Behold Your King! (Lenten Devotion 2026)

14th March_Lenten Devotions 2026 _ WOH

Listen Later

လှည့်ကွက်။

စနေနေ့၊ မတ်လ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။

ကျမ်းချက်။ ။ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို၌ ရှိသတည်း။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။ ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။ဟေရုဒ်မင်းသည် စစ်သူရဲတိုနှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို ပိုပြန်စေ၏။ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတိုသည် အချင်းချင်းအဆွေဖွဲကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။ (ရှင်လုကာ ၂၃:၆က၊ ၇ခ၊ ၈ခ၊ ၉ခ၊ ၁၁-၁၂)

ဤအကြောင်းအရာတွင် လှည့်ကွက်တစ်ခုရှိနေ သည်။ တရားစီရင်ခြင်းသည် သူ၏အလုပ်ဖြစ်နေသော်လည်း ပိလတ်သည် သခင်ယေရှုအတွက် တာ ဝန်ယူချင်တာမျိုး မရှိပါ။ သခင်ယေရှုကို လွှတ်ပေးသင့်ကြောင်းကို ပိလတ်သိသော်လည်း ထိုသိုလွတ်ပေးဖိုနှင့်အကျိုးဆက်များကို ခံယူဖို သူ၌ သတ္တိမရှိကြောင်းကို ပိလတ်မင်းသိသည်။ ထိုကြောင့် ပိလတ်သည် သခင်ယေရှုကို ဟေရုဒ်လက်ထဲ အပ်ဖို ဝမ်း သာအားရ လုပ်ဆောင်ခဲ့သည်။

ဟေရုဒ်သည်လည်း သခင်ယေရှုကို မှန်ကန်စွာ ဆုံး ဖြတ်စီရင်ပေးဖို စိတ်မဝင်စားပါ။ အံ့ဖွယ်နိမိတ်လက္ခ ဏာတစ်ခုကိုသာ ရှာနေသည်။ ထိုနိမိတ်လက္ခဏာကို ဟေရုဒ်မမြင်တွေ့ရပါ။ ထိုကြောင့် သခင်ယေရှုကို လှောင်ပြောင်ပြီး ပြန်ပိုခဲ့သည်။

ထိုအရာအားလုံး၏ရလဒ်မှာအဘယ်နည်း။ ပိလတ် နှင့် ဟေရုဒ်တိုသည် သခင်ယေရှု၏ကျန်ကြွင်းသော ရုပ်ခန္ဓာကြောကြောင့် မိတ်ဆွေများ ဖြစ်လာကြသည်။ ဤသည်မှာကြီးမားသောလှည့်ကွက်တစ်ခုဖြစ်သည်။

လောကတွင် ထိုသိုသောအခြေအနေမျိုး ရှားပါးပါက ကောင်းလိမ့်မည်။ သိုသော် ထိုသို မဟုတ်ပါ။ လူတိုသည် လှည့်ကွက်သုံးတတ်ကြသည်။ ကျွန်တော်တိုသည် မိမိတာဝန်ကို ရှောင်တတ်ကြသည်။ မိမိကိုယ့်ကို ကာကွယ်ဖို သိုမဟုတ် စိတ်သက်သာစရာအချိန်အခိုက်အတန့်ကို ရှာဖိုကိုပင် လျစ်လျူရှုတတ်ကြသည်။ ထိုကြောင့် အပြစ်မဲ့သူများ ပြစ်ဒဏ်ခံရသည်။

သိုသော်ဘုရားသခင်သည် ၄င်းကိုအသုံးပြုခဲ့သည်။ သခင်ယေရှု၏အပြစ်ကင်းစင်မှုသည် လျစ်လျူရှုခံရသည်။ ရောင်းစားခံရသည်။ နောက်ဆုံးတွင် ပြစ်ဒဏ်ချမှတ်ခံရပြီး အပြစ်ရှိသော ကျွန်ုပ်တိုသည် အပြစ်မှလွတ်မြောက်ကြရသည်။ သခင်ယေရှုသည် တရား စီရင်ခြင်းအောက်တွင် ကျွန်ုပ်တို၏ကိုယ်စားခံယူပြီးနောက် သူ၏အသက်စွန့်ခြင်းမှတစ်ဆင့် ခွင့်လွှတ်ခြင်းနှင့်ထာဝရအသက်ကို ပေးသနားတော်မူသည်။

သုံးရက်ကြာပြီးနောက်သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအခါ၊သခင်ယေရှုကိုယုံကြည်သောကျွန်ုပ်တိုအားလုံးနှင့် ထိုထာဝရအသက်ကို မျှဝေတော်မူ၏။

ဆုတောင်းချက်။ ။ကျွန်ုပ်အား ကိုယ်တော်၏ထာဝရအပိုင်ဖြစ်စေတော်မူသောကြောင့် ကျေးဇူးတင်ပါတ၏၊ သခင်။ အာမင်။

သုံးသပ်ချက်မေးခွန်းများ-

• တရားရုံးများတွင် အပြစ်မဲ့သူများသည် အမြဲ မှန်ကန်သောတရားစီရင်မှုကို ရရှိကြပါသလား။

• ရရှိသည်ဟု အဘယ်ကြောင့်တွေးရသနည်း။

• သခင်ယေရှုနှင့်အတူရှိပါက ဘုရားသခင်၏ တရား စီရင်ခြင်းအကြောင်း မိတ်ဆွေ ထပ်ပြီး စိုးရိမ်ပူပန်စရာ ရှိပါသလား။

#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)