"ထိုသူကိုကြည့်ကြလော့"
တနင်္လာနေ့၊ မတ်လ ၁၆ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊ စစ်သူရဲတိုသည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တိုသိစေခြင်းငှာ၊ သူ့ကို သင်တိုရှိရာသို ငါထုတ်ပြသည်ဟု ဆို၏။ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတိုကို ဝတ်လျက် ပြင်သိုထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။(ရှင်ယောဟန် ၁၉:၁-၅)
ပိလတ်မင်းသည် လူအုပ်နှင့် သခင်ယေရှု၏ရန်သူများကို “ထိုသူကိုကြည့်လော့” ဟု ဆို၏။ သခင်ယေရှုကိုကြည့်ပါ။ ရိုက်နှက်ခံရပြီး သွေးထွက်ကာမတ်တပ်ရပ်ရန်ပင် မနည်းကြိုးစားနေရသော ထိုသခင်ယေရှုကိုကြည့်ပါ။ ကိုယ်ခန္ဓာ၏ ဒဏ်ရာများနှင့် အရောင်တူ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆူးပင်များဖြင့်ရက်သောဆူးရစ်သရဖူကို ဆောင်းထားရသည်။ သခင်ယေရှုသည် မိတ်ဆွေအတွက် မည်သူနည်း။
သခင်ယေရှုသည် မိတ်ဆွေ၏ရှင်ဘုရင်ဖြစ်တော််မူပါသလား။ ဒဏ်ရာရပြီး သွေးစွန်းနေသော သခင်ယေရှုကို လက်ခံမည်လား။ သခင်ယေရှုကို မိတ်ဆွေ၏ အ ရှင်အဖြစ် အသိအမှတ်ပြုပါမည်လား။ လက်ဝါးကပ် တိုင်တိုင်အောင်ပင် သခင်ယေရှုနောက်သို လိုက်ပါမည်လား။ မိတ်ဆွေ၏အပြစ်အတွက် ခွင့် လွှတ်ခြင်း၊ မိတ်ဆွေ၏ရှက်ကြောက်ခြင်းကို ဖုံးအုပ်ပေးခြင်း၊ မိတ်ဆွေအတွက် မေတ္တာပေးခြင်းစသည့် ထာဝရဆုကျေးဇူးများကို လက်ခံပါမည်လား။
သခင်ယေရှုကို မိတ်ဆွေ ပိုင်ဆိုင်လိုပါက ရယူနိုင် သည်။ အကြောင်းမှာ သခင်ယေရှု ကတိပေးထား သည့်အတွက်ဖြစ်တော်မူသည်။ သခင်ယေရှုသည် မည်သည့်အခါမျှ လိမ်ညာတော်မမူ။ "ငါ့ထံသိုလာသောသူကို ငါသည် အလျင်းမပယ်" (ယောဟန် ၆: ၃၇ခ) သခင်ယေရှုသည် မိတ်ဆွေကိုအလိုရှိတော်မူသည်။ ၄င်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ "ရေငတ်သောသူရှိလျှင်ငါ့ထံသိုလာ၍သောက်လော့" နှင့် "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို၊ ငါ့ထံသိုလာကြလော့။ ငါသည် သင်တိုကို ချမ်းသာပေးမည်" (ယောဟန် ၇:၃၇ခ၊ မဿဲ ၁၁:၂၈) ယခု သခင်ယေရှုသည် မိတ်ဆွေအတွက် အသေခံတော်မူပြီး သေခြင်းမှ ထမြောက်တော်မူပြီဖြစ်သောကြောင့် ဘုရားသ ခင်၏လူတိုနှင့်အတူ ထာဝရအသက်နှင့် ဝမ်းမြောက်ခြင်းကို မျှဝေပေးတော်မူမည်။(ယောဟန် ၁၇:၂၄ ကိုဖတ်ပါ)
ဆုတောင်းချက်။ ။သခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို လိုပါ၏။ ကိုယ်တော်ပိုင်သောလူအဖြစ် ကျွန်ုပ်ကို စောင့်ရှောက်ပေးတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• သခင်ယေရှုပိုင်သောလူရဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။
• သခင်ယေရှုသည် မိတ်ဆွေထံ မည်သို ကိုယ်တော်တိုင်ပေးသနားတော်မူသနည်း။
• မိတ်ဆွေသည် အချိန်အတော်ကြာ သခင်ယေရှုနှင့် သက်ဆိုင်ခဲ့ပါက - ဝမ်းမြောက်ပါမည်လား။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion