Behold Your King! (Lenten Devotion 2026)

23rd March_Lenten Devotions 2026 _ WOH


Listen Later

ဂရုစိုက်ပေးဆပ်သူ။

တနင်္လာနေ့၊ မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်၊။



ကျမ်းချက်။ ။ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို ရောက်ကြသော်၊ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တိုကို စာရေးတံချ၍ ဝေဖန်ကြ၏။(ရှင်မဿဲ ၂၇:၃၃-၃၅)



သခင်ယေရှုသည် ဆေးခါးနှင့်ရောထားသော ပုံးရည်ကို မသောက်ပါ။ ၎င်းသည် စိတ်ငြိမ်စေ၍ နာကျင်မှုကိုသက်သာစေသောဆေးဖြစ်ပြီး စစ်သားများမှ သ ခင်ယေရှုကို လက်ဝါးကပ်တိုင်သိုတင်ခြင်းအလုပ်ကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်ခဲ့ပုံရသည်။ သိုသော်သ ခင်ယေရှုသည် မိမိ၏ဒုက္ခကို စိတ်ကြည်လင်စွာဖြင့် ဖြတ်သန်းလိုပုံရသည်။ ထိုကြောင့် ငြင်းပယ်တော်မူခဲ့သည်။



အဘယ်ကြောင့်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တိုအတွက် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့သည်။ ၎င်းမှာ ကျွန်ုပ်တိုအားလုံးကို အပြစ်၊ သေခြင်း နှင့် မကောင်းမှုတို၏ကျွန်ဘဝမှ လွတ်မြောက်စေမည့် အမှုဖြစ်သည်။ သခင်ယေရှုသည် အရာများ မှားယွင်းသွားမည်ကို လုံးဝလက်မခံပါ။ ထိုအတွက် မိမိသည် ပို၍နာကျင်ရမည်ဆိုပါကလည်း နာကျင်မှုဝေဒနာကိုသာရွေးယူတော်မူသည်။

နောက်ထပ်အကြောင်းရင်းတစ်ခုကို ကျွန်တော်တိုသိမြင်နိုင်သည်။ သခင်ယေရှုသည် မိမိပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ်များကို ဂရုစိုက်မြဲဖြစ်တော်မူသည်။ လက်ဝါးကပ်တိုင်ခြေရင်းမှာ ရပ်နေသောနောက် လိုက်အနည်းငယ်၊ အသက်ဆုံးခါနီး မိမိကိုယုံကြည်ဖို နောက်ဆုံးအခွင့်အရေးရခဲ့သော ဘေးနှစ်ဖက်မှာ ရာဇဝတ်သားများ၊ မည်သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ထားကြောင်း မသိနားမလည်ကြသောစစ်သားများကိုပင် ဂရုစိုက်ဆဲဖြစ်တော်မူသည်။ လက်ဝါး ကပ်တိုင်၌ ချိတ်ဆွဲထားခြင်းကိုခံယူနေရစဥ်မှာပင်ထိုသူတို၏လိုအပ်ချက်ကို ဖြည့်ပေးတော်မူခဲ့သည်။ ကိုယ်တော်တိုင် သေခြင်းကိုခံယူရသည့်အချိန်အထိ၊ ထိုနောက် ရှင်ပြန်ထမြောက်ချိန်အထိ သူတိုနှင့် ကျွန်တော်တိုကို ဂရုစိုက်ပေးဆပ်မြဲဖြစ်တော်မူသည်။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏လိုအပ် ချက်များကို ကိုယ်တော်၏လိုအပ်ချက်များထက် အမြဲဦးစားပေးတော်မူ၏။ ကျွန်ုပ်အား ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-



• မိမိ ပေးဆပ်ရသည့်တိုင်အောင် တစ်စုံတစ်ယောက်ကို မည်သည့်အချိန်က ဂရုစိုက်ပေးခဲ့ဖူးသနည်း၊

• ပေးဆပ်လိုက်ရသည့်အတွက် ဝမ်းသာကာသလား။ အဘယ်ကြောင့်နည်း။

• သခင်ယေရှုသည် မိတ်ဆွေအတွက် သူလုပ်ဆောင်ပေးခဲ့သည့်အမှုအရာကို သတိရသောအခါ - ၎င်းနှင့်ပတ်သက်၍ မည်သည့်ခံစားချက်ရှိမည်နည်း။ မိတ်ဆွေအပေါ် မည်သိုသောသဘောထားရှိမည်နည်း။







#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)