ကျွန်ုပ်တိုအားလုံး။
သောကြာနေ့၊ မတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတိုသည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတိုနှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို ဆောင်သွား၍ အပ်လိုက်ကြ၏။ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးတိုသည် များစွာသောအပြစ်ကို တင်ကြ၏။ တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
နေထွက်သောအခါ ကောင်စီသည် သခင်ယေရှုအား ယုဒပြည်ကို အုပ်ချုပ်သော ရောမဘုရင်ခံ ပုန္တိပိလတ်ထံသို ပိုလိုက်သည်။ သူတိုသည် သခင်ယေရှုကို သေစေလိုသောကြောင့် ဤသိုပြုလုပ်ရပြီး အောင်နိုင်သောလူမျိုးအနေဖြင့် လူများကို သတ်ပိုင်ခွင့်မရှိတော့ပါ။ ထိုကြောင့် သူတိုသည် သခင်ယေရှုကို ဂျူးမဟုတ်သူ၊ ဆိုလိုသည်မှာ တစ်ပါးအမျိုးသားတစ်ဦးထံ အပ်နှံခဲ့ကြသည်။
ဤသည်မှာ ယနေ့ ကျွန်တော်တိုခံယူကြသောအဓိ ပ္ပါယ်မှာ သခင်ယေရှုကို စီရင်ဆုံးဖြတ်ကြရာ၌ ကျွန် တော်တို လူအားလုံး ပါဝင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ် သည်။ ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားများကိုပါ အပြစ်တင်၍မရပါ။ ကျွန်တော်တိုအားလုံးအတူ တူပင်ဖြစ်ကြသည်။ သခင်ယေရှု၏လူမျိုးများမှ သ ခင်ယေရှုကို သစ္စာဖောက်ပြီး အပ်နှံခဲ့ကြသော်လည်း သေဒဏ်ချမှတ်ခဲ့သည်မှာ တစ်ပါးအမျိုးသားများဖြစ်ကြသည်။ သူတိုအားလုံးသည် သခင်ယေရှုကို အပြစ်ကင်းသူဖြစ်ကြောင်းကို သိကြသော်လည်း ထို သိုစိရင်ဆုံးဖြတ်ခဲ့ကြသည်။
ထိုကြောင့် အပြစ်ဆိုသည်မှာ လူတိုင်းနှင့်သက်ဆိုင်သည်။ သိုသော် ဘုရားသခင်သည် ကျွန်ုပ်တိုကို ချစ်တော်မူသည့်အတွက် သခင်ယေရှု၏ ကရုဏာနှင့် ခွင့်လွှတ်ခြင်းသည်လည်း လူတိုင်းနှင့်သက်ဆိုင်သည်။ လက်ခံမည့်သူတိုင်းကို ပေးသနားတော်မူသည်။ ဤသည်မှာ သခင်ယေရှုသည် ကမ္ဘာပေါ်မှာရှိလူတိုင်းအတွက် မိမိ၏စိတ်ဆန္ဒအလျောက် ဒုက္ခဝေ ဒနာကိုခံယူတော်မူပြီး အသေခံခဲ့တော်မူခြင်းဖြစ် သည်။ သခင်ယေရှုသည် ကျွန်ုပ်တို၏ မကောင်းမှုအားလုံးကို လက်ဝါးကပ်တိုင်သို ယူဆောင်သွားခဲ့သည်။ သေခြင်းထဲမှ ထမြောက်တော်မူသောအခါ ကျွန်ုပ်တိုသည် အဘယ်သိုသောသူဖြစ်ပါစေ သခင်ယေရှုကို ယုံကြည်သူအားလုံးအတွက် သခင်ယေရှုသည် အသက်၏ အရင်းမြစ် ဖြစ်လာခဲ့သည်။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ကို ကိုယ် တော်၏ပိုင်အဖြစ် လက်ခံတော်မူသောကြောင့်ကျေး ဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
1. သခင်ယေရှုသည် “ဂျူးတို၏ရှင်ဘုရင်” ဖြစ်သည်ဟုဆိုခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။
2. ရောမ ၁၅:၁၂ တွင် သခင်ယေရှုနှင့်တစ်ပါးအမျိုး သားများအကြောင်း ဘာပြောထားသနည်း။
3. ယောဟန် ၁၀:၁၆ တွင် အဖွဲနှစ်ဖွဲစလုံးသည် မိမိနှင့်အဘယ်သိုဆက်စပ်နေကြောင်းကို သခင်ယေရှုမှ မည်သိုပြောပြထားတော်မူသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion