်ယေရှုနှင့်အတူ ထာဝရနေထိုင်ကြရသည်။



ဆုတောင်းချက်။ ။ သခင်ဘုရား၊ ကျွန်ုပ်၏ရှက်ရွံမှုကို ဖုံးကွယ်ပေးပြီး ကိုယ်တော်၏လူဖြစ်စေတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။


သုံးသပ်ချက်မေးခွန်းများ-

• ပုံမှန်အတိုင်း အဝတ်အစားဝတ်ဖို အလျင်စလိုဖြစ်နေသည့်အခါ ဘာကိုယူလေ့ရှိသနည်း။

• ရှက်ရွံခြင်း သိုမဟုတ် အရှက်ကွဲသည်ဟု ခံစားရသည့်အခါ မည်သို ရင်ဆိုင်ဖြေရှင်းလေ့ရှိသနည်း။

• သခင်ယေရှုသည် မိတ်ဆွေ၏အပြစ်၊ ရှက်ရွံမှုနှင့် အပြစ်ရှိမှုအားလုံးကို ဖယ်ရှားပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းတည်းဟူသောဝတ်လုံဖြူဖြင့် အစား ထိုးလိုက်ပြီဖြစ်ကြောင်း သိရခြင်းသည် မိတ်ဆွေအတွက် အထောက်အကူဖြစ်ပါသလား။







#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)