Behold Your King! (Lenten Devotion 2026)

26th March_Lenten Devotions 2026 _ WOH


Listen Later

ဘုန်းတန်ခိုးလား သိုမဟုတ် အားနည်းချက်လား။

ကြာသပတေးနေ့၊ မတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။လမ်းမှာ သွားလာသောသူတိုကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။ ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတိုခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတိုက၊ ဤသူသည် သူတစ်ပါးတိုကို ကယ်တင်တတ် ၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတိုယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သိုဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။(ရှင်မဿဲ ၂၇:၃၉-၄၃)

သူတိုပြောသည်ကို လိုက်လုပ်ဖို၊ သူတိုတကယ်ယုံ ကြည်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် လက်ဝါး ကပ်တိုင်မှ ဆင်းလာဖို သခင်ယေရှုကို သွေးဆောင်ခြင်းဖြစ်မည်လားဟု ကျွန်တော်တွေးမိသည်။ သူတိုသည် မိမိကို ပြက်ရယ်ပြုနေကြောင်းကို သခင်ယေရှုသိတော်မူသည်။ သိုရာတွင်သခင်ယေရှု၏ဓမ္မအမှုကိုဆောင်ရွက်သည့် ခြေလှမ်းတိုင်းတွင် အား နည်းခြင်းအစား တန်ခိုးပြမှုများမှကတစ်ဆင့် လူတို ယုံကြည်လာအောင်၊ အံ့ဖွယ်အမှုများဖြင့် မြေကြီးပေါ်၌ အောင်ပွဲခံရန်၊ ကတိတော်များမှတစ်ဆင့် နောက်လိုက်များကို စုဆောင်းဖို သွေးဆောင်မှုများကို သခင်ယေရှု ရင်ဆိုင်ခဲ့ရသည်။ ထိုနည်းတူစွာ ဘု ရားသခင်၏ သားတော်အနေဖြင့် မိမိ၏တန်ခိုးတော်ကို အံ့ဖွယ်အမှုတစ်ခုကနေတစ်ဆင့် မိမိကိုယ်ကို ကယ်တင်ဖို အသုံးပြုသင့်တော််မူသလား။ သိုမ ဟုတ် ဘုရားသခင်၏အစီအစဉ်အတိုင်း ဒုက္ခခံခြင်း၊ အသေခံခြင်းတိုကို ခံယူ၍၊ ခမည်းတော်ဘုရားသခင်မှ မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကိုယုံ ကြည်ခြင်းဖြင့် ဖြတ်သန်းသွားသင့်ပါသလား။



မည်သည်ကို သခင်ယေရှုရွေးချယ်ခဲ့သည်ကို ကျွန်ုပ်တိုသိကြသည်။ ကျွန်ုပ်တို၏အသက်တာထဲ၌လည်း သခင်ယေရှုမှ ဆက်လက်ရွေးချယ်နေဆဲဖြစ်တော်မူသည်။ ဘုရားသခင်ထံ ကျွန်ုပ်တိုအတွက် အံ့ဖွယ်အမှုများလုပ်ဆောင်ဖို တောင်းလျှောက်သည့်အချိန်တိုင်း “ငါ့ကျေးဇူးသည် သင့်အဖိုလောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟုမိန့်တော်မူ၏” ဟုပြန်ဖြေတော်မူသည်။ (၂ ကောရိန္သု ၁၂:၉က)

ဆုတောင်းချက်။ ။သခင်ယေရှု၊ ကျွန်ုပ်အတွက် အံ့ ဖွယ်အမှုများကိုပြုလုပ်ပေးမည့်အစား ကျွန်ုပ်၏ဘဝခရီးခက်ခဲစွာဖြတ်သန်းနေရချိန် ကိုယ်တော်ကိုသာ ယုံကြည်ကိုးစားမှုရှိစေရန် ကူညီပေးတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-



• သခင်ယေရှုသည် သူတိုအကြံပြုသည့်အတိုင်း လုပ် ဆောင်ခဲ့ပါက—ကျွန်ုပ်တိုအပေါ် မည်သိုဖြစ်ပျက်ခဲ့မည်နည်း။

• ဘုရားသခင်သည် အံ့ဖွယ်အမှုများကိုတောင်းလျှောက်သော ကျွန်ုပ်တို၏ဆုတောင်းချက်များကို အဘယ်ကြောင့် မကြာခဏ ငြင်းဆိုတော်မူရသနည်း။

• ဘုရားသခင်ထံမှ အဖြေမရသော်လည်း မိမိအပေါ်ထားသောဘုရားသခင်၏မေတ္တာတော်ကို မည်သိုဆက်လက်ယုံကြည်ကိုစားမည်နည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)