Behold Your King! (Lenten Devotion 2026)

20th March_Lenten Devotions 2026 _ WOH


Listen Later

သည်းခံနိုင်စွမ်း။

သောကြာနေ့၊ မတ်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ထိုအခါ မြိုဝန်မင်း၏ စစ်သူရဲတိုသည် ယေရှုကို အိမ်တော်ဦးသို ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။ ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။ ထိုသို ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။ (ရှင်မဿဲ ၂၇:၂၇-၃၁)

ဤသည်မှာ တုန်လှုပ်စရာပင်ဖြစ်သည်။ လက်ဝါး ကပ်တိုင်တွင် သခင်ယေရှု အသက်ရှင်နေသရွေ့ သူတိုစိတ်ကြိုက် ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းဖို လူ ၆၀၀ ရှိနေသည်ကို မြင်ယောင်ကြည့်ပါ။ လူအများကြီးကို ခွင့်ပြုထားသည်။ လှောင်ပြောင်ခြင်း၊ အဝတ်ချွတ်ယူခြင်း၊ တံတွေးထွေးခြင်းများကို လုပ်ဆောင်ကြသည်။ ဆူးဖြင့်ရက်သောဦးရစ်ကို ဦးခေါင်းတွင်ဆောင်းပေးဖို၊ တုတ်နှင့်ခေါင်းကို ရိုက်ဖို၊ ထိုနောက် ပျက်ရယ်ပြုသံများဖြင့် လူတိုတွင် အဆိုးရွားဆုံးလူတိုကို မည်သူကမျှဆီးတားခြင်းမရှိဘဲ အပြစ်မဲ့သူကို နှိပ်စက်ညှဉ်းပန်းဖို လွှတ်ပေးထားသည်။

သခင်ယေရှုသည် ထိုသူတိုကို ရပ်တန့်စေနိုင်တော်မူသည်။ မည်သည့်အချိန်တွင်မဆို မိမိ၌ ဤအရာအား လုံးကို ရပ်တန့်နိုင်သော တန်ခိုးရှိကြောင်းကို သခင်ယေရှုသိတော်မူ၏။(မဿဲ ၂၆:၅၃ ကိုဖတ်ပါ)

သိုသော် သခင်ယေရှုသည် ရပ်တန့်တော်မမူခဲ့ပါ။အကြောင်းရင်းမှာ သခင်ယေရှု၏စိတ်ထဲတွင် ကျွန်ုပ်တို ရှိနေသောကြောင့်ဖြစ်သည်။ နှိပ်စက်ခံနေရသူ များ၊ ရိုက်နှက်ခံရဖူးသူများ၊ ထိခိုက်ဒဏ်ရာရဖူးသူ များ၊ လှောင်ပြောင်ခံရသူများ၊ မတရားသဖြင့် သေ ဒဏ်ပေးခံရသူများသည်၊ ယခု သခင်ယေရှုတွေ့ကြုံနေရသော မကောင်းမှု၏တန်ခိုးနှင့်အတူတူပင်ဖြစ် သည်။ ထိုမကောင်း၏တန်ခိုးကို မိမိ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖျက်ဆီးပစ်တော်မူမည်။ ထိုအပြင် ထိုကဲ့သို မကောင်းမှုကိုလုပ်ဆောင်သောသူတိုအပေါ်၌လည်း သခင်ယေရှု ဂရုဏာစိတ်ရှိတော်မူသည်။ အကြောင်းမူကား သခင်ယေရှုသည် သူတိုအတွက် အသေခံရန် ကြွလာတော််မူခဲ့သည်။ သူတိုကို ရွေးနှုတ်ဖို၊ ခွင့်လွှတ်ဖိုနှင့်အသစ်ပြန်လည်ပြုပြင်ပေးဖိုရန် ဆင်းကြွလာခြင်းဖြစ်တော်မူသည်။



ဆုတောင်းချက်။ ။ကျွန်ုပ်အတွက် သည်းခံပေးတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏သခင်။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-



• ကြောက်စရာကောင်းသော သိုမဟုတ် နာကျင်စရာအဖြစ်မျိုးကို မည်သည့်အချိန်က ကြုံတွေ့ခဲ့ရသနည်း။

• မိမိ၏သည်းခံနိုင်ရည်ကြောင့် ကောင်းသောအကျိုးကိုရရှိခဲ့ပါသလား။

• ချစ်ရသူတစ်ယောက်အတွက် လုပ်ဆောင်နေရပါက ခံနိုင်ရည်ရှိဖို ပို၍လွယ်ကူပါသလား။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion


...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)