Behold Your King! (Lenten Devotion 2026)

15th March_Lenten Devotions 2026 _ WOH


Listen Later

ဤရည်ရွယ်ချက်အတွက်သာ။

တနင်္ဂနွေနေ့၊ မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။ ယေရှုကလည်း၊မင်းကြီးသည်ကိုယ်အလိုအ လျောက် ဤသိုမေးသလော၊ သိုမဟုတ် သူတစ် ပါးတိုသည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။ ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတိုသည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သိုပြုမိသ နည်းဟု မေးလျှင်၊ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတိုလက်သို မရောက်စေခြင်းငှာ၊ ငါ၏လူတိုသည် တိုက်လှန်ကြလိမ့်မည်။ ပိလတ်မင်းကလည်း၊ သိုဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသိုကြွလာပြီ။ သမ္မာတရားနှင့်စပ် ဆိုင်သမျှသော သူတိုသည် ငါ့စကားကိုနား ထောင်ကြသည်ဟု မိန့်တော်မူ၏။ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သိုနည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတိုရှိရာသိုထွက်၍၊ ဤ သူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ (ရှင်ယောဟန် ၁၈:၃၃-၃၆က၊ ၃၇-၃၈ )



သခင်ယေရှုအသက်တာ၏အပိုင်းသည်ကျွန်မကိုမျက်ရည်ကျစေသည်။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုသည်စိတ်အာရုံစူးစိုက်နေစဉ် အတွင်းတိတ်ဆိတ်နေလေ့ရှိသောကြောင့်ဖြစ် သည်။ သိုသော် ဤတစ်ကြိမ်တွင် သခင်ယေရှုသည် အတော်လေး စကားပြောနေသည်။ အ ဘယ်ကြောင့်နည်း။

သခင်ယေရှုမှ ကျွန်ုပ်တိုအား ဤသိုပြောပြ သည်။“သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ” ဖြစ်သည်။ မိမိအား သေဒဏ်ချမှတ်မည့် ပုန္တိပိလတ်အား ဧဝံဂေလိတရားဟောပြောနေသည်။ ထိုမျှလောက် သခင်ယေရှု ဂရုစိုက်တော်မူ၏။



သခင်ယေရှုသည် ပိလတ်မင်းကို ထိုမျှလောက်ချစ်တော်မူသည်။ ပိလတ်မင်း၏အသက်၊ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတိုကို ထိုမျှလောက်ဂရုစိုက်သည်။ ဤအချက်ကို လွဲ ရှောင်၍ရနိုင်မည်မဟုတ်ပါ။ ဆိုလိုသည်မှာ သခင်ယေရှုသည် ကျွန်ုပ်နှင့် မိတ်ဆွေကိုထိုမျှလောက်ဂရုစိုက်တော်မူသည်။ကျွန်ုပ်တိုသညသခင်ယေရှုအတွက်မျက်နှာလွဲခြင်းခံရမည့်လူစားမျိုးမဟုတ်ကြပါ။သခင်ယေရှုသည် ကျွန်ုပ်တိုကို ကယ်တင်ရန်နှင့် အသေခံတော်မူ

ပြီးနောက်ထမြောက်တော်မူရန်အတွက်လူ့ဇာတိခံယူရခြင်းဖြစ်တော်မူသည်။ ထိုရည်ရွယ် ချက်အတွက်သာ သခင်ယေရှု ကြွလာတော်မူခဲ့သည်။



ဆုတောင်းချက်။။သခင်ဘုရား၊ကိုယ်တော်သည်ကျွန်ုပ်အားထိုမျှလောက်အလိုရှိ‌တော်မူသောကြောင့်ကျွန်ုပ်သည်ကိုယ်တော်၏အပိုင်ဖြစ်ရပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှုမှ မိတ်‌ဆွေကို စိတ်ဝင်စားတော်မမူဟူသော သံသယစိတ်ရှိဖူးပါသလား။

• ထိုသခင်သည် သခင်ယေရှုဖြစ်ကြောင်းကို မိတ်ဆွေမည်သိုသေချာ‌ပြောနိုင်မည်နည်း။

• မိတ်ဆွေ ထာဝရအသက်ရရှိစေရန် သခင်ယေရှုသည် သူကိုယ်သူ ရည်ရွယ်ချက်ရှိရှိဖြင့်ချည် နှောင်ထားခြင်းကိုခံယူ‌တော်မူသည်။ အဘယ် ကြောင့် ထိုသိုပြု‌တော်မူရသနည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)