ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိ။
ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတိုကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သိုထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။ ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတိုအား ပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတိုက၊ အကျွန်ုပ်တို၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတိုလက်သို အပ်သဖြင့်၊ သူတိုသည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။(ရှင်ယောဟန် ၁၉:၁၂-၁၆)
ဆုံးဖြတ်ချက်ချလုပ်ဆောင်ဖို မည်မျှကြောက်စရာကောင်းသနည်း။ အကြောင်းမူကား ထိုလူတိုသည် ဘုရားသခင်ရွေးချယ်ထားသောလူမျိုး၊ အစ္စရေး၏ သားစဉ်မြေးဆက်များဖြစ်ပြီး ဘုရားသခင်သည်သာ သူတို၏ဘုရင်ဖြစ်ရမည်ဟု လက်ခံထားသူများဖြစ်ကြသည်။ သိုသော် ယခု လူ့ဇာတိခံယူပြီး ကြွလာတော်မူသောသခင်ယေရှုကိုမူ သူတို လက်မခံကြပါ။ သခင်ယေရှုကို မေရှိယနှင့် ဘုရင်အဖြစ် လက်ခံမည့်အစား၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သည်အထိ ဘာမဆိုသူတို လုပ်ကြလိမ့်မည်။ သူတိုသည် ကဲသာကို ပိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကဲသာသည် သူတို၏ရာထူးကို ခြိမ်းခြောက်မည်မဟုတ်ဟု သူတိုထင်သောကြောင့်ဖြစ်သည်။ (နောက်အနှစ် ၄၀ လောက်ကြာပြီးနောက် ဂျေရုဆလင်မြိုသည် တိတုနှင့် ဗက်စပါစီယန်တိုလက်ထဲကျရောက်သွားသည့်အခါ သင်ခန်းစာရရှိခဲ့ကြသည်။)
သိုသော်ကျွန်တော်တိုသည်လည်း ဤရွေးချယ်မှုနှင့် ရင်ဆိုင်နေကြရသည် မဟုတ်ပါလား။ ကျွန်တော်တိုသည် လောကီအာဏာပိုင်များ - နိုင်ငံရေးသမားများ၊ ချမ်းသာသူများ၊ စစ်သားများနှင့် လက်နက် ကိုင်သူများကို ယုံကြည်ကိုးစားနိုင်ကြသည်။ သိုမ ဟုတ် ကျွန်တော်တိုအတွက် သူ၏အသက်ကို စွန့်လှူပေးဆပ်ခြင်းဖြင့် သူ့ကို ယုံကြည်ကိုးစားသူများအား ဘုရားသခင်၏နိုင်ငံတော်၌ ခိုလှုခွင့်ပေးကာ ထာဝရအသက်ကို ပေးသနားတော်မူရန် သေခြင်းမှ ထ မြောက်တော်မူသော သခင်ယေရှုကို ယုံကြည်ကိုးစားနိုင်ကြသည်။
ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ် တော်ကို အစဉ်အမြဲယုံကြည်ကိုးစားပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• မြေကြီးပေါ်ရှိ အုပ်စိုးရှင်များသည် သခင်ယေရှုကို အဘယ်ကြောင့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသနည်း။
• မည်သူ့ကို တခြားသူများထက် ဦးဆုံး သစ္စာစောင့်သနည်း။
• အဘယ်ကြောင့်နည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion