Behold Your King! (Lenten Devotion 2026)

9th March_Lenten Devotions 2026 _ WOH


Listen Later

လိုအပ်နေသောလူတိုကိုရှုမြင်တော်မူ၏။

တနင်္လာနေ့၊ မတ်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ထိုအခါ ယေရှုက၊ သင်တိုသည် ဓားပြကိုဖမ်းသကဲ့သို ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တိုအလယ်၌ ထိုင်နေစဉ်အခါ၊ သင်တိုသည် ငါ့ကို မဖမ်းဆီးကြ။ ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတိုကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတိုသည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။(ရှင်မဿဲ ၂၆:၅၅-၅၆)



တပည့်တော်များ မှောင်မိုက်ထဲသို ထွက်ပြေးသွားစဉ် ဤအသံသည် နောက်ဆုံးကြားခဲ့ရသော အသံဖြစ်ရမည်။ ရန်သူများ၏လုပ်ဆောင်နေသည့်အရာသည် မှားယွင်းပြီး ရယ်စရာကောင်းကြောင်း သခင်ယေရှု ရှင်းလင်းစွာ ဖော်ပြနေသော်လည်း သမ္မာ ကျမ်းစာပါ ပရောဖက်ပြုချက်များကို ပြည့်စုံစေရန် ဖြစ်ပျက်နေခြင်းသာ ဖြစ်သည်။ သခင်ယေရှုငြင်း ဆန်တော်မမူ။ သူတိုနှင့်အတူ လိုက်သွားရန် ငြင်းဆိုမည်မဟုတ်၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာကို ကယ်တင်ရန် ခေါ်တော်မမူပါ။ သခင်ယေရှုသည် သူ့အားကာကွယ်ပေးမည့်အချက်ကို ဤတစ်ကြိမ်ကန့်ကွက်တော်မူခဲ့သည်။

အဘယ်ကြောင့်နည်း။

သခင်ယေရှုသည် အမြဲတမ်း ကျွန်တော်တို၏ ကယ် တင်ရှင်ဖြစ်တော်မူပြီး လူတိုကို ရန်သူများဟူ၍ မမြင်နိုင်ကြောင်း ကျွန်တော်ယုံသည်။ နာရီပိုင်းအတွင်းမှာပင် မိမိအသေခံပေးမယ့် လူတိုအတွက်သာ စဥ်းစားတော်မူသည်။ ထိုကြောင့် ထိုအချိန်တွင် သူတို အလိုအပ်ဆုံး အမှန်တရားကို သခင်ယေရှုပြောပြတော်မူသည်။ နောက်ပိုင်းတွင် ထိုသူတိုသည် သေခြင်းမှ သခင်ယေရှု ထမြောက်ပြီးနောက်မှာ သခင်ယေရှုပြောခဲ့သောစကားများကို မှတ်မိကောင်း မှတ်မိကြပါလိမ့်မည်။ သူတို၏ နှလုံးသားထဲတွင် မျိုးစေ့တစ်စေ့ကဲ့သို ကြီးထွားလာပြီး ယုံကြည်ခြင်း၏ကောင်းသော အသီးအပွင့်များကို သီးပွင့်လာနိုင်ကြမည်။



သခင်ယေရှုသည် ကျွန်တော်တိုအတွက်လည်း ဤသိုပြုတော်မူ၏။ ကျွန်တော်တိုသည်အပြစ်ထဲ၌နက်နက်ရှိင်းရှိင်းရှိနေချိန်တွင်ပင် သခင်ယေရှုသည်ကျွန်တော်တိုကို ဂရုစိုက်နေဆဲဖြစ်တော်မူပြီး သူ့ထံသို ပြန်လာရန် နည်းလမ်းများကို ရှာဖွေနေဆဲဖြစ်တော်မူသည်။ သခင်ယေရှုသည် ရန်သူများကို စွန့်လွှတ်မည်မဟုတ်သကဲ့သို ကျွန်ုပ်တိုကိုလည်း စွန့်လွှတ်တော်မူမည်မ ဟုတ်ပါ။



ဆုတောင်းချက်။ ။သခင်ယေရှု၊ ကျွန်ုပ်၏နှလုံးသားထဲ၌ ကျိန်းဝပ်တော်မူရန်ကြိုးစားနေချိန်တွင် ကိုယ် တော်၏စကားသံကို ကြားနိုင်ရန် ကူညီတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• မိမိအန္တရာယ်နှင့်ရင်ဆိုင်နေရချိန်တွင် မိမိကို ဆန့်ဘကျင်သောသူတိုကို အဘယ်သိုထင်မြင်မိပါသနည်း။

• သခင်ယေရှု၏စိတ်သဘောတော်သည် မိတ်ဆွေ၏ စိတ်သဘောထားနှင့် အဘယ်သိုကွာခြားပါသနည်း။

• မည်သူ့ကိုမဆို သခင်ယေရှုသည် အောင်မြင်စွာအနိုင်ယူနိုင်မည်ဟုထင်ပါသလား။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် မအောင်မြင်နိုင်ရမည်နည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion




...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)