Behold Your King! (Lenten Devotion 2026)

12th March_Lenten Devotions 2026 _ WOH


Listen Later

ကျဆုံးခြင်းနှင့် ခွင့်လွှတ်ခြင်း

ကြာသပတေးနေ့၊မတ်လ ၁၂ ရက်၊၂၀၂၆ခုနှစ်။



ကျမ်းချက်။ ။ ပေတရုသည်လည်း သူတိုနှင့် ဝေးစွာလိုက်လေ၏။ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတိုသည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတိုအထဲ၌ ထိုင်နေ၏။ထိုသို ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါမိန်းမတစ်ယောက်သည် မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုသော်၊ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပြင်သိုထွက်၍ ပြင်းစွာငိုကြွေးလေ၏။(ရှင်လုကာ ၂၂:၅၄ခ-၅၇၊ ၆၁က၊ ၆၂)



ပီတာ၏ဖြစ်စဥ်ကို ဖတ်ရသည်မှာ နာကျင်စရာပင်။ ကျွန်တော်သည်လည်း ထိုနည်း၄င်းပင်ဖြစ်ခဲ့မည်ဟု အလွယ်နားလည်နိုင်သည်။

ပေတရုသည် သခင်ယေရှုအတွက် အသက်ပေးရမည်ဆိုပါက မည်သည်အခါမျှ မငြင်းပယ်ပါဟု ကျိန် ဆိုခဲ့သည်။ (ရှင်မဿဲ ၂၆:၃၅ ကိုဖတ်ပါ) သိုသော် တခြားတမန်တော်များနည်းတူ သခင်ယေရှု၏ရန်သူများမှ သူ့ကိုဖမ်းဖိုလာသည့်အခါ ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့သည်။ ထိုနောက် စိတ်ပြောင်းသွားပြီး သခင်ယေရှုနောက်သို ပြန်လိုက်ဖို ကြိုးစားသော်လည်း "ဝေးဝေးကနေ" သာလိုက်ခဲ့သည်။ ထိုနည်းမှာသခင်ယေရှုနောက်သိုလိုက်ဖိုဘေးကင်းသည့်နည်းလမ်းမဟုတ်ပါ - အထူးသဖြင့် ကြောက်ရွံမှုကမိမိကို မောင်းနှင်နေတဲ့အခါမျိုးတွင်ဖြစ်သည်။



ထိုနောက်သခင်ယေရှု၏ ရုံးတင်စစ်ဆေးမှု စတင် သည်နှင့် ပေတရုသည် ဝင်ထိုင်လိုက်သည်။ အဘယ်မှာနည်း။ သခင်ယေရှုကို ဖမ်းဆီးသူများကြားတွင်ပင် ဝင်ထိုင်လေသည်။ သခင်ယေရှု၏ ရန်သူများကြားတွင်ပင်။ သူတိုသည် ပေတရုကို သတိပြုမိပြီး မေးခွန်းများ မေးကြသည်။ ပေတရုသည် သူ၏ အ သက်အတွက် စိုးရိမ်သောကြောင့် သခင်ယေရှုကို လုံးဝမသိဟု ငြင်းဆိုခဲ့သည်။ သူ၏ပျက်စီးကျရှုးမှုက ပြီးပြည့်စုံသွားပြီ။

သိုရာတွင် ပေတရုအတွက် ထိုအဖြစ်က အဆုံးသတ်မဟုတ်ပါ။ လုကာမှ “သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏”ဟုမှတ်တမ်းတင်ထား သည်။ ထိုအကြည့်ထဲတွင် ဘာပါသနည်း။ ဝမ်းနည်းမှုပါမည်က သေချာပါသည်။ သိုသော်ချစ်ခြင်းမေ တ္တာလည်းပါဝင်သည်။ ပေတရု၏အပြစ်များ၊ ကျွန် တော်၏အပြစ်များနှင့် မိတ်ဆွေ၏အပြစ်များကို လက်ဝါးကပ်တိုင်သို သယ်ဆောင်သွားတော်မူသော ကယ်တင်ရှင်၏မေတ္တာတော်လည်း ပါဝင်သည်။သ ခင်ယေရှုသည် သေခြင်းထဲမှ ထမြောက်ပြီးနောက်၊ ပေတရုကို ဘုရားသခင်၏သားတစ်ယောက်အဖြစ် ပြန်လည်ခေါ်ဆောင်လာချိန်တွင် ဘုရားသခင်၏ ခွင့် လွှတ်တတ်သောမေတ္တာတော်သည် အပြည့်အဝ ထွက်ပေါ်လာတော်မူသည်။



ဆုတောင်းချက်။ ။ကိုယ်တော်၊ အကျွန်ုပ်ကျရှုးသော အခါ ခွင့်လွှတ်တော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-


• ပေတရု အဘယ်ကြောင့် ဤမျှလောက်မြန်မြန် လဲကျရသနည်း။

• သခင်ယေရှုမှ သူ့ကို ခွင့်လွှတ်ပြီးနောက် ပေတရု၏ အသက်တာမှာ မည်သိုဖြစ်သွားသနည်း။

• အချိန်ယူစဉ်းစားကြည့်ပါ- သခင်ယေရှုသည် မိတ်ဆွေကို အဘယ်အရာအတွက် ခွင့်လွှတ်တော်မူခဲ့သ နည်း။

• သခင်ယေရှုကို ကျေးဇူးတင်ရန် အချိန်ခဏယူပါ။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion


...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)