သေးငယ်သော နိမိတ်လက္ခဏာ။
တနင်္ဂနွေနေ့၊ မတ်လ ၈ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။ ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။(ရှင်ယောဟန် ၁၈:၁၀-၁၁)
သခင်ယေရှုပြုတော်မူသော ဤနောက်ဆုံးအံ့ဖွယ်နိ မိတ်လက္ခဏာလေးကို ကျွန်ုပ်နှစ်သက်သည်။ သူတိုသည် သခင်ယေရှုအား ဒုက္ခဆင်းရဲခြင်းနှင့် သေခြင်းသို ခေါ်ဆောင်သွားခြင်းမပြုမီ သခင်ယေရှု၏ရန်သူတစ်ဦးဖြစ်သောဖမ်းဆီးရန် စေလွှတ်ခံရသူတစ်ဦးအပေါ် သခင်ယေရှု၏နှလုံးသားသည် စာနာသနားတော်မူ ၏။ သခင်ယေရှုသည် သူ၏နားရွက်ကို တိုထိ၍ ကုသပေးတော်မူ၏။ (လုကာ ၂၂:၄၉-၅၁ ကိုဖတ်ပါ) ရှင်ယောဟန်မှ မာလခု၏အမည်ကို ပြောပြနိုင်ခြင်းသည် ထိုသူသည် နောက်ပိုင်း ကနဦးအသင်းတော်၌ သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်လာကြောင်း သက်သေပြုခြင်းပင်ဖြစ်သည်။
ဟုတ်ပါသည်။ ဤနေရာတွင် ရိုးရှင်းသော ကရုဏာတရားထက် ပိုသည်။ သခင်ယေရှုသည် ပေတရုကိုလည်း ကာကွယ်ပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၌နားရွက်နှစ်ဖက်အကောင်းအတိုင်းရှိသည်ကို လူတိုမြင်ပါက ပေတရုကို တရားရုံးထဲ ဆွဲခေါ်သွားဖို ခက်ခဲလိမ့်မည်ဖြစ်သည်။
ထိုနောက် သခင်ယေရှုသည် ကျွန်ုပ်တိုအားလုံး မကြာ ခဏ မေ့လျော့နေတတ်သည့်အရာကို ပေတရုအား နားလည်စေလိုသည်။ သခင်ယေရှုသည် ပေတရု၏ အကာအကွယ်ပေးသူဖြစ်ပြီး ပေတရုသည် သခင်ယေရှုကို ကာကွယ်ပေးသူမဟုတ်ပါ။ ယခုတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကတည်းကပင် ပေတရုနှင့် ကျွန်ုပ်တိုအားလုံးကို မကောင်းမှု၏တန်ခိုးမှ ကယ်တင်ရန် ဆုံးဖြတ်ထားသည့် အစီအစဉ်ကို သခင်ယေရှု အကောင် အထည်ဖော်တော််မူသည်။ သခင်ယေရှုသည် ဆင်းရဲဒုက္ခနှင့်သေခြင်းခွက်ဖလားကိုအကုန်အစင်သောက်တော်မူလိမ့်မည်။သုံးရက်မြောက်သောနေ့တွင်သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအခါ သခင်ယေရှုကို ယုံကြည်ကိုးစားသူတိုင်းကို ထာဝရအ သက်၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတိုကို မျှ ဝေပေးတော်မူလိမ့်မည်။
ဆုတောင်းချက်။ ။သခင်ယေရှု ထိုခွက်ဖလားကို ကျွန်ုပ်အတွက် သောက်သုံးပြီး ကိုယ်တော်၌ ကျွန်ုပ်အား အသက်ရှင်စေတော်မူသည့်အတွက် ကျေးဇူး တင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• မာလာခု အိမ်ပြန်ရောက်ပါက သူ၏မိသားစုကို မည် သိုပြန်ပြောပြခဲ့မည်ဟုထင်ပါသနည်း။
• ဘုရားသခင်သည် သူ့အားကာကွယ်ပေးရန် ကျွန်ုပ်တိုကို အမြဲလိုအပ်တော်မူမည်လား။
• မှန်သည်ဟုထင်သောကိစ္စကိုလုပ်ဆောင်ဖို ကျွန်ုပ်တိုကို အသင်းတော်မှတွန်းအားပေးခြင်းသည် ကောင်းသည်ဟုထင်ပါသလား။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion