မည်သူ့ကို ရုံးတင်စစ်ဆေးနေသနည်း။
အင်္ဂါနေ့၊ မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်
ကျမ်းချက်။ ။ယဇ်ပုရောဟိတ်အကြီးတိုနှင့် လုလင်များတိုက၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို ဝင်ပြန်၍၊ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သိုမျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၆က၊ ၇ခ-၈က၊ ၁၀ခ -၁၁ )
ဤအချိန်တွင် ပိလတ်သည် ရုံးတင်စစ်ဆေးမှုကို မထိန်းချုပ်နိုင်တော့ပါ။ သခင်ယေရှုသည် အပြစ်မရှိကြောင်း သူသိသော်လည်း လွတ်မြောက်အောင် မလုပ်နိုင်ပါ။ သခင်ယေရှုကိုယ်တိုင်သည် တရားသူ ကြီးတစ်ဦးကဲ့သို ပြုမူနေပြီး ပိလတ်အား သူလုပ်နေသည့်အရာသည် အပြစ်ဖြစ်ကြောင်း ရှင်းပြနေသော် လည်း ယုဒရှကာရုတ်၏ အပြစ်လောက် မဆိုးပါ။ အဘယ်ကြောင့်ဆိုသော် ပိလတ်တွင် အနည်းဆုံး ဘုရားသခင်ခန့်အပ်ထားသော တရားသူကြီးအဖြစ် တရားစီရင်ရသောကြောင့်ဖြစ်သည်။
ပိလတ်မင်းသည် ကောင်စီကဲ့သိုပင်၊ ဟေရုဒ်နှင့် ယုဒရှကာရုတ်တိုကဲ့သိုပင် ရုံးတင်စစ်ဆေးခံရသည်။ ဆုံး ဖြတ်ချက်ချရမည့် မေးခွန်းမှာ အတူတူပင်ဖြစ် သည်။ "ဤအပြစ်မဲ့သူ၊ ဘုရားသခင်၏သားတော် ဖြစ်သော ယေရှုကို သင်ဘာလုပ်မည်နည်း။"
သူတိုဘာလုပ်ခဲ့ကြောင်းကို ကျွန်တော်တိုသိကြသည်။ ကျွန်တော်တိုလည်း ပါဝင်ပတ်သက်ခဲ့ကြသည်။ အကြောင်းမှာ သခင်ယေရှုကို လက်ဝါးကပ် တိုင်ပေါ် ပိုဆောင်ခဲ့သည်က ကျွန်တော်တို၏အပြစ်များဖြစ်သည်။ ကျွန်တော်တို၏အပြစ်များကြောင့်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်တော်တိုကို ချစ်တော်မူသည့်အတွက် ကျွန်တော်တို၏ သေခြင်းကို ယူဆောင်သွားပြီး သူ၏ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ခွင့်ပေးတော်မူခဲ့သည်။ ရလဒ်အနေဖြင့် ဘုရား သခင်သည် ကျွန်တော်တိုကိုကြည့်ပြီး "အပြစ်မရှိဘူး" ဟုမိန့်တော်မူ၏။ သခင်ယေရှု၏အပြစ်ကင်းစင်မှုဖြင့် ဖုံးအုပ်ထားသော ထာဝရခွင့်လွှတ်မှုကိုရရှိကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို သူ၏ သား သမီးများအဖြစ် သားတော်ယေရှု၏အသက်တာမှတဆင့် ရှုမြင်တော်မူသည်။
ဆုတောင်းချက်။ ။ကျွန်ုပ်တို၏ တရားစီရင်ခြင်းကို လက်ခံတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ သ ခင်။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• ဘုရားသခင်၏ တရားစီရင်ခြင်းအတွက် မိတ်ဆွေစိုးရိမ်ပါသလား။
• သခင်ယေရှုသည် ထိုကြောက်ရွံမှုကို ကျွန်ုပ်တိုထံမှ မည်သိုဖယ်ရှားတော်မူသနည်း။
• ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်ကြောင့် မိတ်ဆွေအတွက် ထိုသိုလုပ်ဆောင်ရန် စီစဉ်ထားတော်မူသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion