သခင်ယေရှုမိန့်တော်မူသည်။
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၁ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတိုအား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင် ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး ၍ ပြောပြီ။ အဘယ်သို ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတိုက ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။ ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။အချိုတိုသည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။(ရှင်မဿဲ ၂၆:၆၂က၊ ၆၃-၆၅က၊ ၆၆-၆၈)
သခင်ယေရှုသည် ယဇ်ပုရောဟိတ်မင်းများနှင့် အ ခြားခေါင်းဆောင်များရှေ့တွင် ရုံးတင်စစ်ဆေးခံရစဉ်အတွင်း တိတ်ဆိတ်နေခဲ့သည်။ ဤအချက်သည် သ ခင်ယေရှု၏ရန်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတိုသည် ၎င်းတို၏မှားယွင်းသောသက်သေများကိုလည်းအလား တူဇာတ်လမ်းကို ပြောပြရန် မဆွဲဆောင်နိုင်ခဲ့သော ကြောင့်ဖြစ်သည်။ ထိုဇာတ်လမ်းမရှိလျှင် ၎င်းတို၏ အမှုသည် မအောင်မြင်နိုင်ပါ။ သူတို၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ သခင်ယေရှုကိုယ်တိုင်မှ စွပ် စွဲချက်ဖြစ်စေသော တစ်စုံတစ်ခုကို ပြောရန် အတင်း အကျပ်လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုကြောင့် ယဇ်ပုရောဟိတ်မင်းသည် ဘုရားသခင် ၏နာမတော်ကို အသုံးပြု၍ သခင်ယေရှုသည် ခရစ် တော်၊ ဘုရားသခင်၏သားတော်နှင့် လူသားစင်စစ်ဖြစ်ကြောင်း အတင်းအကျပ်ပြောရန် စေခိုင်းခဲ့သည်။ ၎င်းသည် လုံးဝတရားမဝင်သော်လည်း အ လုပ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် သူ၏ခမည်းတော်၏နာမတော်ကို ဘယ်သောအခါမှ မရှုတ်ချသောကြောင့်ဖြစ်သည်။
သခင်ယေရှုကိုယ်တိုင်မိန့်သောစကားများသည် မိမိ ၏သေဒဏ်အမိန့်ကို တံဆိပ်ခတ်ပေးခဲ့သည်။ အ ကြောင်းမှာ သူ၏ရန်သူများထဲမှာ မည်သူကမျှ သ ခင်ယေရှုပြောသည်ကို အမှန်ဟုယူဆမထားကြပါ။ ဘုရားသခင်၏သားတော် ခရစ်တော်သည် သူတိုရှေ့မှာ ရပ်နေပြီး သူ၏အသက်အတွက် ရုံးတင်စစ်ဆေးခံရလိမ့်မည်ဟု သူတိုမတွေးခဲ့ကြ၍ဖြစ်သည်။ ကျွန်ုပ်တို၏အသက်အတွက် ရုံးတင်စစ်ဆေးခံရခြင်းဖြစ်သည်။ အကြောင်းမှာ သခင်ယေရှု၏အသက်စွန့်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသာ် ကျွန်ုပ်တို၏ အ သက်ဖြစ်ပြီး၊သခင်ယေရှုကိုယုံကြည်သူတိုင်း ဘုရား သခင်၏သားသမီးများ ထာဝရဖြစ်လာမည်ဟု မိန့်တော်မူထား၏။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်နှင့် ကျွန်ုပ်၏ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါ၏။ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• သခင်ယေရှုသည်အဘယ်ကြောင့် စကားတစ်ခွန်းမျှ မိန့်တော်မမူဘဲနေရသနည်း။
• ဟေရှာယ ၅၃:၇-၈ တွင် ဤအကြောင်းအရာကို အဘယ်သိုပရောဖတ်ပြုပြောထားသနည်း။
• သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တိုအား မည်သို အသက်ကိုပေးတော်မူသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion