သခင်ယေရှု၏အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။လူများတိုသည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ (ရှင်လုကာ ၂၃:၃၄ခ-၃၅က) လူတိုကွယ်လွန်သွားသည့်အခါ ထိုသူ၏အမွေကို တာဝန်ယူဖြေရှင်းပေးသူတစ်ယောက်ရှိမြဲဖြစ်သည်။ သေတမ်းစာရှိပါက ကွယ်လွန်သွားသူ၏ ညွှန်ကြား ချက်များကို လိုက်နာကြပြီး ထိုကွယ်လွန်သူ၏ အမွေဆက်ခံမည့်သူများ သိုမဟုတ် သူမ သည် ကွယ်လွန်သူနှင့် သက်ဆိုင်ခဲ့သူဖြစ်၊မဖြစ်ကို သေချာစေသည်။
သခင်ယေရှု၏ပိုင်ဆိုင်မှုသည် အလွန်ရိုးရှင်းသည်။ သခင်ယေရှု၏ခန္ဓာပေါ်ရှိ ဝတ်ရုံ၊ အင်္ကျီ၊ ခါးစည်း၊ ခြေညှပ်ဖိနပ်၊ ဦးခေါင်းကိုဖုံးရန် အဝတ်တစ်ထည်မှလွဲ၍ ခွဲဝေယူရန် ဘာမှမရှိပါ။
ဤသည်ကိုပင် သခင်ယေရှု၏ပိုင်ဆိုင်မှုများကို ခွဲဝေယူဖိုရန် လက်ဝါးကပ်တိုင်ခြေရင်းတွင် စစ်သားများ စာရေးတံချနေခဲ့ကြသည်။သိုတိုင်အောင် သခင်ယေရှုသည် သူ၏အမွေခံများအကြား ခွဲဝေရန် အခြားပစ္စည်းများကိုလည်း ချန်ထားခဲ့တော်မူသည်။ သိုသော် အကောင်အထည်ဖော်လုပ်ဆောင်နေသူမှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တို၏အပြစ်များကို ခွင့်လွှတ်ပေးတော်မူသည်။ ကျွန်ုပ်တို၏ရှက်ရွံမှုနှင့် အပြစ်အားလုံးကို ထာဝရဆေးကြောပေးခဲ့တော်မူသည်။ ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့် ဘု ရားသခင်၏မိသားစုဝင်သားသမီးများအဖြစ် ထာဝရနေရာတစ်ခုကို ချန်ထားခဲ့သည်။ မကောင်းမှုမှ ကျွန်ုပ်တို၏ဘဝထဲသို ယူဆောင်လာသော ကျိုးပဲ့ပျက်စီးမှုအားလုံးအတွက် ကုစားခြင်းကို ချန်ထားခဲ့သည်။ ထိုအပြင် ထာဝရအသက်ကို ချန်ထားခဲ့တော်မူသည်။ ယခု သေခြင်းထဲမှ ထမြောက်ပြီးနောက်ထာဝရအသက်ရှင်တော်မူသောကြောင့်ဝမ်းမြောက်စွာဖြင့်ကျွန်ုပ်တိုအတွက်ထာဝရအသက်တည်းဟူသောလက်ဆောင်ကိုပေးတော်မူသည်။
ဆုတောင်းချက်။ ။ချစ်စွာသောသခင်ယေရှု၊ ကိုယ် တော်ပေးတော်မူသော ကိုယ်တော်၏ဆုကျေးဇူးများအတွက် ကျေးဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• တစ်စုံတစ်ခု အမွေဆက်ခံဖူးပါသလား။ အဘယ်အရာနည်း။
• ယခု သခင်ယေရှုသည် ပြန်လည်အသက်ရှင်တော်မူပြီဖြစ်သောကြောင့် သူ၏ပိုင်ဆိုင်မှုများကို ပြန်လည်ယူဆောင်သွားပြီလော။
• ယခုချိန်တွင် မိတ်ဆွေ၏အမြင်အရ သခင်ယေရှုသည် မိတ်ဆွေကို ပေးခဲ့သော အကောင်းဆုံးလက် ဆောင်ကားအဘယ်လက်ဆောင်ဖြစ်မည်
• နည်း။ အ ဘယ်ကြောင့်နည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion