Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို... more
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 48 episodes available.
April 06, 20266th April_Lenten Devotions 2026 _ WOHသက်ဝင်လှုပ်ရှားမှု။အီစတာတနင်္လာနေ့၊ ဧပြီလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတိုကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တိုသည် စည်းဝေးကြသောအရပ်သို ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တိုသည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ တစ်ဖန် ယေရှုက၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တိုကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတိုအပေါ်၌ မှုတ်လျက်၊ သင်တိုသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။ အကြင်သူ၏အပြစ်ကို သင်တိုလွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တိုတည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၂၀:၁၉-၂၃ )ဤအကြောင်းအရာမည်သိုဆက်ဖြစ်သွားကြောင်းကို ကြည့်ပါ။ ညနေခင်းမှာ စတင်သည်- တပည့်တော်များသည် အထဲမှတံခါးများ သော့ခတ်ထားသော နေရာသို ပြောင်းရွှေ့သွားကြသည်။ သူတို၏နှလုံး သားထဲ၌ ကြောက်ရွံမှုများ ကြီးစိုးနေကြသည်။ အ ရာအားလုံး အဆုံးသတ်ဖိုဖြစ်လာခဲ့သည်။ထိုနောက် သခင်ယေရှုကြွလာတော်မူသည်။သခင်ယေရှုမှ "သင်တို၌ ငြိမ်သက်ခြင်းရှိစေသ တည်း" ဟု မိန့်တော်မူပြီး လက်မှဒဏ်ချက်ရာများကို ပြသတော်မူသည်။ ကျွန်ုပ်တိုသည် တစ်ဖန်ပြန်လည် သက်ဝင်လာကြသည်။ သူတို၏နှလုံးသားထဲမှ ဝမ်း မြောက်ခြင်းသည် သခင်ယေရှုမှ သူတိုအပေါ်၌ မှုတ်သွင်းတော်မူခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ပေးခြင်းကြောင့်ဖြစ်သည်။ သူတို၏အပြစ်များကို လွှတ်တော်မူရန် လောကထဲသို သခင်ယေရှုစေလွှတ်တော်မူခြင်းကို ခံယူခဲ့သောကြောင့်ဖြစ် သည်။နံရံများဖြင့် ကျွန်ုပ်တိုကို ပိတ်ဆိုထားသကဲ့သို ခံစားရပါကလည်း သခင်ယေရှုမှ ကျွန်ုပ်တိုထံ မလာနိုင်သောနေရာ၊ အချိန်ဆိုတာ မရှိပါ။ သခင်ယေရှုကြွ လာသည့်အခါ ကျွန်ုပ်တိုအတွက် အသက်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းများကို ယူဆောင်လာပေးပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုအောက်တွင် ဆက်လက်ဆောင်ရွက်ရမည့်အလုပ် များကိုလည်း ယူဆောင်လာပေးတော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုနှင့်အတူ ထာဝရရှိတော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ထံသို ကြွလာတော်မူပါ။ ကိုယ်တော်၌သာ အကျွန်ုပ်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်စေပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ကြောက်ရွံနေသည့်အခါ အဘယ်သိုအကူအညီကို ရှာဖွေမည်နည်း။• ကြောက်ရွံခြင်း သိုမဟုတ် ဒုက္ခဆင်းရဲခြင်းကြား မည်သည့်အချိန်တွင် မိတ်ဆွေထံသို သခင်ယေရှုကြွလာတော်မူခဲ့သနည်း။• သန့်ရှင်းသောဝိညာဉ်တော်မှ အခြားသူတစ်ဦးကိုကူညီရန် မိတ်ဆွေကိုအသုံးပြုခဲ့သည့် အချိန်တစ်ခုအကြော#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
April 05, 20265th April_Lenten Devotions 2026 _ WOHတစ်ဦးတည်းသော အရေးပါသူ။အီစတာတနင်္ဂနွေနေ့၊ ဧပြီလ ၅ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို ကြည့်လျှင်ကောင်းကင်တမန်နှစ်ပါးတိုသည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတိုက၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။ ထိုသိုဆိုပြီးမှ နောက်သိုလှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။ ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။(ရှင်ယောဟန် ၂၀:၁၁-၁၂၊ ၁၃-၁၄၊ ၁၆က)ဤကျမ်းပိုဒ်ထဲမှ မာရိ၏အပြုအမူကိုကျွန်မသဘောကျသည်။အီစတာနံနက်တွင်မာရိသည်သခင်ယေရှု၏ရုပ်အလောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိပြီး တပည့်တော်များကို ပြောပြဖို ပြေးသွားခဲ့သည်။ ထိုနောက်သင်္ချိုင်းဂူထဲ ပြန်သွားပြီး ငိုကြွေးခဲ့သည်။ ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ဘာဆက်ဖြစ်သလဲ ကြည့်ကြရအောင်။ သူမသည် ဂူထဲသို ပြန်ကြည့်သောအခါ ကောင်းကင်တမန်နှစ်ပါးကို မြင်ရသည်။ တခြားအချိန်၌မူ သူမသည် စိတ်လှုပ်ရှားပြီး အံ့အားသင့်နေလိမ့်မည်။ သိုသော် ယခုတော့ မဟုတ်ပါ။ ကောင်းကင်တမန်တိုသည် သူမကို မေးခွန်းတစ်ခုမေးပြီး သူမ ယဉ်ကျေးစွာ ပြန်ဖြေပြီးနောက် သူတိုသည် သူမအတွက် အရေးပါသူများမ ဟုတ်သကဲ့သို သူတိုထံမှ လှည့်ထွက်သွားသည်... အဘယ်ကြောင့်ဆိုသော် သခင်ယေရှုထိုအရပ်၌မရှိသောကြောင့် သူတိုသည် အရေးမကြီးတော့ပါ။သ ခင် ယေရှုမပါဘဲ ကောင်းကင်တမန်များကို မည်သူဂရုစိုက်မည်နည်း။ထိုနောက် သခင်ယေရှုသည် သူမနှင့် စကားပြော တော်မူသည်။ တစ်မိနစ်မပြည့်မီတွင် သူမသည် အ လွန်ဝမ်းမြောက်စွာဖြင့် သခင်ယေရှုကို ပွေ့ဖက်ထား သည်။ သခင်ယေရှုမှ သူမကို "ငါ့ကိုမဖက်နှင့်ဦး" ဟု မိန့်တော်မူရခြင်းမှာ အံ့သြစရာမဟုတ်ပါ။မာရိ၏လုပ်ဆောင်မူ မှန်သည်။ အရေးပါတဲ့သူသည် သခင်ယေရှုတစ်ပါးတည်းပင်ဖြစ်သည်။ ကျွန်မတို တွယ်တာရသူ၊ အားကိုးရသူ၊ ကျွန်မတို၏ ယုံကြည်ခြင်းအားလုံးကို အပ်နှံထားသူဖြစ်တော်မူသည်။ သ ခင်ယေရှု၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသ တင်းကောင်းကို တခြားသူများထံ ပြောပြဖို ကျွန်မတိုကို စေလွှတ်သည့်အခါ ကျွန်မတို သွားကြတယ်၊ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ကျွန်မတိုချစ်တော်မူသောကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်သည် အသက်ရှင်တော်မူပြီး ကျွန်ုပ်တိုနှင့်အတူ ထာဝရရှိနေသည့်အတွက် ကျွန်ုပ်အလွန်ဝမ်းမြောက်မိပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မေရီ၏အပြုအမူသည် စိတ်ချယုံကြည်နိုင်ပါသ လား။• အဘယ်ကြောင့်နည်း။• သခင်ယေရှုသည် ပေတရု၊ ယောဟန် သိုမဟုတ် သူ ၏ မိသားစုဝင်တစ်ယောက်ယောက်ကို မဟုတ်ဘဲ သာမန်အမျိုးသမီးတစ်ယောက်ဆီ အရင်ဆုံး ကိုယ်ထင်ရှားပြဖို အဘယ်ကြောင့် ရွေးချယ်တော်မူခဲ့ရသည်မှာ အဘယ်ကြောင့်ဟုထင်သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
April 04, 20264th April_Lenten Devotions 2026 _ WOHမေတ္တာလက်ဆောင်။သန့်ရှင်းသောစနေနေ့၊ ဧပြီလ ၄ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ထိုနောက်မှ အရိမသဲမြိုသားယောသပ်သည် ယုဒလူတိုကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသိုဝင်၍ ယေရှု ၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ အထက်က ညအခါ ယေရှုထံသိုလာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတိုသည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို ၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥ ယျာဉ်၌တစ်ယောက်ကိုမျှမသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။(ရှင်ယောဟန် ၁၉:၃၈က၊ ၃၉-၄၁၊ ၄၂ခ )သခင်ယေရှုသည် မိမိ၏ခန္ဓာကိုယ် ဘာဖြစ်မည်ကို ကြိုတင်သိခဲ့မည်လားဟု ကျွန်ုပ်မသိပါ။ သုံးရက်မြောက်သောနေ့တွင် ခမည်းတော်သည် မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကို သိသောကြောင့် ခ မည်းတော်မှကိုင်တွယ်ဖြေရှင်းရန် ယုံကြည်စွာဖြင့် အသက်ကိုစွန့်တော်မူခဲ့သည်။ ထိုအပြင် သမ္မာကျမ်းစာတွင် မိမိ၏ခန္ဓာကိုယ်သည် မပုပ်သိုးဘဲ သင်္ဂြိုဟ်ခြင်းကိုခံရမည့်အကြောင်း၊ သင်္ဂြိုဟ်ခြင်းဝတ်သည်လည်း ချမ်းသာသူတစ်ဦးနှင့် ဆက်စပ်နေမည်ဟု ကြိုဟောထားသည်ကို သခင်ယေရှုသိတော်မူသည်။ (ဆာလံ ၁၆:၁၀; ဟေရှာယ ၅၃:၉ ကိုဖတ်ပါ)သခင်ယေရှုကိုချစ်သောသူတိုမှ သခင်ယေရှုကိုဂရု စိုက်မှုသည့်အတွက် ကျွန်ုပ်ဝမ်းမြောက်မိသည်။ ယောသပ်နှင့် နိကောဒင်တိုသည် သခင်ယေရှု၏ နောက်လိုက်များထဲတွင် ပါဝင်ခဲ့ကြသော်လည်း ဤအချိန်အထိ လျှိဝှက်စွာရှိနေခဲ့ကြသည်။ သင်္ဂြိုဟ်ခြင်းဝတ်သည် သခင်ယေရှုအား ပေးနိုင်သည့်သူတို ၏ နောက်ဆုံးမေတ္တာလက်ဆောင်ဖြစ်လိမ့်မည်ဟု ကသူတိုယုံကြည်ခဲ့မည်မှာ သေချာသည်။ အရာအားလုံးပြီးဆုံးသွားပြီဟု သူတိုထင်ခဲ့ကြသည်။ သိုသော် ၎င်းသည် မဟုတ်ပါ။ အကြောင်းမှာ သခင်ယေရှုသည် သူတိုနှင့် ကျွန်ုပ်တိုအားလုံးကို သေသည်တိုင်အောင်ချစ်တော်မူခဲ့သည်။ မကြာမီ တစ်ရက် သိုမဟုတ် နှစ်ရက်အတွင်း သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူပြီး ထာဝရတည်တံ့မည့် အသက်နှင့် ဝမ်းမြောက်ခြင်းအားလုံးကို ကျွန်ုပ်တိုအားပေးသနားတော်မူလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏လူများသည် ကိုယ်တော်အား ဤနည်းဖြင့်ချစ်တော်မူ၍ ယုံကြည်သောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယောသပ်နှင့် နိကောဒင်တိုသည် သူတို၏လုပ်ရပ်များကြောင့် ဒုက္ခရောက်ခဲ့မည်ဟုထင်ပါသလား။• အသက်ကုန်ဆုံးတော့မည့် သိုမဟုတ် အသက်ကုန် ဆုံးသွားသူတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖူးပါသလား။• ဤသည်က အဘယ်သို မေတ္တာလက်ဆောင်ဖြစ်ခဲ့ရ သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
April 03, 20263rd April_Lenten Devotions 2026 _ WOHမေတ္တာဇာတ်လမ်း။မဟာသောကြာနေ့၊ ဧပြီလ ၃ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။(ရှင်လုကာ ၂၃:၄၄-၄၆)မဟာသောကြာနေ့သည် ဘုရားသခင် မည်သိုအ သက်စွန့်ခဲ့ပုံကိုပြောပြသောနေ့ဖြစ်သည်။ အရာခပ် သိမ်းကို ဖန်ဆင်းတော်မူ၍ မည်သည့်အခါမျှ မသေနိုင်သော ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ အသက်စွန့်၍ အသေခံတော်မူခဲ့သည့် အကြောင်းအရာဖြစ်သည်။ ဘုရားသခင်သည် ဤအကြောင်းကြောင့်ပင် လူသားဖြစ်လာတော်မူခဲ့သည်။ သိုမှသာ ဘုရားသခင်သည် ဒုက္ခခံ၍ အသက်စွန့်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ဘုရားသခင်၏ရန်သူများသည် ဘုရားသခင်ကို လို အပ်သောကြောင့်ဖြစ်သည်။ထိုရန်သူများသည် အဘယ်သူများဖြစ်ကြသနည်း။ မိတ်ဆွေနှင့် ကျွန်ုပ်တိုအပါအဝင် ဘုရားသခင်ထံမှ လှည့်ထွက်လာပြီး မိမိတိုလိုချင်သည်ကိုသာ လိုက်ရှာခဲ့သော လူတိုအားလုံးပါဝင်သည်။ ကျွန်ုပ်တို၏ ကမ္ဘာ၊ ကျွန်ုပ်တို၏ဘဝ၊ ကျွန်ုပ်တို၏အတ္တများကို ချိုးဖျက်ဖို အချိန်မကြာခဲ့ပါ။ ထိုအပြင် ကျွန်ုပ်တို သည် ကိုယ်တိုင် ပြန်၍စုစည်းခြင်းငှာ မတတ်စွမ်းနိုင်ကြပါ။ သိုသော် ဘုရားသခင် တတ်နိုင်တော်မူသည်။ဘုရားသခင်လုပ်ဆောင်ပေးနိုင်တော်မူခဲ့သည်။ဘုရားသခင်သည် ကျွန်ုပ်တိုကို ချစ်တော်မူသော ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်တော်မူလိုသောကြောင့်၊ ကျွန်ုပ်တိုကို ပြန်လည်ပြုပြင်တော်မူလိုသောကြောင့်၊ သူ၏ချစ်လှစွာသော သားသမီးများအဖြစ် ကောင်းကင်နိုင်ငံ တော်တွင် သူနှင့်အတူ ထာဝရပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရန် အိမ်သို ခေါ်ဆောင်လိုသောကြောင့်ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ထိုလက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုအပြင် သခင်ယေရှုလုပ်ဆောင်ခဲ့သည့်အရာမှာ စိတ်ဆန္ဒအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေအတွက်ဖြစ်သည်။ ဘုရားသ ခင်သည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်ဖြစ် သည်။ ယခု သခင်ယေရှုသည် သေခြင်းမှ ထမြောက်တော်မူပြီဖြစ်၍ မိတ်ဆွေသည် ဘုရားသခင်၏လူအဖြစ်ဘုရားသခင်နှင့်အတူ ထာဝရရှိနေရန် မိတ်ဆွေကို ခေါ်ယူတော်မူ၏။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ကိုယ် တော်ကို ချစ်ပါ၏။ ကျွန်ုပ်အား ကိုယ်တော်နှင့်အတူ ထာဝရရှိစေတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သူ့အပေါ်ဖြစ်ပျက်ခဲ့သည်များအ တွက် ကျွန်ုပ်တိုကို အပြစ်တင်ဖူးပါသလား။ အ ဘယ်ကြောင့် အပြစ်တင်တော်မမူရသနည်း။• ထိုသိုဆိုပါက သခင်ယေရှုသည် ကျွန်ုပ်တိုအပေါ် အဘယ်သို သဘောထားတော်မူသနည်း၊• အဘယ်သိုပြောပြနိုင်ပါမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
April 02, 20262nd April_Lenten Devotions 2026 _ WOHတို့ထိနိုင်သော။သန့်ရှင်းသောကြာသပတေးနေ့၊ ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တိုအား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတိုအားပေးတော်မူ၍ သင်တိုရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တိုနှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၆:၂၆-၂၉ )သခင်ယေရှုသည် သေဆုံးခြင်း၊ ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို တက်ကြွခြင်းတိုကို မပြုမီ ထိတွေ့ခံစားနိုင်သောတစ်စုံတစ်ခုကို ပေးသနားတော်မူသည့်အတွက် ကျွန်ုပ် အလွန်ဝမ်းမြောက်မိပါသည်။အဘယ်ကြောင့်ဆိုသော် တစ်ခါတလေ စကားလုံးများ၊ ဖြစ်ရပ်များထက် ပိုပြီး ကျွန်ုပ်တို လိုအပ်ကြသည်။ ကျွန်ုပ်တို၏ခန္ဓာကိုယ်၊ အာရုံငါးပါးဖြင့်ခံ စားသိမြင်နိုင်မည့်အရာလိုအပ်သည်။ "ဒါက တကယ့်ပဲ။ မင်းကိုယ်တိုင် ထိတွေ့ကိုင်တွယ်နိုင်တယ်" ဟုပြော သည့်တစ်ခုခု လိုအပ်သည်။ ဤသည်ကို ကျွန်ုပ်တိုခံယူသောပွဲတော်မင်္ဂလာနှင့် ဗတ္တိဇံမင်္ဂလာများမှ လုပ်ဆောင်ပေးသည်။သခင်ယေရှုသည် ကျွန်ုပ်တိုကို သိတော်မူသော ကြောင့်၊ ကျွန်ုပ်တိုကို ဖန်ဆင်းတော်မူသောကြောင့် ဤနည်းဖြင့် ကျွန်ုပ်တိုအား ကိုယ်တော်တိုင် ပေးအပ်တော်မူ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ စိတ်နှင့် ဝိညာဉ်များကို ဂရုစိုက်သကဲ့သို ကျွန်ုပ်တို၏ ခန္ဓာများကိုလည်း ဂရုစိုက်တော်မူ၏။ ၎င်းတိုသည် သခင်ယေရှုအတွက် အရေးပါသည်။ ထိုကြောင့် သခင်ယေရှုသည် ဤမြင်သာသော၊ ထိတွေ့နိုင်သော၊ အရ သာရှိသော ပုံသဏ္ဌာန်ဖြင့် ကျွန်ုပ်တိုအား မိမိကိုယ်ကို ပေးသနားတော်မူ၏။ သခင်ယေရှုပြန်ကြွလာခြင်းမပြုမီ ဤနှစ်များအတွင်း ကျွန်ုပ်တိုအား ကူညီရန် နောက်ထပ်နှစ်သိမ့်မှုကို ပေးသနားတော်မူ၏။သခင်ယေရှုသည်ကျွန်ုပ်တိုအားကိုယ်တော်တိုင်ပေးသနားတော်မူခြင်းဖြင့်ကျွန်ုပ်တို၏ခန္ဓာကိုယ်များအတွက်လည်းအခြေခံအုတ်မြစ်ဖြစ်လာသည်။ ကျွန်ုပ်တို၏အစားအစာအဖြစ် မိမိ၏ခန္ဓာကို ပေးသနားတော်မူခြင်းဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သူနှင့် ထာဝရပေါင်းစည်းစေသည်။ ကျွန်ုပ်တို စိတ်ကူးနိုင်သည်ထက် ပိုမိုနီးကပ်စွာ ပေါင်းစည်းပေးတော်မူသည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူပြီး သေခြင်းမှ ထမြောက်တော်မူသော သခင်ယေရှု၏ ခန္ဓာကိုယ်နှင့် အသွေးတော်သည် ထာဝရကျွန်ုပ်တို ၏မူပိုင်ဖြစ်ပြီး ကျွန်ုပ်တိုသည်လည်း ဘုရားသခင် ၏မူပိုင်များဖြစ်ကြသည်။ဆုတောင်းချက်။ ။ကျေးဇူးတင်ပါ၏၊ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• အဘယ်ကြောင့် ပွဲတော်မင်္ဂလာဝတ်ကို မိတ်ဆွေ ခံယူသနည်း။• သမ္မာကျမ်းစာကိုဖတ်ပြီး တရားဟောချက်များကို နားထောင်ရုံဖြင့် လုံလောက်ပါသလား။• သခင်ယေရှုသည် မိတ်ဆွေထံ ဤမျှနီးကပ်လာပါက မိတ်ဆွေအပေါ်ထားရှိသော သခင်ယေရှု၏စိတ်သဘောတော်များအကြောင်း မည်သည်ကိုပြောပြသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
April 01, 20261st April_Lenten Devotions 2026 _ WOHအမှုပြီးပြီ။ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၃၀)မည်သည့်အမှုပြီးမြောက်သွားသနည်း။။ အထင်ရှားဆုံးမှာ သခင်ယေရှု၏ဒုက္ခဝေဒနာများ ပြီးဆုံးသွားပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံသူ၏ ဝိ ညာဉ်ကို အပ်နှံပြီး အသက်စွန့်တော်မူသည်။သိုရာတွင် သခင်ယေရှုသည် ထိုအမှုအရာထက်ပိုသောအဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့သည်ဟု ကျွန်တော်ထင် သည်။ ဤလောကထဲသို ကြွလာတော်မူခဲ့သောအရာအားလုံး၊ လူ့ဇာတိခံယူ၍ ကလေးငယ်တစ်ယောက်အနေဖြင့် ပဋိသန္ဓေတည်ပြီး မွေးဖွားလာခြင်း၊ သာ မန်မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့ခြင်း၊ ထိုနောက် ဆောင်ရွက်ခဲ့သောဓမ္မအမှုတော်များ- သိုးထိန်းမရှိသောသိုးကဲ့သိုဖြစ်နေသောလူတိုကို သွန်သင်ပေးခြင်း၊ ကုသပေးခြင်းနှင့် ဂရုစိုက်ပေးခြင်းစသည့် ကြိုးစားအားထုတ်မှုအားလုံးပြီးမြောက်တော်မူခဲ့ပြီ။ ခရစ်ယာန်အသင်းတော်၏ အုတ်မြစ်ဖြစ်လာမည့်၊ ကျွန်ုပ်တို၏ကယ်တင်ရှင် သခင်ယေရှု၏သတင်း စကားကို ကမ္ဘာတစ်ဝှမ်းသို သယ်ဆောင်သွားရန် တာဝန်ရှိသော တပည့်များကို နှစ်ပေါင်းများစွာ လေ့ ကျင့်ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုအရာအားလုံးသည် ယခုပြီးဆုံးသွားလေပြီ။ထိုထက်ပိုသော အကြောင်းအရာများရှိသေး၏။ ဘုရားသခင်သည် ဤကမ္ဘာကြီးကို လူတိုကိုမဖန်ဆင်းမီကအခြေအနေ၊ လူတို အပြစ်ထဲ မကျရောက်ခင် ထိုအချိန်အခိုက်အတန့်ကို သိမြင်ခဲ့တော်မူသည်။ ထိုကြောင့် ဘုရားသခင်မှ မေတ္တာတော်ဖြင့် ဒုက္ခခံစားရမည့်ခိုက်အတန့်ကို ဖြတ်သန်းဖို ရွေးချယ်တော်မူခဲ့ သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တိုသည် ဘုရား သခင်ကို သိကျွမ်းသော အသိဥာဏ်ကို သယ်ဆောင်ပြီး၊ သခင်ယေရှုကြွလာမည့်လမ်းကိုပြင်ဆင်ပေးသော တရားသူကြီးများ၊ ပရောဖက်များနှင့် သာမန်လူများအားလုံးမှတစ်ဆင့် အမှုတော်ကို ပြီးမြောက်စေတော်မူခဲ့သည်။ ဘုရားသခင်မှ သူတိုအားလုံး၏ အသက်တာထဲမှတစ်ဆင့် ဤအမှုပြီးဆုံးရသော အ ခိုက်အတန့်အထိ စဥ်ဆက်မပြတ်လုပ်ဆောင်တော်မူသည်။ ယခု ထိုအမှုအရာအားလုံးလည်း ပြီးဆုံးပြီး ပြည့်စုံသွားလေပြီ။သခင်ယေရှုရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်းမတိုင်မီ အနားယူမည့် အချိန်တိုလေးရှိလိမ့် မည်။ ထိုနောက် လူမျိုးအပေါင်းတိုကို စုဝေးစေသောအမှုတော်ကိုစတင်မည်ဖြစ်ပြီး သခင်ယေရှုသည် ဘုန်းအသရေဖြင့် ကမ္ဘာမြေသို ပြန်၍ကြွလာပြီး ကျွန်ုပ်တိုအားလုံးကို ကောင်းကင်အိမ်သိုပြန်ခေါ်ဆောင်လာမည်အချိန်ထိ ဘူရားသခင်လုပ်ဆောင်ပေးတော်မူမည်။ သိုသော် ယခုတော့ မဟုတ်သေးပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အမှုတော်များအ တွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ရှည်လျားသောအစီအစဉ်တစ်ခု အောင်မြင်သွားပါကမည်သိုခံစားရသနည်း။• ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် ဤအရာနှင့်ပတ်သက်၍ မည်သိုခံစားရမည်ဟုထင်သနည်း။• ယခု ကျွန်တော်တို မျှော်လင့်နေသော "အမှုပြီးပါပြီ" ဟူသော အခိုက်အတန့်မှာ အဘယ်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 31, 202631st March_Lenten Devotions 2026 _ WOHပုံးရည်အင်္ဂါနေ့၊ မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတိုသည် ရေမှိတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သိုကပ်ထားကြ၏။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊အမှုပြီးပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၁၉:၂၈-၃၀က)သူတို သခင်ယေရှုကို ကမ်းပေးသောပုံးရည်အ ကြောင်း ကျွန်တော် တွေးမိသည်။ အဘယ်ကြောင့်ဆိုသော်ပုံးရည်ကို ကျွန်တော်တို နည်းလမ်းနှစ်မျိုးဖြင့် ယူဆနိုင်သည်။ ဆာလံ ၆၉:၂၁ တွင်ရေးထားသည့် အတိုင်းလှောင်ပြောင်မှုတစ်မျိုးဟုယူဆနိုင်ပါသည်။ ထိုအမှုအရာသည် သခင်ယေရှု၏အမှုတော်မြတ်ကို ပြီးပြည့်စုံစေမည့် ကျမ်းစာချက် ဖြစ်သည်။ သိုမ ဟုတ် ကရုဏာပြသသည့် လုပ်ရပ်တစ်ခုအဖြစ် ယူဆနိုင်သည်။ ပုံးရည်သည် ရောမစစ်သားများ သောက်ခဲ့သော posca ဖြစ်နိုင်ခြေများပြီး အရသာသည်လည်း ထိုနည်း၄င်းပင်ဖြစ်လိမ့်မည်။ သူတိုသည် သ ခင်ယေရှုကို အနည်းငယ် ပို၍သက်တောင့်သက်သာရှိစေရန် သူတို၏အရက်ကို ကမ်းပေးခြင်းဖြစ်လိမ့်မည်။မည်သိုပင်ဆိုစေကာမူသခင်ယေရှုလက်ခံတော်မူခဲ့သည်။ဤသည်ကမိမိအသက်မစွန့်မီနောက်ဆုံးပြုရမည့်ဝတ်ဖြစ်သည်။အဘယ်ကြောင့်နည်း။ဤသည်ကတပည့်တော်များကိုပထမဆုံးအကြိမ် ပွဲတော်မင်္ဂလာပေးပြီးနောက်မိန့်တော်မူခဲ့သော စကားနှင့် ဆက်စပ်နေသည်ဟု ကျွန် တော်ထင်သည်။ “ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။" (လုကာ ၂၂:၁၈)ယခုအခါသခင်ယေရှုအသက်စွန့်ရမည့်အချိန်အနည်းငယ်သာလိုတော့သည်နှင့်အမျှဘုရားသခင်၏နိုင်ငံတော်သည်ကျွန်တော်တို၏မှောင်မိုက်ခြင်းနှင့်အပြစ်နှင့်ပြည့်သောကမ္ဘာကြီးထဲသိုဤအချိန်၊ဤအခိုက်အတန့်မှာပင်အလျင်အမြန်ဝင်ရောက်လာတော့မည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် သခင်ယေရှုသည်သေခြင်းထဲမှထမြောက်သောအခါကောင်းဘကင်နိုင်ငံတော်၏ဘုန်းအသရေသည်နေကဲ့သိုထွန်းလင်းတော်မူလိမ့်မည်။သခင်ယေရှုကိုယုံကြည်ကိုးစားကြသောကျွန်တော်တိုသည်ဝမ်းမြောက်ခြင်းနှင့်ကောင်းချီးမင်္ဂလာများဖြင့်ကောင်းကင်နိုင်ငံတော်တွင် ထာဝရနေထိုင်ကြရလိမ့်မည်။ဆုတောင်းချက်။ ။ကိုယ်တော်၏နိုင်ငံတော်ကို ကျွန်ုပ်တိုထံ ယူဆောင်လာပေးသည့်အတွက် ကျေးဇူးတင်ပါ၏ သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်၏နိုင်ငံတော်အကြောင်း စဉ်းစားသည့်အခါ ဘာကို တွေးမိသနည်း။• ကျွန်ုပ်တိုမသေဆုံးမီ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ၏နိုင်ငံတော်သည် ယခုပင် မည်သိုထင်ရှားတော်မူသနည်း။• ဘုရားသခင်၏နိုင်ငံသားများအနေဖြင့် နိုင်ငံတော်ထဲသို အဘယ်သိုဝင်ရောက်နိုင်မည်နည်း။ သခင်ယေရှု နှင့် အဘယ်သို သက်ဆိုင်တော်မူသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 30, 202630th March_Lenten Devotions 2026 _ WOHမှောင်မိုက်တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ (ရှင်မဿဲ ၂၇: ၄၅-၄၆)သခင်ယေရှုမှ ဘုရားသခင်ကို “အကျွန်ုပ်ဘုရား၊အ ကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟု အော်ဟစ်ခဲ့သည်ကို ကျွန်တော်ဝမ်းသာ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တိုအားလုံး အသက်ရှင်နေထိုင်ကြသူတိုင်းသည် နှလုံး သားထဲမှ ထိုနည်းတူညည်းတွားလျှက် အချိန်ကို ဖြတ်သန်းရလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ချစ်ရသူတစ်ယောက်ကို ဆုံးရှုးလိုက်ရသည့်အခါ၊ သိုမ ဟုတ် ဆက်ဆံရေးပျက်သွားသည့်အခါ၊ ဆိုးရွားသောရောဂါရှာဖွေတွေ့ရှိမှုရသည့်အခါ၊ တစ်နှစ်လုံး မကောင်းမှုများ ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ရပြီး အခြေ အနေကို မခံနိုင်တော့သည့်အခါ ထိုနည်းတူစွာ ငိုကြွေးဖူးကြလိမ့်မည်။ထိုနောက် ကျွန်တော်တို၏ မှောင်မိုက်ထဲမှ ဘုရား သခင်ထံ အော်ဟစ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အော်ဟစ်ရန် အခြားမည်သူမျှကျွန်တော်တိုတွင်မရှိသောကြောင့်ဖြစ်သည်။သခင်ယေရှုသည် ကျွန်တော်တို၏မှောင်မိုက်ကို မျှ ဝေခဲ့သောကြောင့် သိတော်မူ၏။ ဆုတောင်းသော် လည်း အဖြေမရခြင်း၊ ဘုရားသခင်မရှိဟု ဘုရားသ ခင်၏မျက်မှောက်တော်၌ ပြင်းထန်စွာခံစားရခြင်း အကြောင်းကိုလည်း သခင်ယေရှုသိတော်မူ၏။ ကျွန်တော်တိုတွေ့ကြုံခံစားရသမျှကိုသခင်ယေရှုသိတော်မူ၏။ သခင်ယေရှုသည် ဆာလံကျမ်းအခန်းကြီး ၂၂ မှနှုတ်ကပတ်တော်အားဖြင့် ဟစ်အော်တော်မူ၏။ဤသည်က ကျွန်တော့်ကို နှစ်သိမ့်မှုပေးသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသာ ထိုသိုဟစ်ကြွေးနိုင်ပါက ကျွန်တော်သည်လည်း ဟစ်ကြွေးနိုင်မည်။ သခင်ယေရှု၌ ထိုခံစားချက်များ ရှိပါက ကျွန် တော်၌လည်း ရှိနိုင်သည်။ ကျွန်တော့်အသက်တာ ၏ အမှောင်ဆုံးအချိန်မှာပင် လူသားတစ်ယောက်အနေဖြင့် လူ့ဇာတိခံယူတော်မူသောဘုရားသခင်ကိုယ် တော်တိုင် ကျွန်တော်၏ရှေ့တွင် ရှိနေကြောင်းကို ကျွန်တော်သိမြင်ခံစားရသည်။ ဘုရားသခင်ကို ကျွန်တော် မမြင်နိုင်၊ မခံစားနိုင်သည့်အချိန်မှာပင်ယခု ကျွန်တော်နှင့်အတူ သခင်ယေရှုရှိနေတော်မူသည်။ ထိုအပြင် ကျွန်တော့်ကို လဲကျခွင့်ပေးတော်မမူ။ဆုတောင်းချက်။ ။အကျွန်ုပ်၏မှောင်မိုက်ထဲ၌ သ ခင်၊ အကျွန်ုပ်ကို စကားပြောတော်မူပါ။ အကျွန်ုပ်နှင့်အတူရှိတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုမှ ပုံမှန် “ခမည်းတော်” ဟုမဟုတ်ဘဲ “အ ကျွန်ုပ် ဘုရား” ဟု ဤနေရာတွင် မိန့်တော်မူရသည် မှာ အဘယ်ကြောင့်ဟု ထင်သနည်း။• ဆာလံ ၂၂ ကိုဖတ်ပါ။ ၎င်းတွင် သခင်ယေရှုကို အဘယ်အရာက အမှတ်ရစေတော်မူသနည်း။• မိတ်ဆွေ၏အမှောင်ဆုံးအချိန်များ၌ အဘယ်သူသည် မိတ်ဆွေအတွက် ရှိနေပေးခဲ့သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 29, 202629th March_Lenten Devotions 2026 _ WOHနောက်ဆုံးဖွင့်ပြသောသမ္မာတရားသဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။(ရှင်လုကာ ၁၉:၃၅-၃၆၊ ၃၇ခ-၃၈)မိမိသည်ဂျေရုဆလင်မြိုသိုနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ရခြင်းဖြစ်ကြောင်းကိုသခင်ယေရှုသိထားတော်မူ၏။မွေးကင်းစကလေးငယ်တစ်ဦးအ နေဖြင့် ဗိမာန်တော်၌ ဘုရားသခင်ထံ ဆက်ကပ်ခံရစဉ်က၊ ငယ်ရွယ်စဉ်က ဆရာများကို မိမိ၏ဥာဏ်ပညာအားဖြင့် အံ့အားသင့်စေခဲ့သည့်အချိန်က၊ ဗိ မာန်တော်ဝင်းအတွင်းရှိ ကုန်သည်များကို ဗိမာန်တော်သန့်စင်စေရန် မောင်းထုတ်ခဲ့စဥ်က စသည်ဖြင့်ဤမြိုသို ယခင်က အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူး သည်။ သိုသော် ဤတစ်ကြိမ်သည် နောက်ဆုံးအ ကြိမ်ဖြစ်ပြီး အသေခံဖိုရန် သခင်ယေရှု ကြွလာတော်မူသည်။ထိုကြောင့် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် မိမိ ၏မြိုသို ရှင်ဘုရင်၊ မေရှိယအဖြစ် ထင်ရှားစွာ ကြွ လာတော်မူသည်။ ဇာခရိ ၉ တွင်ပါသော ပရောဖက်ပြုချက်ကို ပြည့်စုံစေဖိုရန် မြည်းတစ်ကောင်ကို ငှားလေသည်။ မိမိ၏နောက်တော်လိုက်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် မိမိ၏အကြောင်းသမ္မာတရားကို သူတို၏စိတ်ကြိုက်ကြွေးကြော်ခွင့်ပေးတော်မူသည်။ ထိုနောက် သူတိုသည် ဘုရားသခင်ကို ချီးမွမ်းပြီး “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း” ဟု ကြွေးကြော်ကြသည်။ယခုတွင် သမ္မာတရားသည် ထွက်ပေါ်လာပြီ။ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားရှိသူတိုင်းအတွက်ဖြစ်သည်။ အချိုက ယုံကြည်ကြလိမ့်မည်။ အချိုက ငြင်းပယ်ပြီး ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ကြလိမ့်မည်။ သိုသော် ထိုအရာများပင်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖြည့် ဆည်းပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ အသေခံခြင်းကို အသုံးပြု၍ ဘုရားသခင် သည် မိမိ၏လူအပေါင်း၊ သခင်ယေရှုကို ယုံကြည်ကိုးစားလိုသူတိုင်းကို ကယ်တင်တော်မူလိမ့်မည်။ သုံးရက်အကြာတွင် မိမိ၏ ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သေခြင်းထဲမှ ကယ်တင်ပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းခံရသော လူမျိုးအဖြစ် ဘုရားသခင်၏ ကောင်းကင်ယေရုရှလင်မြိုသို ပိုဆောင်ပေးလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ အကျွန်ုပ်သည်စိတ် နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို သိကျွမ်းပြီး ချစ်တတ်သောသူဖြစ်စေရန် သွန်သင်တော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခု သခင်ယေရှုသည် မိမိမည်သူဖြစ်တော်မူကြောင်းသမ္မာတရားကို နောက်ဆုံးတွင် သူ၏နောက် လိုက်များကို ကြွေးကြော်ခွင့်ပြုခဲ့သည်မှာအဘယ် ကြောင့်ဟု ထင်သနည်း။• သခင်ယေရှုသည် အဘယ်ကြောင့် စစ်မြင်းတစ်ကောင်အစား နှိမ့်ချသောမြည်းတစ်ကောင်ကို ရွေး ချယ်တော်မူရသနည်း။• သခင်ယေရှုကို ပို၍သိကျွမ်းလာအောင် မည်သိုသင် ယူနေပါသနည်း။နောက်ဆုံးဖွင့်ပြသောသမ္မာတရားသဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။(ရှင်လုကာ ၁၉:၃၅-၃၆၊ ၃၇ခ-၃၈)မိမိသည်ဂျေရုဆလင်မြိုသိုနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ရခြင်းဖြစ်ကြောင်းကိုသခင်ယေရှုသိထားတော်မူ၏။မွေးကင်းစကလေးငယ်တစ်ဦးအ နေဖြင့် ဗိမာန်တော်၌ ဘုရားသခင်ထံ ဆက်ကပ်ခံရစဉ်က၊ ငယ်ရွယ်စဉ်က ဆရာများကို မိမိ၏ဥာဏ်ပညာအားဖြင့် အံ့အားသင့်စေခဲ့သည့်အချိန်က၊ ဗိ မာန်တော်ဝင်းအတွင်းရှိ ကုန်သည်များကို ဗိမာန်တော်သန့်စင်စေရန် မောင်းထုတ်ခဲ့စဥ်က စသည်ဖြင့်ဤမြိုသို ယခင်က အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူး သည်။ သိုသော် ဤတစ်ကြိမ်သည် နောက်ဆုံးအ ကြိမ်ဖြစ်ပြီး အသေခံဖိုရန် သခင်ယေရှု ကြွလာတော်မူသည်။ထိုကြောင့် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် မိမိ ၏မြိုသို ရှင်ဘုရင်၊ မေရှိယအဖြစ် ထင်ရှားစွာ ကြွ လာတော်မူသည်။ ဇာခရိ ၉ တွင်ပါသော ပရောဖက်ပြုချက်ကို ပြည့်စုံစေဖိုရန် မြည်းတစ်ကောင်ကို ငှားလေသည်။ မိမိ၏နောက်တော်လိုက်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် မိမိ၏အကြောင်းသမ္မာတရားကို သူတို၏စိတ်ကြိုက်ကြွေးကြော်ခွင့်ပေးတော်မူသည်။ ထိုနောက် သူတိုသည် ဘုရားသခင်ကို ချီးမွမ်းပြီး “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း” ဟု ကြွေးကြော်ကြသည်။ယခုတွင် သမ္မာတရားသည် ထွက်ပေါ်လာပြီ။ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားရှိသူတိုင်းအတွက်ဖြစ်သည်။ အချိုက ယုံကြည်ကြလိမ့်မည်။ အချိုက ငြင်းပယ်ပြီး ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် ရိုက်သတ်ကြလိမ့်မည်။ သိုသော် ထိုအရာများပင်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖြည့် ဆည်းပေးလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ အသေခံခြင်းကို အသုံးပြု၍ ဘုရားသခင် သည် မိမိ၏လူအပေါင်း၊ သခင်ယေရှုကို ယုံကြည်ကိုးစားလိုသူတိုင်းကို ကယ်တင်တော်မူလိမ့်မည်။ သုံးရက်အကြာတွင် မိမိ၏ ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သေခြင်းထဲမှ ကယ်တင်ပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းခံရသော လူမျိုးအဖြစ် ဘုရားသခင်၏ ကောင်းကင်ယေရုရှလင်မြိုသို ပိုဆောင်ပေးလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ အကျွန်ုပ်သည်စိတ် နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို သိကျွမ်းပြီး ချစ်တတ်သောသူဖြစ်စေရန် သွန်သင်တော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခု သခင်ယေရှုသည် မိမိမည်သူဖြစ်တော်မူကြောင်းသမ္မာတရားကို နောက်ဆုံးတွင် သူ၏နောက် လိုက်များကို ကြွေးကြော်ခွင့်ပြုခဲ့သည်မှာအဘယ် ကြောင့်ဟု ထင်သနည်း။• သခင်ယေရှုသည် အဘယ်ကြောင့် စစ်မြင်းတစ်ကောင်အစား နှိမ့်ချသောမြည်းတစ်ကောင်ကို ရွေး ချယ်တော်မူရသနည်း။• သခင်ယေရှုကို ပို၍သိကျွမ်းလာအောင် မည်သိုသင် ယူနေပါသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 28, 202628th March_Lenten Devotions 2026 _ WOHမည်သည့်အခါမျှ လက်လှမ်း၍မမီသော။စနေနေ့၊ မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတိုကိုလည်းကောင်း၊ ကယ်တင်လော့ဟုကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတိုသည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၃၉-၄၃)ထိုလူအကြောင်း ကျွန်တော် တွေးမိသည်။ သူတိုနှစ်ယောက်စလုံး လွတ်လပ်နေခဲ့သည့်အချိန်က သခင် ယေရှုနှင့် တွေ့ခဲ့ဖူးကြမည်လား။ တွေ့ဆုံခဲ့ဖူးသည့်အ တွက် သူသေဆုံးခါနီးမှသာ ယုံကြည်ခြင်းမျိုးစေ့က ကြီးထွားလာခြင်းလား။ သိုမဟုတ် သူတိုနှစ်ဦးစလုံး လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲခံထားရသည့်အချိန်မှသာ သခင်ယေရှုထံမှသူတိုအထင်ကြီးစရာများကို မြင်တွေ့ခဲ့ရသောကြောင့်လား။မည်သိုပင်ဆိုစေကာမူ အလုပ်ဖြစ်ခဲ့သည်။ ထိုအပြင် ကျွန်ုပ်၏အသက်တာထဲ၌ ကျွန်ုပ်ဂရုစိုက်သောလူတချိုအတွက် မျှော်လင့်ချက်ဖြစ်စေသည်။ ကျိုးပဲ့နေသော၊ လမ်းပျောက်နေသော၊ ဘုရားသခင်ကို စိတ်မဝင်စားသော လူတိုအတွက်လည်း မျှော်လင့်ချက်ကိုဖြစ်စေသည်။ သခင်ယေရှုသည် မိမိ၏ဘေးနှစ်ဖက် ၌ ချိတ်ဆွဲထားခံရသောရာဇဝတ်သားကို ကယ်တင်နိုင်မည်ဆိုပါက ကျွန်ုပ်တိုစိုးရိမ်ပေးနေရသော ထိုလူတိုထံသိုလည်း ကယ်တင်ခြင်းရောက်နိုင်ပါသည်။အဘယ်သူကမျှ သခင်ယေရှု၏လက်လှမ်းမမီသောနေရာတွင် ရှိမနေကြပါ။မည်သူမျှ သခင်ယေရှု၏မေတ္တာတော်နှင့် ကင်းကွာမနေပါ။ သခင်ယေရှုသည် ကိုယ်တော်တိုင် သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်၌ပင် မိမိလက်လှမ်းမီသောလူတိုင်းကို ကယ်တင်နိုင်ရန် ကြိုးစားအားထုတ်နေတော်မူ၏။ဤသူသည် ခမည်းတော်ထံသိုပြန်မည့် သခင်ယေရှုနှင့်အတူ ဘုရားသခင်၏ နိုင်ငံတော်ထဲသို လျှောက်လှမ်းဝင်ရောက်မည့် ပထမဆုံးသူဖြစ်လိမ့်မည်။ သ ခင်ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် ကယ်တင်ခြင်းခံရသော ဘီလီယံနှင့်ချီသောလူတိုတွင် ပထမဆုံးသူဖြစ်သည်။ သိုသော် သူသည် ကယ်တင်ခြင်းခံရသောနောက်ဆုံးသူမဟုတ်ပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ............အတွက် စိုးရိမ်ပူပန်ပါ၏။ ကျွန်ုပ်ဂရုစိုက်ကူညီနေသော ဤသူထံသို ကိုယ်တော်၏ကရုဏာတော်နှင့် အသက်သစ်သည် သက်ရောက်မှုရှိစေတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ခရစ်ယာန်မဟုတ်သူများကို ကောင်းစွာသိကျွမ်းပါသလား။• သိကျွမ်းခြင်းမရှိပါက တစ်ချိုကို အဘယ်သိုသိ ကျွမ်းပြီး ချစ်နိုင်မည်နည်း။• ထိုသိုဆိုပါက သူတိုကို ဘုရားသခင်၏အနီးအပါးသိုရောက်စေရန် မိမိကိုအသုံးပြုပါဟု ဘုရားသခင်ထံ တောင်းဆိုပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 48 episodes available.