Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို... more
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 48 episodes available.
March 27, 202627th March_Lenten Devotions 2026 _ WOHနောက်ဆုံးစိုးရိမ်မှုများ။သောကြာနေ့၊ မတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။စစ်သူရဲတိုသည် ထိုသိုပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတိုသည် ရပ်နေကြ၏။ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။(ရှင်ယောဟန် ၁၉:၂၄ခ-၂၇)သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံတော်မူချိန်အတွင်း ကိုယ်တော်၏ နောက်ဆုံးစိုးရိမ်ပူပန်မှုများကို တစ်ခုပြီးတစ်ခု အပြီးသတ်နေခဲ့သည်ဟု ကျွန်တော်ထင်သည်။ ၎င်းတိုထဲမှတစ်ခုမှာ ပသခါပွဲအတွက် သခင်ယေရှု၏နောက် ဂျေရုဆလင်သို လိုက်လာသော မိခင်အတွက်ဖြစ်သည်။ မိမိမရှိသည့်နောက် သူမ၏မိသားစုတွင် မှီခိုအားထားရန် မည်သူမျှမရှိတော့ပေ။“အကြောင်းမူကား ညီတော်တိုက မယုံကြည်သောကြောင့်”ဖြစ်သည်။ (ယောဟန် ၇:၅)သူ၏တပည့်ယောဟန် ထိုနေရာတွင် ရပ်နေသည်ကို သခင်ယေရှု မြင်တော်မူသည်။ယောဟန်သည်လည်း သခင်ယေရှုကို ချစ်သောသူဖြစ်သောကြောင့် တခြားတစ်ယောက်ထံမှ နှစ်သိမ့်မှုနှင့်အားပေးမှုတိုကို လို အပ်ပေလိမ့်မည်။ ထိုကြောင့် သခင်ယေရှုသည် မိခင်နှင့်ယောဟန်တိုကို အချင်းချင်း တာဝန်ယူစောင့်ရှောက်စေတော်မူသည်။ဒီနေ့ သူ့ရဲ့ဘုရားကျောင်းမှာလည်း ကျွန်တော်တိုအတွက် အဲဒီလိုပဲ လုပ်ပေးတယ် မဟုတ်လား။ ယေရှုဟာ ဒုက္ခခံပြီး အသေခံကာ ထာဝရအသက်သစ်ပေးဖို ပြန်ထမြောက်ခဲ့ပေမယ့်လည်း ကျွန်တော်တိုမှာ နေထိုင်ဖို ပျက်စီးနေတဲ့ ကမ္ဘာကြီး ရှိနေပါသေးတယ် - ပြီးတော့ ချစ်လှစွာသော သခင်ရဲ့ မြင်သာထင်ရှားတဲ့၊ လက်တွေ့ကျတဲ့ ရှေ့မှောက်တော်မှောက် မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို တစ်ယောက်ကိုတစ်ယောက် ပေးသနားပါတယ်။ ယုံကြည်သူချင်းတွေရဲ့ မေတ္တာအားဖြင့် ယေရှု ရောင်ပြန်ဟပ်တာကို မြင်တွေ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို ရှေ့ဆက်နိုင်အောင် ကူညီပေးပါတယ်၊ ယေရှုက သူနဲ့အတူ အိမ်ပြန်ခေါ်သွားမယ့်နေ့အထိပါပဲ။ဆုတောင်းချက်။ ။သခင်ဘုရားကိုယ်တော်၏လူတိုမှတဆင့် အကူအညီနှင့် နှစ်သိမ့်မှုကို အကျွန်ုပ်အား ပေးသနားတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အခြားသူများကို ကိုယ်တော်ဂရုစိုက်တော်မူသည့်အ ခါအတွက်လည်း အကျွန်ုပ်၏အသက်တာကို အသုံး ပြုတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိမိ ဒုက္ခရောက်နေချိန် သက်သာရာရဖိုအတွက် အဘယ်အရာကို အားကိုးလေ့ရှိသနည်း။• သခင်ယေရှု၏လူတိုသည် မိတ်ဆွေ အားကိုးမည့်လူစာရင်းထဲတွင် ပါပါသလား။ အဘယ်ကြောင့်နည်း။အဘယ်ကြောင့် မပါရသနည်း။• အပြစ်ရှိပြီး ကျိုးနွံနေသောသခင်ယေရှု၏နောက် လိုက်တစ်ဦးမှတစ်ဆင့် မိမိကိုသိုမဟုတ် အခြားသူတစ်ဦးကို ချစ်ခြင်းမေတ္တာဖြင့်အကူအညီပေးဖိုရန် သခင်ယေရှုလုပ်ဆောင်သည်ကို မည်သည့်အချိန်ကမြင်တွေ့ခဲ့ရသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 26, 202626th March_Lenten Devotions 2026 _ WOHဘုန်းတန်ခိုးလား သိုမဟုတ် အားနည်းချက်လား။ကြာသပတေးနေ့၊ မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။လမ်းမှာ သွားလာသောသူတိုကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။ ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတိုခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတိုက၊ ဤသူသည် သူတစ်ပါးတိုကို ကယ်တင်တတ် ၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတိုယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သိုဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။(ရှင်မဿဲ ၂၇:၃၉-၄၃)သူတိုပြောသည်ကို လိုက်လုပ်ဖို၊ သူတိုတကယ်ယုံ ကြည်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် လက်ဝါး ကပ်တိုင်မှ ဆင်းလာဖို သခင်ယေရှုကို သွေးဆောင်ခြင်းဖြစ်မည်လားဟု ကျွန်တော်တွေးမိသည်။ သူတိုသည် မိမိကို ပြက်ရယ်ပြုနေကြောင်းကို သခင်ယေရှုသိတော်မူသည်။ သိုရာတွင်သခင်ယေရှု၏ဓမ္မအမှုကိုဆောင်ရွက်သည့် ခြေလှမ်းတိုင်းတွင် အား နည်းခြင်းအစား တန်ခိုးပြမှုများမှကတစ်ဆင့် လူတို ယုံကြည်လာအောင်၊ အံ့ဖွယ်အမှုများဖြင့် မြေကြီးပေါ်၌ အောင်ပွဲခံရန်၊ ကတိတော်များမှတစ်ဆင့် နောက်လိုက်များကို စုဆောင်းဖို သွေးဆောင်မှုများကို သခင်ယေရှု ရင်ဆိုင်ခဲ့ရသည်။ ထိုနည်းတူစွာ ဘု ရားသခင်၏ သားတော်အနေဖြင့် မိမိ၏တန်ခိုးတော်ကို အံ့ဖွယ်အမှုတစ်ခုကနေတစ်ဆင့် မိမိကိုယ်ကို ကယ်တင်ဖို အသုံးပြုသင့်တော််မူသလား။ သိုမ ဟုတ် ဘုရားသခင်၏အစီအစဉ်အတိုင်း ဒုက္ခခံခြင်း၊ အသေခံခြင်းတိုကို ခံယူ၍၊ ခမည်းတော်ဘုရားသခင်မှ မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကိုယုံ ကြည်ခြင်းဖြင့် ဖြတ်သန်းသွားသင့်ပါသလား။မည်သည်ကို သခင်ယေရှုရွေးချယ်ခဲ့သည်ကို ကျွန်ုပ်တိုသိကြသည်။ ကျွန်ုပ်တို၏အသက်တာထဲ၌လည်း သခင်ယေရှုမှ ဆက်လက်ရွေးချယ်နေဆဲဖြစ်တော်မူသည်။ ဘုရားသခင်ထံ ကျွန်ုပ်တိုအတွက် အံ့ဖွယ်အမှုများလုပ်ဆောင်ဖို တောင်းလျှောက်သည့်အချိန်တိုင်း “ငါ့ကျေးဇူးသည် သင့်အဖိုလောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟုမိန့်တော်မူ၏” ဟုပြန်ဖြေတော်မူသည်။ (၂ ကောရိန္သု ၁၂:၉က)ဆုတောင်းချက်။ ။သခင်ယေရှု၊ ကျွန်ုပ်အတွက် အံ့ ဖွယ်အမှုများကိုပြုလုပ်ပေးမည့်အစား ကျွန်ုပ်၏ဘဝခရီးခက်ခဲစွာဖြတ်သန်းနေရချိန် ကိုယ်တော်ကိုသာ ယုံကြည်ကိုးစားမှုရှိစေရန် ကူညီပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် သူတိုအကြံပြုသည့်အတိုင်း လုပ် ဆောင်ခဲ့ပါက—ကျွန်ုပ်တိုအပေါ် မည်သိုဖြစ်ပျက်ခဲ့မည်နည်း။• ဘုရားသခင်သည် အံ့ဖွယ်အမှုများကိုတောင်းလျှောက်သော ကျွန်ုပ်တို၏ဆုတောင်းချက်များကို အဘယ်ကြောင့် မကြာခဏ ငြင်းဆိုတော်မူရသနည်း။• ဘုရားသခင်ထံမှ အဖြေမရသော်လည်း မိမိအပေါ်ထားသောဘုရားသခင်၏မေတ္တာတော်ကို မည်သိုဆက်လက်ယုံကြည်ကိုစားမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 25, 202625th March_Lenten Devotions 2026 _ WOHသခင်ယေရှု၏အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။လူများတိုသည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ (ရှင်လုကာ ၂၃:၃၄ခ-၃၅က) လူတိုကွယ်လွန်သွားသည့်အခါ ထိုသူ၏အမွေကို တာဝန်ယူဖြေရှင်းပေးသူတစ်ယောက်ရှိမြဲဖြစ်သည်။ သေတမ်းစာရှိပါက ကွယ်လွန်သွားသူ၏ ညွှန်ကြား ချက်များကို လိုက်နာကြပြီး ထိုကွယ်လွန်သူ၏ အမွေဆက်ခံမည့်သူများ သိုမဟုတ် သူမ သည် ကွယ်လွန်သူနှင့် သက်ဆိုင်ခဲ့သူဖြစ်၊မဖြစ်ကို သေချာစေသည်။သခင်ယေရှု၏ပိုင်ဆိုင်မှုသည် အလွန်ရိုးရှင်းသည်။ သခင်ယေရှု၏ခန္ဓာပေါ်ရှိ ဝတ်ရုံ၊ အင်္ကျီ၊ ခါးစည်း၊ ခြေညှပ်ဖိနပ်၊ ဦးခေါင်းကိုဖုံးရန် အဝတ်တစ်ထည်မှလွဲ၍ ခွဲဝေယူရန် ဘာမှမရှိပါ။ဤသည်ကိုပင် သခင်ယေရှု၏ပိုင်ဆိုင်မှုများကို ခွဲဝေယူဖိုရန် လက်ဝါးကပ်တိုင်ခြေရင်းတွင် စစ်သားများ စာရေးတံချနေခဲ့ကြသည်။သိုတိုင်အောင် သခင်ယေရှုသည် သူ၏အမွေခံများအကြား ခွဲဝေရန် အခြားပစ္စည်းများကိုလည်း ချန်ထားခဲ့တော်မူသည်။ သိုသော် အကောင်အထည်ဖော်လုပ်ဆောင်နေသူမှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တို၏အပြစ်များကို ခွင့်လွှတ်ပေးတော်မူသည်။ ကျွန်ုပ်တို၏ရှက်ရွံမှုနှင့် အပြစ်အားလုံးကို ထာဝရဆေးကြောပေးခဲ့တော်မူသည်။ ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့် ဘု ရားသခင်၏မိသားစုဝင်သားသမီးများအဖြစ် ထာဝရနေရာတစ်ခုကို ချန်ထားခဲ့သည်။ မကောင်းမှုမှ ကျွန်ုပ်တို၏ဘဝထဲသို ယူဆောင်လာသော ကျိုးပဲ့ပျက်စီးမှုအားလုံးအတွက် ကုစားခြင်းကို ချန်ထားခဲ့သည်။ ထိုအပြင် ထာဝရအသက်ကို ချန်ထားခဲ့တော်မူသည်။ ယခု သေခြင်းထဲမှ ထမြောက်ပြီးနောက်ထာဝရအသက်ရှင်တော်မူသောကြောင့်ဝမ်းမြောက်စွာဖြင့်ကျွန်ုပ်တိုအတွက်ထာဝရအသက်တည်းဟူသောလက်ဆောင်ကိုပေးတော်မူသည်။ဆုတောင်းချက်။ ။ချစ်စွာသောသခင်ယေရှု၊ ကိုယ် တော်ပေးတော်မူသော ကိုယ်တော်၏ဆုကျေးဇူးများအတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• တစ်စုံတစ်ခု အမွေဆက်ခံဖူးပါသလား။ အဘယ်အရာနည်း။• ယခု သခင်ယေရှုသည် ပြန်လည်အသက်ရှင်တော်မူပြီဖြစ်သောကြောင့် သူ၏ပိုင်ဆိုင်မှုများကို ပြန်လည်ယူဆောင်သွားပြီလော။• ယခုချိန်တွင် မိတ်ဆွေ၏အမြင်အရ သခင်ယေရှုသည် မိတ်ဆွေကို ပေးခဲ့သော အကောင်းဆုံးလက် ဆောင်ကားအဘယ်လက်ဆောင်ဖြစ်မည်• နည်း။ အ ဘယ်ကြောင့်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more3minPlay
March 24, 202624th March_Lenten Devotions 2026 _ WOHတော်ဝင်တရားခုံရုံးအင်္ဂါနေ့၊ မတ်လ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တိုကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ကရာနိအမည်ရှိသောအရပ်သို ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတိုကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ယေရှုကလည်း၊ အို အဘ၊ သူတို၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတိုသည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။(ရှင်လုကာ ၂၃:၃၂-၃၄က)သူတိုသည် ရာဇဝတ်သားနှစ်ယောက်ကို သခင်ယေ ရှု၏တစ်ဖက်တစ်ချက်စီမှာ ထားကြသည်။ သခင်ယေရှုကို ဂျူးလူမျိုးတို၏ဘုရင်အဖြစ် ရည်ညွှန်းနိုင်စေဖိုရန် သူတိုသည် တော်ဝင်တရားခုံရုံးကဲ့သို ဖြစ်အောင် ကြိုးစားနေသည်ဟု ကျွန်တော်ထင်သည်။ သခင်ယေရှုသည် အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ကားတိုင်၏အလယ်တွင်ရှိနေပြီး၊ နန်းတွင်းသားများတစ်ဖက်တစ်ချက်စီမှာရှိနေသည့်ပုံစံမျိုးဖြစ်သည်။ ထိုနောက် သခင်ယေရှုကို ကြည့်ဖို လာသောသူအား လုံးသည် ဘုရင်၏ပလ္လင်ရှေ့တွင်ခစားဖိုရန်လာကြသည့် လူတို၏အခန်းကဏ္ဍကို သရုပ်ဆောင်ကြမှာဖြစ်ပြီး ဂါရဝပြုဖို သိုမဟုတ် တစ်ခုခု တောင်းဆိုဖို လာကြခြင်းဖြစ်မည်။ဟုတ်ပါသည်၊ဤသည်မှာကြောက်စရာကောင်းသောဟာသတစ်ခုဖြစ်ဖိုရည်ရွယ်ခဲ့ခြင်းဖြစ်သည်။၎င်းသည်သခင်ယေရှုကိုအလွဲသုံးစားပြုသည့်နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပြီးရောမစစ်သားများထံမှ ဂျူးဆန့်ကျင်ရေးခံစားချက်အချိုလည်း ရှိကောင်းရှိနိုင်သည်၊ အံ့သြစရာမဟုတ်ပါ။ သိုသော် သူတိုသတိမထားမိသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို၏ဘုရင်နှင့် ကယ်တင်ရှင်အဖြစ် စိုးစံသည့် စစ်မှန်သောပလ္လင်ခန်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်သည်။သခင်ယေရှု ၏လက်ဝါးကပ်တိုင်ကို ပလ္လင်အဖြစ်မိတ်ဆွေ၏ စိတ်ထဲတွင်မြင်ယောင်ကြည့်ပါ။ သခင်ယေရှု၏သရဖူသည် ဆူးပင်များနှင့်ဖြစ်ပြီး၊ နန်း တွင်းသားများသည် သူခိုးများဖြစ်ကြသည်။ သခင်ယေရှု၏လက်ထဲတွင် လှံတံအစား သံမှိတစ်ချောင်းရှိသည်။ သခင်ယေရှု၏တော်ဝင်ဝတ်ရုံကမူ အဘယ်မှာနည်း? ကျွန်ုပ်တို၏အပြစ်နှင့်အရှက်များကို ဖုံး အုပ်ဖိုနှင့် ကျွန်ုပ်တိုကို ထာဝရအပိုင်ဖြစ်စေဖို သွန်းတော်မူသောအသွေးတော်သည် တော်ဝင်ဝတ်ရုံဖြစ်တော်မူ၏။ဆုတောင်းချက်။ ။သခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အသေခံပြီး ပြန်လည်ထမြောက်တော်မူပြီ။ ကိုယ်တော်အား ချစ်သောမေတ္တာဖြင့် ကိုယ်တော်၏ အလိုတော်အတိုင်း နေထိုင်နိုင်ရန် အကျွန်ုပ်အား ကူညီပေးတော်မူပါ။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• သခင်ယေရှုသည် ရန်သူများအတွက် ဆုတောင်းပေးတော်မူခဲ့သည်။ မိတ်ဆွေတွင် ရန်သူများ ရှိပါသ လား။• ထိုသိုဆိုလျှင် သခင်ယေရှု၏ဉာဏ်ပညာနှင့် မေတ္တာတော်နှင့်အညီ ၎င်းတိုကို မည်သိုဆက်ဆံရမည်ကို သွန်သင်ပေးရန် သခင်ယေရှုအား တောင်းလျှောက်ပါ။• လူတိုသည် အကူအညီတောင်းဖို တရားရုံးများသိုသွားကြသည်။ ယနေ့ သခင်ယေရှုထံမှ ဘာကိုတောင်းလျှောက်မည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 23, 202623rd March_Lenten Devotions 2026 _ WOHဂရုစိုက်ပေးဆပ်သူ။တနင်္လာနေ့၊ မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်၊။ကျမ်းချက်။ ။ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို ရောက်ကြသော်၊ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တိုကို စာရေးတံချ၍ ဝေဖန်ကြ၏။(ရှင်မဿဲ ၂၇:၃၃-၃၅)သခင်ယေရှုသည် ဆေးခါးနှင့်ရောထားသော ပုံးရည်ကို မသောက်ပါ။ ၎င်းသည် စိတ်ငြိမ်စေ၍ နာကျင်မှုကိုသက်သာစေသောဆေးဖြစ်ပြီး စစ်သားများမှ သ ခင်ယေရှုကို လက်ဝါးကပ်တိုင်သိုတင်ခြင်းအလုပ်ကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်ခဲ့ပုံရသည်။ သိုသော်သ ခင်ယေရှုသည် မိမိ၏ဒုက္ခကို စိတ်ကြည်လင်စွာဖြင့် ဖြတ်သန်းလိုပုံရသည်။ ထိုကြောင့် ငြင်းပယ်တော်မူခဲ့သည်။အဘယ်ကြောင့်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တိုအတွက် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့သည်။ ၎င်းမှာ ကျွန်ုပ်တိုအားလုံးကို အပြစ်၊ သေခြင်း နှင့် မကောင်းမှုတို၏ကျွန်ဘဝမှ လွတ်မြောက်စေမည့် အမှုဖြစ်သည်။ သခင်ယေရှုသည် အရာများ မှားယွင်းသွားမည်ကို လုံးဝလက်မခံပါ။ ထိုအတွက် မိမိသည် ပို၍နာကျင်ရမည်ဆိုပါကလည်း နာကျင်မှုဝေဒနာကိုသာရွေးယူတော်မူသည်။နောက်ထပ်အကြောင်းရင်းတစ်ခုကို ကျွန်တော်တိုသိမြင်နိုင်သည်။ သခင်ယေရှုသည် မိမိပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ်များကို ဂရုစိုက်မြဲဖြစ်တော်မူသည်။ လက်ဝါးကပ်တိုင်ခြေရင်းမှာ ရပ်နေသောနောက် လိုက်အနည်းငယ်၊ အသက်ဆုံးခါနီး မိမိကိုယုံကြည်ဖို နောက်ဆုံးအခွင့်အရေးရခဲ့သော ဘေးနှစ်ဖက်မှာ ရာဇဝတ်သားများ၊ မည်သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ထားကြောင်း မသိနားမလည်ကြသောစစ်သားများကိုပင် ဂရုစိုက်ဆဲဖြစ်တော်မူသည်။ လက်ဝါး ကပ်တိုင်၌ ချိတ်ဆွဲထားခြင်းကိုခံယူနေရစဥ်မှာပင်ထိုသူတို၏လိုအပ်ချက်ကို ဖြည့်ပေးတော်မူခဲ့သည်။ ကိုယ်တော်တိုင် သေခြင်းကိုခံယူရသည့်အချိန်အထိ၊ ထိုနောက် ရှင်ပြန်ထမြောက်ချိန်အထိ သူတိုနှင့် ကျွန်တော်တိုကို ဂရုစိုက်ပေးဆပ်မြဲဖြစ်တော်မူသည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏လိုအပ် ချက်များကို ကိုယ်တော်၏လိုအပ်ချက်များထက် အမြဲဦးစားပေးတော်မူ၏။ ကျွန်ုပ်အား ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မိမိ ပေးဆပ်ရသည့်တိုင်အောင် တစ်စုံတစ်ယောက်ကို မည်သည့်အချိန်က ဂရုစိုက်ပေးခဲ့ဖူးသနည်း၊• ပေးဆပ်လိုက်ရသည့်အတွက် ဝမ်းသာကာသလား။ အဘယ်ကြောင့်နည်း။• သခင်ယေရှုသည် မိတ်ဆွေအတွက် သူလုပ်ဆောင်ပေးခဲ့သည့်အမှုအရာကို သတိရသောအခါ - ၎င်းနှင့်ပတ်သက်၍ မည်သည့်ခံစားချက်ရှိမည်နည်း။ မိတ်ဆွေအပေါ် မည်သိုသောသဘောထားရှိမည်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more3minPlay
March 22, 202622nd March_Lenten Devotions 2026 _ WOHစိုးရိမ်၍ဂရုစိုက်ပေးခြင်း။တနင်္ဂနွေနေ့၊ မတ်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ နောက်တော်၌ လိုက်သောလူများအပေါင်းတိုတွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချိုပါ၏။ထိုသူတိုကိုယေရှုသည်လှည့်ကြည့်၍၊ ယေရုရှလင်မြိုသမီးတို၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတိုနှင့် မိမိတိုသားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစိုဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတိုက၊ အို တောင်များတို၊ ငါတိုအပေါ်သို ကျကြပါ။ အို ကုန်းများတို၊ ငါတိုကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသိုပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၂၇-၃၁)လက်ဝါးကပ်တိုင်သို လျှောက်ရာလမ်းမှာပင် တခြားလူတစ်ယောက်၏ဒုက္ခကို သခင်ယေရှု ဂရုစိုက်ပေးနိုင်ဆဲဖြစ်နေသည်ကို ကျွန်တော်အံ့သြမိသည်။ ဤအမျိုးသမီးများ မိမိအတွက်ငိုကြွေးနေသည်ကို သ ခင်ယေရှုမြင်ပြီး သူတိုအတွက် စိုးရိမ်စိတ်ရှိတော်မူသည်။ နောက် နှစ် ၄၀ မျှကြာပြီးနောက် ယေရုရှလင်မြိုသည် ရောမစစ်သားများလက်ထဲသို ကျရောက်လိမ့်မည်၊ ပြည်တွင်းစစ်၊ ငတ်မွတ်ခေါင်းပါးမှု၊ ညှဉ်း ပန်းနှိပ်စက်မှုနှင့်မီးလျှံများဖြင့် သုံးနှစ်ကြာရုန်းကန်ပြီးနောက်မှာ ကျဆုံးသွားမည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်။ အပြစ်နှင့်ကင်းသောဘုရား သခင်၏သားတော်ကိုပင် ထိခိုက်နာကျင်စေသူများမှ ထိုကာလတွင် အသက်ရှင်ကျန်ရစ်မည့် အမျိုးသ မီးများနှင့်ကလေးများကိုလည်း အသက်ချမ်းသာပေးမည်မဟုတ်ပါ။သခင်ယေရှုသည် သူ၏နောက်လိုက်များအတွက် ညွှန်ကြားချက်များထားခဲ့ပြီးဖြစ်သည့်အတွက် မြိုကျသောအခါ သူတိုသည် အံ့အားသင့်မည်မဟုတ်ပါ။ (ရှင်လုကာ ၂၁:၂၀-၂၄ ကိုဖတ်ပါ) သိုသော်ထိုအမျိုးသမီးများအတွက် သခင်ယေရှုသည် ဒုက္ခဝေ ဒနာခံယူပြီး အသေခံခြင်းမှလွဲ၍ ဘာမှမတတ်နိုင်ပါ။သူတိုသည်လည်း သခင်ယေရှုကို ယုံကြည်လိမ့်မည်။ ကယ်တင်ခြင်းခံရမည်ဟု ဆုတောင်းပေး သည်။လူတို၏ မကောင်းမှုဝန်ထုပ်ဝန်ပိုးအားလုံးကို လက် ဝါးကပ်တိုင်သို သယ်ဆောင်ခြင်းကို သခင်ယေရှုလုပ်ဆောင်ပေးတော်မူသည်။ လက်ဝါးကားတိုင်တွင် သ ခင်ယေရှုသည် မိမိ၏ခန္ဓာနှင့် အသွေးတော်ကို အားဖြင့် မကောင်းမှု၏တန်ခိုးကို ဖျက်ဆီးပြီး မိမိ၏သေခြင်းဖြင့် ၄င်းကို အဆုံးသတ်စေတော်မူသည်။သုံးရက်ကြာပြီးနောက် သေခြင်းထဲမှပြန်လည်ရှင်ပြန်ထမြောက်တော်မူသောအခါ၊ သခင်ယေရှုသည် မိမိကို ယုံကြည်ကိုးစားသူကျွန်ုပ်တိုအားလုံးအားထာဝရ အသက်၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတိုကို ပေးတော်မူ၏။ဆုတောင်းချက်။ ။ သခင်ဘုရား၊ ကျွန်ုပ်တိုအတွက် အမြဲစိုးရိမ်ပူပန်ဂရုစိုက်ပေးသည့်အတွက် ကျေးဇူး တင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ယခုချိန်တွင် မိတ်ဆွေ စိုးရိမ်၍ဂရုစိုက်စဥ်းစားပေးနေရသူမှာ အဘယ်သူနည်း။• သူတိုကို မိတ်ဆွေ အဘယ်သိုကူညီနိုင်မည်နည်း။• ခဏလောက် သူတိုအတွက် ဆုတောင်းပေးပါ။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 21, 202621st March_Lenten Devotions 2026 _ WOHသူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးခြင်း။စနေနေ့၊ မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတိုသည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ (ရှင်လုကာ ၂၃:၂၆)အထက်ပါ အဖြစ်၏နောက်တွင် သခင်ယေရှုသည် ကြီးစွာသောအခြေအနေထဲသို သက်ဆင်းရ၏။ ဗုဒ္ဓ ဟူးနေ့ညမှစ၍ အိပ်ပျော်တော်မမူ ကြာသပတေးနေ့ ပသခါညစာစားစဥ်၌လည်း အစာကိုကောင်းစွာမစားခဲ့ရပါ။ အဘယ်သူကမျှ သခင်ယေရှုကို ရေတိုက်သည်ဟူ၍ မှတ်တမ်းမရှိပါ။ ၄င်းအစား သခင်ယေရှုသည် ရိုက်နှက်ခံရသည်။ ပါးရိုက်ခံရသည်။ တံတွေး ထွေးခံရသည်။ တစ်နေရာမှ တစ်နေရာသိုဆွဲခေါ်သွားခံရသည်။ သေလုမျောပါး ရိုက်နှက်ခံရသည်။ သွေးအများကြီး ဆုံးရှုးခဲ့ရသည်။ ပိုဆိုးသောအခြေအနေများကိုကြုံတွေ့ရဦးမည်။သခင်ယေရှုသည် လေးလံသော လက်ဝါးကပ်တိုင်ကို ကွပ်မျက်ရာနေရာဖြစ်သည့်ဂေါလဂေါသသို သယ်ဆောင်သွားရမည်။ သိုသော် ရုပ်ခန္ဓာမှာ သယ်ဆောင်နိုင်စွမ်းမရှိတော့ပါ။ လက်ဝါးကပ်တိုင်သို မရောက်မီ သခင်ယေရှု၏ အသက်ဆုံးပါက ကြီးမား သော ဒုက္ခများနှင့် ရင်ဆိုင်ရမည်ကို စစ်သားများ သိကြသည်။ ထိုကြောင့် သူတိုသည် လမ်းဘေး၌ရပ်၍ ကြည့်နေသူတစ်ဦးဖြစ်သည့် ကုရေနေမြိုသား ရှိမုန်ကို ဖမ်းဆီးကြသည်။ရှိမုန်သည်လည်း ထိတ်လန့်တုန်လှုပ်သွားမိသာဖြစ် သည်။ သာမန်ရာဇဝတ်သားတစ်ယောက်နည်းတူ လက်ဝါးကပ်တိုင်ကို ထမ်းရမည်လား။ သိုသော်ရော မစစ်သားများမှ သူ့ကို အတင်းအကျပ် ထမ်းခိုင်းပိုင်ခွင့်ရှိသောကြောင့် သူလည်း လုပ်ခဲ့ရသည်။ ရှိမုန်သည် သခင်ယေရှုကိုဂေါလဂေါသအထိ လိုက်ပါ ပိုဆောင်၍ ကူထမ်းပေးခဲ့သည်။ထိုနေ့က ရှိမုန်သည် အဘယ်သူ၏လက်ဝါးကပ်တိုင်ကို ထမ်းနေခဲ့သနည်း။ သခင်ယေရှုကိုယ်တော်တိုင် မှ သူ့အတွက်ထမ်းနေကြောင်းကိုရှိမုန်သိပါမည်လားဟု ကျွန်တော်တွေးမိသည်။ ရှိမုန်သည် ခရစ်ယာန်တစ်ယောက် ဖြစ်လမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏နာမည်နှင့် သူ့သားများ၏ နာ မည်များကို ကနဦးအသင်းတော်က သိကြသည်။ ထို ကြောင့် သခင်ယေရှုသည် ရှိမုန်အတွက်၊ ကျွန်တော်တိုအားလုံးအတွက်ပါ - ကျွန်တော်တို၏အပြစ်များ၊ရှက်ရွံမှုများကို သေခြင်းအထိ - ထာဝရဖျက်ဆီးပေးဖိုရန် သယ်ယူသွားတော်မူသည်။ ထိုနောက်သခင်ယေရှုသည် ကျွန်တော်တို၏ ကယ်တင်ရှင်နှင့် ကျွန် တော်တို၏ဝမ်းမြောက်ခြင်းအဖြစ်အသက်ရှင်လျက် ကျွန်တော်တိုထံသို ပြန်လာတော်မူခဲ့သည်။ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် သယ်ဆောင်ပေးသောအရာများအတွက် ကျေးဇူး တင်ပါသည်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• နောက်ပိုင်းတွင် ဆိုင်မွန်သည် ဂုဏ်ယူနေမည်ဟု ထင်ပါသလား။• မိမိမလုပ်ချင်သော ကောင်းမှုတစ်ခုကို လုပ်ဖို အခွင့် အရေးရခဲ့ဖူးပါသလား။• ယခု မည်သိုခံစားရပါသနည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more3minPlay
March 20, 202620th March_Lenten Devotions 2026 _ WOHသည်းခံနိုင်စွမ်း။သောကြာနေ့၊ မတ်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါ မြိုဝန်မင်း၏ စစ်သူရဲတိုသည် ယေရှုကို အိမ်တော်ဦးသို ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။ ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။ ထိုသို ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။ (ရှင်မဿဲ ၂၇:၂၇-၃၁)ဤသည်မှာ တုန်လှုပ်စရာပင်ဖြစ်သည်။ လက်ဝါး ကပ်တိုင်တွင် သခင်ယေရှု အသက်ရှင်နေသရွေ့ သူတိုစိတ်ကြိုက် ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းဖို လူ ၆၀၀ ရှိနေသည်ကို မြင်ယောင်ကြည့်ပါ။ လူအများကြီးကို ခွင့်ပြုထားသည်။ လှောင်ပြောင်ခြင်း၊ အဝတ်ချွတ်ယူခြင်း၊ တံတွေးထွေးခြင်းများကို လုပ်ဆောင်ကြသည်။ ဆူးဖြင့်ရက်သောဦးရစ်ကို ဦးခေါင်းတွင်ဆောင်းပေးဖို၊ တုတ်နှင့်ခေါင်းကို ရိုက်ဖို၊ ထိုနောက် ပျက်ရယ်ပြုသံများဖြင့် လူတိုတွင် အဆိုးရွားဆုံးလူတိုကို မည်သူကမျှဆီးတားခြင်းမရှိဘဲ အပြစ်မဲ့သူကို နှိပ်စက်ညှဉ်းပန်းဖို လွှတ်ပေးထားသည်။သခင်ယေရှုသည် ထိုသူတိုကို ရပ်တန့်စေနိုင်တော်မူသည်။ မည်သည့်အချိန်တွင်မဆို မိမိ၌ ဤအရာအား လုံးကို ရပ်တန့်နိုင်သော တန်ခိုးရှိကြောင်းကို သခင်ယေရှုသိတော်မူ၏။(မဿဲ ၂၆:၅၃ ကိုဖတ်ပါ)သိုသော် သခင်ယေရှုသည် ရပ်တန့်တော်မမူခဲ့ပါ။အကြောင်းရင်းမှာ သခင်ယေရှု၏စိတ်ထဲတွင် ကျွန်ုပ်တို ရှိနေသောကြောင့်ဖြစ်သည်။ နှိပ်စက်ခံနေရသူ များ၊ ရိုက်နှက်ခံရဖူးသူများ၊ ထိခိုက်ဒဏ်ရာရဖူးသူ များ၊ လှောင်ပြောင်ခံရသူများ၊ မတရားသဖြင့် သေ ဒဏ်ပေးခံရသူများသည်၊ ယခု သခင်ယေရှုတွေ့ကြုံနေရသော မကောင်းမှု၏တန်ခိုးနှင့်အတူတူပင်ဖြစ် သည်။ ထိုမကောင်း၏တန်ခိုးကို မိမိ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖျက်ဆီးပစ်တော်မူမည်။ ထိုအပြင် ထိုကဲ့သို မကောင်းမှုကိုလုပ်ဆောင်သောသူတိုအပေါ်၌လည်း သခင်ယေရှု ဂရုဏာစိတ်ရှိတော်မူသည်။ အကြောင်းမူကား သခင်ယေရှုသည် သူတိုအတွက် အသေခံရန် ကြွလာတော််မူခဲ့သည်။ သူတိုကို ရွေးနှုတ်ဖို၊ ခွင့်လွှတ်ဖိုနှင့်အသစ်ပြန်လည်ပြုပြင်ပေးဖိုရန် ဆင်းကြွလာခြင်းဖြစ်တော်မူသည်။ဆုတောင်းချက်။ ။ကျွန်ုပ်အတွက် သည်းခံပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏သခင်။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• ကြောက်စရာကောင်းသော သိုမဟုတ် နာကျင်စရာအဖြစ်မျိုးကို မည်သည့်အချိန်က ကြုံတွေ့ခဲ့ရသနည်း။• မိမိ၏သည်းခံနိုင်ရည်ကြောင့် ကောင်းသောအကျိုးကိုရရှိခဲ့ပါသလား။• ချစ်ရသူတစ်ယောက်အတွက် လုပ်ဆောင်နေရပါက ခံနိုင်ရည်ရှိဖို ပို၍လွယ်ကူပါသလား။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 19, 202619th March_Lenten Devotions 2026 _ WOHပြကွက်နှင့် လက်တွေ့ကြာသပတေးနေ့၊ မတ်လ ၁၉ ရက်၊၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ပိလတ်မင်းသည် မိမိမနိုင် လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင်တို ကြည့်ကြလော့ဟု ဆို၏။ထိုလူအပေါင်းတိုက သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်း သားမြေးတိုခေါင်းပေါ်၌လည်း ကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတိုအား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။ (ရှင်မဿဲ ၂၇: ၂၄-၂၆)ပိလတ်မင်းသည် သခင်ယေရှု၏သွေးကို လက်ဆေးကြောခြင်းဖြင့် ပြဇာတ်ဆန်ဆန် ပြုမူနေတာဖြစ်ပြီး ဖြစ်လာတော့မည့်အရာများကို သူတတ်နိုင်သ လောက် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို ကြိုးစားနေခြင်းသာဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိပါ။ သခင်ယေရှုကို သတ်ဖို တရားဝင်အာဏာရှိသူမှာ ပိလတ်မင်းတစ်ဦးတည်းသာရှိကြောင်း လူတိုင်းသိကြသည်။လူအုပ်ကြီးမှလည်း သူတို၏ပြင်းထန်သောစကားလုံးများဖြင့်"သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်းသားမြေးတိုခေါင်းပေါ်၌လည်းကောင်းတည်ရှိပါစေ" ဟု ပြဇာတ်ဆန်ဆန် ပြောဆိုနေကြသည်။ သူတို တကယ်ဆိုလိုကြသည် မဟုတ်ပါ။ ပိလတ်မင်းကို ပွဲဆက်ကစေလို၍ဖြစ်သည်။ သခင်ယေရှု၏သေခြင်းအတွက် သူတို တာဝန်ယူရမည်မဟုတ်ဟု သူတိုသေချာသိနေ၍ဖြစ်သည်။မည်သူကမျှ သူတိုပြုသောမကောင်းမှုအတွက် အတင်းပြန်၍ပေးဆပ်ရလိမ့်မည်မဟုတ်။သိုသော် သခင်ယေရှုသည် ပြကွက်ဆန်ဆန်လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ။ တကယ့်အဖြစ်မှန်ကို ပြသနေခြင်းသာဖြစ်သည်။ နာကျင်ရသော ခြေလှမ်းတိုင်း၊ သွေးစက် သွန်းလောင်းသည့်အချိန်တိုင်းသည် လက်တွေ့ကြုံတွေ့နေရခြင်းဖြစ်သည်။မိမိလုပ် ဆောင်နေသောအမှုအရာသည် မိမိကို ယုံကြည်သူတိုင်းကို အပြစ်၊ သေခြင်းနှင့်မာရ်နတ်၏တန်ခိုးထဲမှ ကယ်တင်နိုင်မည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်၊သခင်ယေရှု၏ဆင်းရဲဒုက္ခခံခြင်း၊သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတိုသည်ကျွန်ုပ်တိုအပေါ်ဖြစ်ပျက်ခဲ့ဖူးသမျှတွင်အမှန်ကန်ဆုံးသောအရာများဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်နှင့် ရှက်ရွံမှုတွင်သေဆုံးနေသူများကို ခေါ်ဆောင်သွားပြီး ဘုရား သခင်၏ ခွင့်လွှတ်ခြင်းခံရသော၊ ကောင်းချီးခံစားရသော သားသမီးများအဖြစ်သို ပြောင်းလဲပေးသော ကြောင့်ဖြစ်သည်။ဆုတောင်းချက်။ ။ဘုရားသခင်၊ ကျွန်ုပ်ကို အမှန်တကယ်ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• လူအုပ်၏စကားများသည် ကျိန်စာတစ်ခုသာဖြစ် သည်။ ဘုရားသခင်မှ အဘယ်သို ထိုကျိန်စာကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးတော်မူသ နည်း။• ဘုရားသခင်သည် သခင်ယေရှု၏အသွေးတော်ကို ကျွန်ုပ်တိုနှင့် ကျွန်ုပ်တို၏သားသမီးများအပေါ် မည် သိုသွန်းလောင်းတော်မူသနည်း။• သခင်ယေရှု၏အသွေးတော်ကြောင့် ကျွန်ုပ်တိုရရှိသောအကျိုးများကား အဘယ်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
March 18, 202618th March_Lenten Devotions 2026 _ WOHကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ။ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတိုကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သိုထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။ ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတိုအား ပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတိုက၊ အကျွန်ုပ်တို၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတိုလက်သို အပ်သဖြင့်၊ သူတိုသည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။(ရှင်ယောဟန် ၁၉:၁၂-၁၆)ဆုံးဖြတ်ချက်ချလုပ်ဆောင်ဖို မည်မျှကြောက်စရာကောင်းသနည်း။ အကြောင်းမူကား ထိုလူတိုသည် ဘုရားသခင်ရွေးချယ်ထားသောလူမျိုး၊ အစ္စရေး၏ သားစဉ်မြေးဆက်များဖြစ်ပြီး ဘုရားသခင်သည်သာ သူတို၏ဘုရင်ဖြစ်ရမည်ဟု လက်ခံထားသူများဖြစ်ကြသည်။ သိုသော် ယခု လူ့ဇာတိခံယူပြီး ကြွလာတော်မူသောသခင်ယေရှုကိုမူ သူတို လက်မခံကြပါ။ သခင်ယေရှုကို မေရှိယနှင့် ဘုရင်အဖြစ် လက်ခံမည့်အစား၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သည်အထိ ဘာမဆိုသူတို လုပ်ကြလိမ့်မည်။ သူတိုသည် ကဲသာကို ပိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကဲသာသည် သူတို၏ရာထူးကို ခြိမ်းခြောက်မည်မဟုတ်ဟု သူတိုထင်သောကြောင့်ဖြစ်သည်။ (နောက်အနှစ် ၄၀ လောက်ကြာပြီးနောက် ဂျေရုဆလင်မြိုသည် တိတုနှင့် ဗက်စပါစီယန်တိုလက်ထဲကျရောက်သွားသည့်အခါ သင်ခန်းစာရရှိခဲ့ကြသည်။)သိုသော်ကျွန်တော်တိုသည်လည်း ဤရွေးချယ်မှုနှင့် ရင်ဆိုင်နေကြရသည် မဟုတ်ပါလား။ ကျွန်တော်တိုသည် လောကီအာဏာပိုင်များ - နိုင်ငံရေးသမားများ၊ ချမ်းသာသူများ၊ စစ်သားများနှင့် လက်နက် ကိုင်သူများကို ယုံကြည်ကိုးစားနိုင်ကြသည်။ သိုမ ဟုတ် ကျွန်တော်တိုအတွက် သူ၏အသက်ကို စွန့်လှူပေးဆပ်ခြင်းဖြင့် သူ့ကို ယုံကြည်ကိုးစားသူများအား ဘုရားသခင်၏နိုင်ငံတော်၌ ခိုလှုခွင့်ပေးကာ ထာဝရအသက်ကို ပေးသနားတော်မူရန် သေခြင်းမှ ထ မြောက်တော်မူသော သခင်ယေရှုကို ယုံကြည်ကိုးစားနိုင်ကြသည်။ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ် တော်ကို အစဉ်အမြဲယုံကြည်ကိုးစားပါ၏။ အာမင်။သုံးသပ်ချက်မေးခွန်းများ-• မြေကြီးပေါ်ရှိ အုပ်စိုးရှင်များသည် သခင်ယေရှုကို အဘယ်ကြောင့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသနည်း။• မည်သူ့ကို တခြားသူများထက် ဦးဆုံး သစ္စာစောင့်သနည်း။• အဘယ်ကြောင့်နည်း။#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion...more4minPlay
FAQs about Behold Your King! (Lenten Devotion 2026):How many episodes does Behold Your King! (Lenten Devotion 2026) have?The podcast currently has 48 episodes available.