Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို... more
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 29 episodes available.
February 26, 202626th February_Lenten Devotions 2026 _ WOHဟောရှဏ္ဏ။ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၂၆ ရက်၊၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို ဝင်တော်မူပြီးလျှင်၊ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတိုကို နှင်ထုတ်၍၊ ငွေလဲသောသူတို၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတိုသည် အထံတော်သိုလာ၍ သူတို အနာရောဂါကို ငြိမ်းစေတော်မူ၏။ ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတိုကိုလည်းကောင်း၊ သူငယ်တိုကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုသည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတိုသည် အဘယ်သိုပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နိုစိုသူငယ်တို နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တိုသည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၁:၁၂၊ ၁၄-၁၆)"ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း" ဟူသောသူငယ်တို၏ ကြွေးကြော်သံကြောင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှုထံစုဝေးလာကြသည်မှာ စိတ်ဝင်စားရာကောင်းလှသည်။ သူတို သည် ဗိမာန်တော်ထဲမှကုန်သည်များကို သခင်ယေရှုမောင်းထုတ်ခဲ့သောကြောင်း၊ လူတိုကို ကုသပေးခဲ့သည်များကို မြင်တွေ့ခဲ့ရသော်လည်း မဖော်ပြကြပါ။ဒါဝိဒ်မိသားစုမှ ဆင်းသက်သောကတိထားရာမေရှိယအဖြစ် ယေရှုကို အသိအမှတ်ပြုနေသော ကလေးများအတွက် ညည်းညူရသည်က လုံခြုံသည်ဟု သူတိုခံစားရပုံရသည်။သခင်ယေရှုသည် ဘာသာရေးခေါင်းဆောင်များအား ဤသိုဆက်ဆိုထားသော ဆာလံ ၈:၂ခ ကို ရည်ညွှန်းပြီး " ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ" ပြုတော်မူ၏။ သခင်ယေရှု၏အဆိုအရ ကလေးများ၏ချီးမွမ်းခြင်းသည် ဘုရားသခင်ထံမှ တိုက် ရိုက်လာသည်ဖြစ်၍ ညည်းညူမှုများသည် ဘုရား သခင်၏ရန်သူများထံမှ လာခြင်းဖြစ်သည်။အံ့သြစရာတော့မဟုတ်ပါ။ကလေးများကြွေးကြနေသည်မှာ"ဟောရှဏ္ဏ"ဟူ၍ဖြစ်သည်။အဓိပ္ပာယ်မှာ"ကျွန်ုပ်တိုကိုကယ်တင်ပါ!"ဟူ၍ဖြစ်သည်။သခင်ယေရှုသည် သူတိုနှင့်ကျွန်ုပ်တိုအားလုံးကို ကယ် တင်ဖိုရန် အမှန်ကြွလာတော်မူသည်။ သခင်ယေရှု၏ အသေခံခြင်းအားဖြင့် မာရ်နတ်အပါအဝင်ဘုရားသခင်၏ရန်သူများ၏တန်ခိုးကိုရိုက်ချိုးဖျက်ပြီး၊ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ယုံကြည်ကိုးစားသောဘုရားသခင်၏သားသမီးအားလုံးကို ထာဝရအသက်ပေးတော်မူမည်။ဆုတောင်းချက်။ ။ကျွန်ုပ်ကို ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှု နှင်ထုတ်လိုက်သောကုန်သည်များအ ကြောင်းကို ခေါင်းဆောင်များက အဘယ်ကြောင့်မပြောကြသနည်း။• သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ကလေးများသည် အဘယ်က သိလာကြသနည်း။• ဘုရားသခင်ကို မည်သည့်အချိန်၌ မည်သိုချီးမွမ်းတော်မူမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 25, 202625th February_Lenten Devotions 2026 _ WOHအလျင်အမြန်။ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။ကျမ်းချက်။ ။ယေရုရှလင်မြိုသို တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တိုရှေ့၌ ကြွတော်မူစဉ်၊ သူတိုသည် မိန်းမောတွေဝေ၍ ကြောက်ရွံသောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတိုကို တစ်ဖန်ခေါ်၍၊ ငါတိုသည်ယေရုရှလင်မြိုသို ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုလက်သို ရောက်လိမ့်မည်။ ထိုသူတိုသည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတိုလက်သို အပ်နှံကြလိမ့်မည်။ သူတိုသည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတိုကို တပည့်တော်တိုအား မိန့်တော်မူ၏။(ရှင်မာကု ၁၀:၃၂-၃၄)သခင်ယေရှု၏နောက်လိုက်များမိန်းမောတွေဝေ၍ ကြောက်စိတ်ရှိသည်ကိုကြားသိရသော်လည်း ကျွန် တော်မအံ့သြမိပါ။ ကျွန်တော်လည်း ကြောက်စိတ်ရှိမည်သာဖြစ်သည်။ သခင်ယေရှုမှ သူခံယူတော်မူရ မည့်ဒုက္ခဝေဒနာနှင့်သေခြင်းအကြောင်း အားလုံးကို တစ်ကြိမ်မက ကျွန်တော့်ကိုပြောပြမည်ဆိုပါက မိန်းမောတွေဝေ၍ ကြောက်စိတ်ရှိမည်သာဖြစ်သည်။(ရှင်မာကု ၈:၃၁၊ ၉:၃၁ ကိုဖတ်ပါ)သိုသော် ထူးဆန်းသည်မှာ သခင်ယေရှုသည် ထိုနေ ရာကိုရောက်ဖို အလျင်စလိုဖြစ်နေပုံရသည်။ တပည့်တော်တို၏ အရှေ့မှ သခင်ယေရှု လျှောက်တော်မူသည်။ သခင်ယေရှုကို ကွပ်မျက်ဖို မည်သူတိုကအ လျင်စလိုလုပ်နေကြသနည်း။သခင်ယေရှုက တရားဟောနေစဉ် “ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏” ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၂:၅၀)ယုဒရှကာရုတ်သည် သခင်ယေရှုကို အပ်နှံရန်သွားသောအခါ “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၃:၂၇)ဒုက္ခဆင်းရဲများကို အဆုံးသတ်လိုခြင်းမှာ လူသားဆန်သောကိစ္စဖြစ်သည်။ သခင်ယေရှုသည်လည်း ကျွန်ုပ်တိုနည်းတူ လူသားတစ်ဦးဖြစ်တော်မူသည်။ သိုရာတွင် အလျင်စလိုလုပ်ဆောင်ရခြင်းထက်ပိုသော အဓိပ္ပါယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သ ခင်ယေရှုသည် ချစ်တော်မူသောကျွန်ုပ်တိုအားလုံးကို၊ မာရ်နတ်၏မကောင်းမှုတန်ခိုးမှ ကယ်တင်ဖိုရန် တာဝန်ပေးအပ်ခံထားသူဖြစ်တော််မူသည်။ သခင်ယေရှုမှ သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တိုကို လွတ်မြောက်စေပြီး အသက်သစ်ကိုပေးနိုင်မည်ဖြစ်ကြောင်းကိုသိထားတော်မူသည်။ သခင်ယေရှုအလျင်စလိုလုပ်ဆောင်နေရခြင်းမှာ အံ့သြစရာမရှီပါ။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ကို ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-1. ဒုက္ခခံရသည့်အခါ မြန်မြန်သွားပါသလား၊ သိုမဟုတ် တွန့်ဆုတ်နေပါသလား။2. သခင်ယေရှုသည် သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် မည်သည့်ကောင်းသောအရာများကို ကျွန်ုပ်တိုအား ပေးသနားတော်မူသနည်း။3. မိတ်ဆွေကို ထာဝရအသက်ပေးရန်အတွက် လိုအပ်သမျှကို သခင်ယေရှုလုပ်ဆောင်ပြီးဖြစ်ကြောင်း သိရှိသောအခါ ယခု မည်သိုခံစားရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 24, 202624th February_Lenten Devotions 2026 _ WOHသခင်ယေရှု၏စကားကို နားထောင်ပါ။အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၂၄ ရက်၊၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ဆုတောင်းတော်မူစဉ်တွင် မျက် နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင် ရှား၍၊ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအ ရာကို ပြောကြ၏။ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့ သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော် ဖြစ်လေ၏။ (ရှင်လုကာ ၉:၂၉၊ ၃၀-၃၁၊ ၃၃က၊ ၃၄၊ ၃၅)ပေတရုသည် “ထိုသူတို့သည်အထံတော်မှ သွားကြစဉ်” တဲများအကြောင်း အကြံပြုခဲ့သည်။ အ ကြံပြုရသည့်အကြောင်းအရင်းမှာ သူတို့နှုတ် ဆက်နေသည်ဖြစ်ကြောင်းကို သဘောပေါက်ပြီး ထိုသူတို့၏ခွဲခွါခြင်းကို တားမြစ်လိုခဲ့ပုံရသည်။ ထိုတောင်ပေါ်တွင် သခင်ယေရှု၊ အခြားသူများနှင့်အတူ ဘုန်းအသရေရှိသော အချိန်ကို ပေတရု ကြာရှည်စွာ ဖြတ်သန်းလိုခဲ့သည်။သို့သော် ပေတရုဆန္ဒရှိသလို ဖြစ်လာမည်မ ဟုတ်ပါ။ ကျွန်ုပ်တို့၏အသက်တာ၌ပင် ဘုရား သခင်၏ဘုန်းတော်ကို ခဏတာ မြင်တွေ့ခဲ့ရသည်။ ထိုနောက် အိမ်မှုကိစ္စ၊ အလုပ်နှင့် ချိန်းဆိုမှုများ၏ အလယ် ပြန်ရောက်သွားကြသည်။ သို့မဟုတ် ပိုဆိုးသည်က ကျွန်ုပ်တို့သည် ကရာ နီလမ်းကို လျှောက်နေပြီး ဘုန်းတော်ကို ဝေးကွာသည့်အမှတ်တရတစ်ခုအဖြစ်သာအမှတ်ရနေသည့်ဒုက္ခတစ်မျိုးကို ရင်ဆိုင်နေရသည်။ထိုသို့ဖြစ်လာသောအခါ၊ ကျွန်ုပ်တို့လုပ်နိုင် သည်မှာ ဘုရားသခင်၏စကားကို နာခံရန်ဖြစ်သည်- “ဤသူသည် ငါရွေးချယ်သောသူ၊ ငါ၏ သားတော်ပေတည်း။ သူ့စကားကို နားထောင်ကြလော့!” သခင်ယေရှုသည် လက်ဝါးကပ်တိုင်သို့သွားရာလမ်းကို ကောင်းစွာသိတော်မူ၏။ သခင်ယေရှုသည် ဆင်းရဲဒုက္ခနှင့် သေခြင်းတရားကို သိတော်မူပြီး ရှင်ပြန်ထမြောက်ခြင်းကိုလည်း သိတော်မူ၏။ သခင်ယေရှု၏အစေခံများအနေဖြင့် ထိုလမ်းများကို လျှောက်လှမ်းရသောအခါ ကျွန်ုပ်တို့နှင့်အတူရှိမည်ဟု သခင်ယေရှုကတိပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေး နှုတ်တော်မူပြီ။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏လူများဖြစ်သည်။ဆုတောင်းချက်။ ။ သခင်ဘုရား၊ ဒုက္ခများ အ ကျွန်ုပ်ကို လွှမ်းမိုးနေချိန်တွင် ကိုယ်တော်၏ စ ကားကိုသာ နားထောင်ရန် ကျွန်ုပ်အား ကူညီတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိတ်ဆွေ၏အသက်တာထဲတွင် "ဘုန်းအသရေ" များကို အဘယ်သို့ကြုံတွေ့ခဲ့ရပါသနည်း။• သခင်ယေရှုမှ “ကျွန်သည် မိမိသခင်ထက် သာ ၍ကြီးမြတ်သည်မဟုတ်” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၅:၂၀ခ) ဤအချက်သည် ကျွန်ုပ်တို့၏အသက်တာထဲတွင် ကြုံတွေ့နေရသော နာကျင်မှုအကြောင်း မည်သည်ကိုပြောပြသနည်း။• မိတ်ဆွေ၏နေ့စဉ်အသက်တာတွင် သခင်ယေရှု ၏စကားကို အဘယ်သို့နားထောင်လျှက်ရှိသ နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 23, 202623rd February_Lenten Devotions 2026 _ WOHပုဂ္ဂိုလ်ရေးရာ။တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။တရံရောအခါ၊ ယေရှုသည် တပည့်တော်တိုနှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတိုသည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ လူအချိုက၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍ လည်းကောင်း၊ အချိုက၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချိုက၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ သင်တိုလည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေး မြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တိုကို ကြပ်တည်းစွာ ပညတ်တော်မူ၏။ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အ ကြောင်းများတိုကို မိန့်တော်မူ၏။ (ရှင်လုကာ ၉:၁၈-၂၂)သခင်ယေရှု၏ကိုယ်ပိုင်သီးသန့်အချိန်၌ ဖိတ်ခေါ်ခံရသော တပည့်တော်များ မည်သို ရှိခဲ့ကြမည်နည်းဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု တစ်ယောက်တည်း ဆုတောင်းနေခြင်းကိုဆိုလိုသည်။ "တပည့်တော်တိုနှင့်အတူ ရှိနေ ၏"ဟု ဖော်ပြထားသည်။ ထိုနောက် သခင်ယေ ရှု နှုတ်မြွတ်သော စကားတိုင်း၊ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုအားလုံးကိုသူတိုကြားခဲ့ကြမည်သာ။အဘယ်ကြောင့်ဆိုသော်ထိုကဲ့သိုသောအရပ်၌လူတိုသည်အမြဲအသံလွှင့်၍ဆုတောင်းတတ်ကြသည်။ သခင်ယေရှု၏ စိတ်နှလုံးရှိသမျှသွန်းလောင်းတော်မူသည့်အချိန်လည်းဖြစ်ခဲ့လိမ့်မည်။ခမည်းတော်နှင့် စကားပြောရန် အလွန်အရေး ကြီးသော အကြောင်းအရာအချို သခင်ယေရှု၌ ရှိနေသည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တိုကို အပြစ်နှင့်သေခြင်းထဲမှ ကယ်တင်ဖိုရန်မှာ သ ခင်ယေရှုတာဝန်ယူရမည့်စာရင်း၏ထိပ်ဆုံးတွင် ရှိနေမည်ဖြစ်သည်။ ပေတရုသည် သခင်ယေရှုကို “ခရစ်တော်” အဖြစ် ခွဲခြားသိမြင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ သခင်ယေရှုသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန်အတွက် ဒုက္ခခံယူရန်၊ အသက်စွန့်ရန်နှင့် သေခြင်းထဲမှ ထမြောက်ရန် စီစဉ်နေကြောင်း ပေတရု နားမလည်ပုံရသည်။ သခင်ယေရှု၏ ဆုတောင်းချက်ကို နားထောင်ခြင်းနှင့် နေ့စဉ် သခင်ယေရှုနှင့်အတူ နေထိုင်ခြင်းသည် ပေတရုအတွက် နားလည်ရန် မလုံလောက်ပါ။ မလုံ လောက်သေးပါ။ သိုသော် ကျွန်ုပ်တိုနားလည်ကြသည်။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုသည်ဤအရာများကိုကျွန်ုပ်တိုအတွက်လည်းပြုလုပ်ခဲ့သောကြောင့်ဖြစ်တော်မူသည်။ဆုတောင်းချက်။ ။မေတ္တာတော်ရှင်အဖ၊ အ ကျွန်ုပ်ကို ချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သီးသန့်ဆုတောင်းလေ့ရှိသလား။ သိုမဟုတ် တခြားသူများနှင့်အတူ ဆုတောင်းလေ့ရှိပါသ လား။• အဘယ်ကြောင့်နည်း။• သခင်ယေရှုမှ မိတ်ဆွေအတွက် ဆုတောင်းပေးနေသည်ကို ကြားလိုက ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၇၊ အထူးသဖြင့် အခန်းငယ် ၂၀ မှ ၂၆ အထိကို ဖတ်ပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 22, 202622nd February_Lenten Devotions 2026 _ WOHသခင်ယေရှု၏စိတ်နှလုံးကို သိကျွမ်းခြင်း။တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၂၂ ရက်၊၂၀၂၆ ခုနှစ်။ တနင်္ဂနွေနေ့ကျမ်းချက်။ ။သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြိုတွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏ မယ် တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အ ဘယ်သိုဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း၊ သူစေ ခိုင်းသမျှတိုကို ပြုကြလော့ဟု အစေခံတိုအားဆိုလေ၏။ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖိုအလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။ယေရှုကလည်း၊ ဤရေအိုးတိုကိုရေဖြည့်ကြဟု အစေခံတိုအား မိန့်တော်မူလျှင်၊ (ရှင်ယောဟန် ၂:၁က၊ ၃-၇က)မာရိ၏သားဖြစ်သူ သခင်ယေရှုအပေါ်ထားသော ယုံကြည်စိတ်ကို ကျွန်မ သဘောကျမိ သည်။ ဘုရားသခင်ထံ အကူအညီတောင်း သည့်အခါ သိုမဟုတ် ထူးဆန်းသောအဖြေတစ်ခုရသည့်အခါ ငြင်းခုံခြင်း၊မေးခွန်းများပြန်မေးခြင်းပင်မလုပ်ပါ။ အစေခံများကို "သူစေ ခိုင်းသမျှတိုကို ပြုကြလော့"ဟူ၍သာပြောခဲ့သည်။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotionသခင်ယေရှုသည် ထိုအမှုအရာကိုအသိအမှတ် ပြုတော်မူသည်။ ရေကို စပျစ်ရည်အဖြစ်သို ပြောင်းလဲခြင်းဖြင့် မိမိ၏ပထမဆုံးအံ့ဖွယ်အမှုကို ပြုတော်မူ၏။မင်္ဂလာပွဲကျင်းပသူ၏ဂုဏ်သတင်းကိုသခင်ယေရှုမှကယ်တင်ခဲ့သည်။သခင်ယေရှု၏နောက်တော်သိုလိုက်ခါစတပည့်တော်များသည်လည်း သခင်ယေရှုကို ယုံကြည်ကြသည်။မိမိစိတ်ချထားနိုင်ရသည်အထိ သားဖြစ်သူသခင်ယေရှု ပြုတော်မူမည့်အကြောင်း မိခင်မာရိသည် မည်သည်ကိုသိထားခဲ့ပါသနည်း။ သ ခင်ယေရှုသည် ကြင်နာတတ်သူ၊ ကိုယ်ချင်းစာစိတ်ရှိသူဖြစ်ကြောင်း၊ အဆုံးတိုင်တာဝန်ယူစိတ် ရှိကြောင်းကို မိခင်မာရိသိထားသည်။ ထိုသို အံ့ ဖွယ်နိမိတ်လက္ခဏာပြုမည်ကိုမူ သိထားလိမ့် မည် မဟုတ်ပါ။ သိုသော်သခင်ယေရှုသည် မေ တ္တာစိတ်ဖြင့် ပြုတော်မူမည်ဖြစ်ကြောင်း၊ ကူညီပေးမည်ဖြစ်ကြောင်းကို မိခင်မာရိသိထား သည်။နောက်ဆုံးသခင်ယေရှု၏အချိန်ရောက်သောအခါကျွန်ုပ်တိုအတွက်ဒုက္ခခံ၍အသေခံတော်မူရန်လက်ဝါးကပ်တိုင်သိုလျှောက်လှမ်းသည့်အခါ၌လည်း သခင်ယေရှုသည် ထိုနည်းတူပင်ပြုတော်မူခဲ့သည်။ (ယောဟန် ၁၇:၁ ကိုဖတ်ပါ) ကျွန်ုပ်တိုကို ချစ်သောကြောင့် မကောင်းမှု၏ တန်ခိုးမှ ကယ်တင်ပေးတော်မူခဲ့သည်။ သေခြင်းထဲမှ ရှင်ပြန်ထမြောက်တော်မူသောအခါသခင်ယေရှုကို ယုံကြည်ကိုးစားသော ကျွန်ုပ်တိုအားလုံးကို ထာဝရအသက်ပေးမည်ဟု ကတိ ထားတော်မူခဲ့သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏ စိတ်နှလုံးကို အကျွန်ုပ်သိကျွမ်းရပါ၏။ ကျွန်ုပ်ကိုကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မယ်တော်မာရိနှင့်သခင်ယေရှု နောက်ပိုင်းမှာ မည်သည်ကို အပြန်အလှန် ပြောဖြစ်ခဲ့ကြမည်နည်း။• သတိုသားမှ အဘယ်သိုမှတ်ချက်ချပြောဆိုခဲ့လိမ့်မည်နည်း။• မိမိရင်ဆိုင်နေရသော ပြဿနာကို သခင်ယေရှု ဘာပြောမည်ဟု ထင်သနည်း။ ယခုပင် မေးကြည့်ပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 21, 202621st February_Lenten Devotions 2026 _ WOHသခင်ယေရှု နားလည်တော်မူ၏။စနေနေ့၊ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတိုသည် ဘုရားသ ခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတိုကို ဆုံးမဩဝါဒ ပေးတော်မူ၏။ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။ ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တိုသည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သိုရာတွင် အမိန့်တော်ရှိလျှင် ပိုက် ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ထိုသိုချကြပြီးလျှင်၊ အလွန်များစွာသော ငါးတိုကို အုပ် မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။ရှိမုန်ပေတရုသည် မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။ယေရှုကလည်း၊ကြောက်ရွံခြင်းမရှိနှင့်။သင်သည်ယခုမှစ၍လူတိုကိုဖမ်းမိသောသူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတိုသည် ရှိသမျှတိုကို စွန့်ပစ်၍ နောက်တော်သို လိုက်ကြ၏။ (ရှင်လုကာ ၅:၁၊ ၃ခ-၆၊ ၈၊ ၁၀ခ-၁၁)လှေပေါ်၌ သခင်ယေရှု၏ရှေ့တွင် ဒူးထောက်နေေသာပေတရုတစ်ယောက်မည်သိုခံစားရမည်ကို ကျွန်တော် တွေးကြည့်မိသည်။ ငါးများ ခါးလောက်ထိ ခုန်ပေါက်နေသည်ကို ပေတရုမြင်တွေ့လိုက်ရသည်။ ထိုအချင်းအရာမတိုင်မီက ပေတရုသည် သခင်ယေရှုပြောသည်ကို နားမလည်သလိုပြုမူပြောဆိုခဲ့သည်။ထိုနောက်သူသဘောပေါက်ခဲ့ရသည်မှာသခင်ယေရှုသည်ငါးများကိုသိနားလည်ကြောင်းပင်မဟုတ်ပါလား။ပို၍အရေးကြီးသည်မှာ သခင်ယေရှုသည် လူတိုကို နားလည်တော်မူ၏။ ပေတရုသည် အား နည်းပြီး အပြစ်သားဖြစ်ကြောင်းကို သခင်ယေ ရှုသိတော်မူသည်သိုသော်တခြားလူတိုကိုဘုရားသခင်၏နိုင်ငံတော်သိုခေါ်ဆောင်လာဖိုပေတရုကိုရွေးချယ်ခေါ်ယူတော်မူ၏။ကျွန်ုပ်တို၌အပြစများနှင့်အားနည်းချက်များရှိသော်လည်းသခင်ယေရှုသည်ကျွန်ုပ်တိုကိုခေါ်ယူတော်မူသည်။ကျွန်ုပ်တိုအားလုံးကိုချစ်တော်မူ၍အပြစ်ငရဲထဲမှကယ်တင်ပေးတော်မူရန်အသက်တော်ကိုစွန့်၍ရှင်ပြန်ထမြောက်တော်မူသောသခင်ယေရှု၏အကြောင်း တခြားသူများကို ပြောပြဖို၊ ကျွန်ုပ်တိုကို ဘုရားသခင်မှအသုံး ပြုတော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အား နည်းကြောင်း ကိုယ်တော်သိတော်မူ၏။ မည်သိုပင်ဖြစ်စေ အကျွန်ုပ်ကို အသုံးပြုတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သာမန်တံငါသည်များကို တ ပည့်တော်များအဖြစ် ရွေးချယ်တော်မူခဲ့သည် မှာ သအဘယ်ကြောင့်ဟုထင်ပါသနည်း။• ထိုနည်းတူ မိတ်ဆွေ ရွေးချယ်ခဲ့မည်လား။ အ ဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့် မရွေးချယ်မည်နည်း။• သခင်ယေရှုသည် မိတ်ဆွေကိုလည်း ချစ်တော်မူ၍ ခေါ်ယူတော်မူ၏။ သခင်ယေရှုကို ဖြေကြားရန် စဉ်းစားသောအခါ မိမိ၏စိတ်ထဲတွင် မည်သည့်အရာများ ပေါ်လာသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 20, 202620th February_Lenten Devotions 2026 _ WOHထူးဆန်းသောအဖော်ပြုလုပ်ကျွေးကြသူများ။သောကြာနေ့၊ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို သွားစေတော်မူ၏။ အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတိုနှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တိုသည်လည်း လုပ်ကျွေးကြ၏။ (ရှင်မာကု ၁:၁၂-၁၃)သခင်ယေရှုနောက် တောထဲသို လိုက်ကြည့်ကြရ အောင်။ ပတ်ဝန်းကျင်ကိုကြည့်ပါက မည်သည့်အရာများကို မြင်တွေ့ရမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်မှ သခင်ယေရှုကို တောထဲသိုစေ လွှတ်ခဲ့သည်။ ဘုရားသခင်သည် ထိုတောအရပ်၌ရှိတော်မူ၏။ စာတန်သည်လည်း ထိုအရပ်၌ရှိနေပြီးသခင်ယေရှုကို သွေးဆောင်ဖို ကြိုးစားနေသည်။ ကောင်းကင်တမန်များလည်းရှိကြသည်။ သိုသော် သူတို ဘာလုပ်နေသည်ကို အတိအကျ မသိရပေ။ ထိုအပြင် သားရဲတိရစ္ဆာန်များလည်း ရှိကြသည်။ ဤသည်မှာ သခင်ယေရှုကို အဖော်ပြုပေးသူများဖြစ်ကြသည်။ဘုရားသခင်မှစ၍ တိရစ္ဆာန်များအထိ သက်ရှိများ ၏ စာရင်းသည် အတော်လေး ကောင်းပါ၏။ သိုသော် တစ်ခု လိုနေ၏။ လူတိုသည် အဘယ်မှာနည်း။သခင်ယေရှုသည် လူသားတစ်ယောက်ဖြစ်တော်မူ ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ကိုယ်စားဖြစ်တော်မူပြီး ကျွန်ုပ်တို မတတ်နိုင်သောအမှုအရာကို ကျွန်ုပ်တိုကိုယ်စား လုပ်ဆောင်ပေးတော်မူသည်။ “ကိုယ်တော်ရဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းဖို အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ပါ။ ဘုရားသခင်ကို ယုံကြည်မယ့်အစား ကိုယ်တော်ရဲ့ တန်ခိုးနဲ့ သစ္စာတရားကို သက်သေပြဖို ဘုရားသခင်ကို တောင်းဆိုပါ။ ဘုရားသခင်ကိုကျော ခိုင်းပြီး လောကီအာဏာကို ရယူလိုက်ပါ” စသည်ဖြင့်သ ခင်ယေရှုသည် ရက်ပေါင်း ၄၀ ကြာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူခဲ့သည်။ ကျွန်ုပ်တိုနှင့်မတူ၊ သခင်ယေရှုသည် သစ္စာစောင့်တော်မူ၏။ဤနေရာတွင် နှစ်သက်ဖွယ်ကောင်းသောအရာမှာ ဘုရားသခင်၏သားတော်သခင်ယေရှုသည် လူသားလည်းဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုထဲမှ တစ်ဦးဖြစ်လာပြီး တူညီသောလိုအပ်ချက်များနှင့် ဒုက္ခများကို ဆာလောင်မွတ်သိပ်ခံကာ တစ်ဦးတည်း စုံစမ်းသွေးဆောင်မှုကို ခံယူတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူပြီး မကောင်းမှုမှ ကယ်တင်တော်မူလို သည်။ ဘုရားသခင်၏အိမ်သိုလည်း ပြန်လည်ပို ဆောင်ပေးလိုတော်မူသောကြောင့်ဖြစ်သည်။ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ သေခြင်းထဲမှ ထ မြောက်ရခြင်းသည်လည်း ကျွန်ုပ်တိုကို ကယ်တင်ရန်စေလွှတ်တော်မူသော ခမည်းတော်ကို ချစ်တော်မူသောကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ လူ့ဇာတိခံယူတော်မူခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ဒုက္ခရောက်ပြီး ကိုယ်တော်ကို အလွန်လိုအပ်သည့်အခါ ကိုယ်တော်ကို ခေါ်နိုင်ရန်မစတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်ရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့မည်ဆိုပါက လုံလောက်ပါမည်လော။• အဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့်မလုံလောက်ရသနည်း။ အကြောင်းပြချက်များ ဖော်ပြပါ။• သခင်ယေရှုသည် ထာဝရလူသားတစ်ယောက်ဖြစ်တော်မူ၏။ ၄င်းနှင့်သက်ဆိုင်၍ မည်သိုခံစားရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 19, 202619th February_Lenten Devotions 2026 _ WOHထင်မှတ်မထားသော။ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၁၉ ရက်၊၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။ ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစက ထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ (ရှင်ယောဟန် ၁:၂၉၊ ၃၂-၃၄)ယောဟန် ၁:၂၅-၃၇ တွင် ထူးဆန်းသောအကြောင်းအရာတစ်ခု ဖြစ်ပေါ်နေသည်။ ယောဟန် ဗတ္တိဇံပေးပေးနေသည့်လူအုပ်ကြားတွင် သခင်ယေရှုသည် လှည့် လည်သွားလာနေပုံရသည်။ လူအုပ်ကြားထဲ၌ မထင်မရှား ရက်အတော်ကြာ အတူသွားလာနေပုံရသည်။အဘယ်သူကမျှ သခင်ယေရှုကို သတိထားမိပုံမရပါ။ယောဟန်မှလွဲ၍ လူတိုသတိထားမိပုံမရပါ။ ယောဟန်သည် တစ်ကြိမ်ထက်မက စိတ်အားထက် သန်စွာ ဖြင့် သခင်ယေရှုကြွလာမည့်အကြောင်းကို ဖော်ပြခဲ့ပြီး သခင်ယေရှု ဗတ္တိခံယူသည့်နေ့၌ သူမြင်တွေ့ခဲ့ရသောမြင်ကွင်းကို ပြောပြခဲ့သည်။ သူ၏ သက်သေခံချက်ကြောင့် သူ၏တပည့်နှစ်ဦးကို သခင်ယေရှုထံ ဆုံးရှုးခဲ့ရသည်။ ထိုအတွက် ယောဟန်ဝမ်း မြောက်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ယောဟန်သည် ဘုရားသ ခင်ပေးတော်မူသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့၍ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ယခုတာဝန်သည်ဘုရားသခင်ရွေးချယ်ထားသောပူဇော်သက္ကာဖြစ်သောသခင်ယေရှုထံရောက်သွားပြီ၊ဘုရားသခင်၏လူတိုကို ကယ်တင်ဖိုရန် အသက်ကို စွန့်လွှတ်မယ့် သိုးသငယ်ဖြစ်တော်မူသည်။ သခင်ယေရှု၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအား ဖြင့် ကျွန်ုပ်တိုရဲ့အပြစ်အားလုံးကိုဖယ်ရှားပေးတော်မူသည်။ကျွန်ုပ်တိုကိုအပြစ်မှလွှတ်တော်မူသည်။သခင်ယေရှုကိုယုံကြည်ကြသောကျွန်ုပ်တိုအားလုံးကိုသေခြင်းထဲမှထမြောက်စေပြီးထာဝရအသက်ကိုပေးတော်မူမည်။ဘုရားသခင်၏ဝိညာဉ်တော်ဖြင့်ကျွန်ုပ်တိုကိဗတ္တိဇံပေးတော်မူမည်ဖြစ်ပြီး ကျွန်ုပ်တို သည် ထာဝရဘုရားသခင်၏သားသမီးများ ဖြစ်ကြရလိမ့်မည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ထင်မှတ်မထားချိန်၌ ကိုယ်တော်ကို သိမှတ်မိနိုင်စေရန် ကူညီတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် လူအုပ်ကြားတွင် အဘယ်ကြောင့် မထင်မရှားသွားလာနေရသနည်း။• ဝိညာဥ်တော်ကြွဆင်းလားခြင်း၏ ရလဒ်ကား အဘယ်နည်း။• သခင်ယေရှုသည် မိတ်ဆွေ၏ဘဝထဲသို ထင်မှတ်မထားသော မည်သည့်အချိန်တွင် ကြွလာတော်မူခဲ့သနည်း။ မည်သိုဖြစ်လာခဲ့သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
February 18, 202618th February_Lenten Devotions 2026 _ WOHဘုရားသခင်ကို မြင်နိုင်မည်ဆိုပါက...ပြာဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို၏အလင်းဖြစ်၏။ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ။ သူသည် မိမိဒေသအရပ်သို ကြွလာသော်လည်း၊ မိမိလူမျိုးတိုသည် သူ့ကိုလက်မခံဘဲ နေကြ၏။ ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတိုအား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတိုတွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို သူ၏ဘုန်းတော်ကို ငါတိုသည် မြင်ရကြပြီ။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ (ရှင်ယောဟန် ၁:၁၊ ၄-၅၊ ၁၁-၁၂၊ ၁၄၊ ၁၈ )ဘုရားသခင်ကို မြင်ရပြီး ဘုရားသခင်သည် အဘယ် သိုသောဘုရားဖြစ်ကြောင်းသိနိုင်ပါက ကောင်းလိမ့်မည်။ ကျွန်တော်အပေါ် ထားသော ဘုရားသခင်၏စိတ်သဘောထားကိုသိနိုင်ရင်ကောင်းလိမ့်မည်။ကျွန်တော်၏မိသားစု၊သူငယ်ချင်းများကိုသိသလိုမျိုးဘုရားသခင်ကိုသိခဲ့မည်ဆိုပါက....စသည်ဖြင့်လူတိုင်း၌လူသားဆန်သည့်စိတ်ဆန္ဒများရှိကြသည်။ဘုရားသခင်သည်ကျွန်တော်တို၏ ကယ်တင်ရှင်အ ဖြစ် သခင်ယေရှုတည်းဟူ၍ လူ့ဇာတိကိုခံယူလျှက် ကမ္ဘာမြေသို ကြွလာတော်မူသောကြောင့် ဘုရားသ ခင်ကို ကျွန်ုပ်တို သိနိုင်ကြောင်း သမ္မာကျမ်းစာမှပြောပြ ထားသည်။ ခရစ်ဝင်ကျမ်းလေးစောင်တွင်လည်းဖော်ပြထားသည်။ ထိုကြောင့် ယခုအခါ ကျွန်ုပ်တို သည် အခြားလူများကို သိသကဲ့သို တစ်ချိန်က မျက် မြင်မရသော ဘုရားသခင်ကို သိနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တိုကို အလွန်ချစ်တော်မူသော ဤဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်ရန် သူ၏အသက်ကို စွန့်တော်မူခဲ့သည်။ သခင်ယေရှုသည် သေခြင်းထဲမှ ထမြောက်တော်မူပြီး မိမိကို ယုံကြည်ကိုးစားသူတိုင်းကို ထာဝရအသက်ပေးမည်ဟု ကတိပေးထားသော ကြောင့် ကျွန်တော်တို၌ သခင်ယေရှုအား ပိုမိုနက်ရှိင်းစွာ သိကျွမ်းပြီး ချစ်နိုင်မည့် ထာဝရအချိန်ကာလရှိသည်။ဆုတောင်းချက်။ ။ချစ်စွာသောဘုရားသခင်၊ နှုတ် ကပတ်တော်အားဖြင့် ကိုယ်တော်ကိုသိမြင်ရစေရန် အကျွန်ုပ်အား သွန်သင်ပေးတော်မူပါ။ အထူးသဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို အဘယ်မျှချစ်တော်မူကြောင်းကို သိမြင်စေရန် သွန်သင်ပေးတော််မူပါ။ အာမင်။ သုံးသပ်ချက်မေးခွန်းများ-• ဘုရားသခင်အကြောင်း ပိုမိုသိရှိလာရသည်နှင့်အမျှ ဘုရားသခင်သည် မိတ်ဆွေထံမှ အလိုချင်ဆုံးအရာကား အဘယ်နည်း။• အဘယ်ကြောင့် ထိုသိုထင်သနည်း။• ဘုရားသခင်နှင့်သက်ဆိုင်၍ အဘယ်အရာကို မိတ်ဆွေအလိုချင်ဆုံးဖြစ်သနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 29 episodes available.