သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးခြင်း။
စနေနေ့၊ မတ်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတိုသည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ (ရှင်လုကာ ၂၃:၂၆)
အထက်ပါ အဖြစ်၏နောက်တွင် သခင်ယေရှုသည် ကြီးစွာသောအခြေအနေထဲသို သက်ဆင်းရ၏။ ဗုဒ္ဓ ဟူးနေ့ညမှစ၍ အိပ်ပျော်တော်မမူ ကြာသပတေးနေ့ ပသခါညစာစားစဥ်၌လည်း အစာကိုကောင်းစွာမစားခဲ့ရပါ။ အဘယ်သူကမျှ သခင်ယေရှုကို ရေတိုက်သည်ဟူ၍ မှတ်တမ်းမရှိပါ။ ၄င်းအစား သခင်ယေရှုသည် ရိုက်နှက်ခံရသည်။ ပါးရိုက်ခံရသည်။ တံတွေး ထွေးခံရသည်။ တစ်နေရာမှ တစ်နေရာသိုဆွဲခေါ်သွားခံရသည်။ သေလုမျောပါး ရိုက်နှက်ခံရသည်။ သွေးအများကြီး ဆုံးရှုးခဲ့ရသည်။ ပိုဆိုးသောအခြေအနေများကိုကြုံတွေ့ရဦးမည်။
သခင်ယေရှုသည် လေးလံသော လက်ဝါးကပ်တိုင်ကို ကွပ်မျက်ရာနေရာဖြစ်သည့်ဂေါလဂေါသသို သယ်ဆောင်သွားရမည်။ သိုသော် ရုပ်ခန္ဓာမှာ သယ်ဆောင်နိုင်စွမ်းမရှိတော့ပါ။ လက်ဝါးကပ်တိုင်သို မရောက်မီ သခင်ယေရှု၏ အသက်ဆုံးပါက ကြီးမား သော ဒုက္ခများနှင့် ရင်ဆိုင်ရမည်ကို စစ်သားများ သိကြသည်။ ထိုကြောင့် သူတိုသည် လမ်းဘေး၌ရပ်၍ ကြည့်နေသူတစ်ဦးဖြစ်သည့် ကုရေနေမြိုသား ရှိမုန်ကို ဖမ်းဆီးကြသည်။
ရှိမုန်သည်လည်း ထိတ်လန့်တုန်လှုပ်သွားမိသာဖြစ် သည်။ သာမန်ရာဇဝတ်သားတစ်ယောက်နည်းတူ လက်ဝါးကပ်တိုင်ကို ထမ်းရမည်လား။ သိုသော်ရော မစစ်သားများမှ သူ့ကို အတင်းအကျပ် ထမ်းခိုင်းပိုင်ခွင့်ရှိသောကြောင့် သူလည်း လုပ်ခဲ့ရသည်။ ရှိမုန်သည် သခင်ယေရှုကိုဂေါလဂေါသအထိ လိုက်ပါ ပိုဆောင်၍ ကူထမ်းပေးခဲ့သည်။
ထိုနေ့က ရှိမုန်သည် အဘယ်သူ၏လက်ဝါးကပ်တိုင်ကို ထမ်းနေခဲ့သနည်း။ သခင်ယေရှုကိုယ်တော်တိုင် မှ သူ့အတွက်ထမ်းနေကြောင်းကိုရှိမုန်သိပါမည်လားဟု ကျွန်တော်တွေးမိသည်။ ရှိမုန်သည် ခရစ်ယာန်တစ်ယောက် ဖြစ်လမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏နာမည်နှင့် သူ့သားများ၏ နာ မည်များကို ကနဦးအသင်းတော်က သိကြသည်။ ထို ကြောင့် သခင်ယေရှုသည် ရှိမုန်အတွက်၊ ကျွန်တော်တိုအားလုံးအတွက်ပါ - ကျွန်တော်တို၏အပြစ်များ၊ရှက်ရွံမှုများကို သေခြင်းအထိ - ထာဝရဖျက်ဆီးပေးဖိုရန် သယ်ယူသွားတော်မူသည်။ ထိုနောက်သခင်ယေရှုသည် ကျွန်တော်တို၏ ကယ်တင်ရှင်နှင့် ကျွန် တော်တို၏ဝမ်းမြောက်ခြင်းအဖြစ်အသက်ရှင်လျက် ကျွန်တော်တိုထံသို ပြန်လာတော်မူခဲ့သည်။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် သယ်ဆောင်ပေးသောအရာများအတွက် ကျေးဇူး တင်ပါသည်။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• နောက်ပိုင်းတွင် ဆိုင်မွန်သည် ဂုဏ်ယူနေမည်ဟု ထင်ပါသလား။
• မိမိမလုပ်ချင်သော ကောင်းမှုတစ်ခုကို လုပ်ဖို အခွင့် အရေးရခဲ့ဖူးပါသလား။
• ယခု မည်သိုခံစားရပါသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion