ပြကွက်နှင့် လက်တွေ့
ကြာသပတေးနေ့၊ မတ်လ ၁၉ ရက်၊၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ပိလတ်မင်းသည် မိမိမနိုင် လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင်တို ကြည့်ကြလော့ဟု ဆို၏။ထိုလူအပေါင်းတိုက သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်း သားမြေးတိုခေါင်းပေါ်၌လည်း ကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတိုအား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။ (ရှင်မဿဲ ၂၇: ၂၄-၂၆)
ပိလတ်မင်းသည် သခင်ယေရှု၏သွေးကို လက်ဆေးကြောခြင်းဖြင့် ပြဇာတ်ဆန်ဆန် ပြုမူနေတာဖြစ်ပြီး ဖြစ်လာတော့မည့်အရာများကို သူတတ်နိုင်သ လောက် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို ကြိုးစားနေခြင်းသာဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိပါ။ သခင်ယေရှုကို သတ်ဖို တရားဝင်အာဏာရှိသူမှာ ပိလတ်မင်းတစ်ဦးတည်းသာရှိကြောင်း လူတိုင်းသိကြသည်။
လူအုပ်ကြီးမှလည်း သူတို၏ပြင်းထန်သောစကားလုံးများဖြင့်"သူ၏အသွေးသည် ငါတို၏ ခေါင်းပေါ်၌လည်းကောင်းသားမြေးတိုခေါင်းပေါ်၌လည်းကောင်းတည်ရှိပါစေ" ဟု ပြဇာတ်ဆန်ဆန် ပြောဆိုနေကြသည်။ သူတို တကယ်ဆိုလိုကြသည် မဟုတ်ပါ။ ပိလတ်မင်းကို ပွဲဆက်ကစေလို၍ဖြစ်သည်။ သခင်ယေရှု၏သေခြင်းအတွက် သူတို တာဝန်ယူရမည်မဟုတ်ဟု သူတိုသေချာသိနေ၍ဖြစ်သည်။မည်သူကမျှ သူတိုပြုသောမကောင်းမှုအတွက် အတင်းပြန်၍ပေးဆပ်ရလိမ့်မည်မဟုတ်။
သိုသော် သခင်ယေရှုသည် ပြကွက်ဆန်ဆန်လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ။ တကယ့်အဖြစ်မှန်ကို ပြသနေခြင်းသာဖြစ်သည်။ နာကျင်ရသော ခြေလှမ်းတိုင်း၊ သွေးစက် သွန်းလောင်းသည့်အချိန်တိုင်းသည် လက်တွေ့ကြုံတွေ့နေရခြင်းဖြစ်သည်။မိမိလုပ် ဆောင်နေသောအမှုအရာသည် မိမိကို ယုံကြည်သူတိုင်းကို အပြစ်၊ သေခြင်းနှင့်မာရ်နတ်၏တန်ခိုးထဲမှ ကယ်တင်နိုင်မည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်၊
သခင်ယေရှု၏ဆင်းရဲဒုက္ခခံခြင်း၊သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတိုသည်ကျွန်ုပ်တိုအပေါ်ဖြစ်ပျက်ခဲ့ဖူးသမျှတွင်အမှန်ကန်ဆုံးသောအရာများဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်နှင့် ရှက်ရွံမှုတွင်သေဆုံးနေသူများကို ခေါ်ဆောင်သွားပြီး ဘုရား သခင်၏ ခွင့်လွှတ်ခြင်းခံရသော၊ ကောင်းချီးခံစားရသော သားသမီးများအဖြစ်သို ပြောင်းလဲပေးသော ကြောင့်ဖြစ်သည်။
ဆုတောင်းချက်။ ။ဘုရားသခင်၊ ကျွန်ုပ်ကို အမှန်တကယ်ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• လူအုပ်၏စကားများသည် ကျိန်စာတစ်ခုသာဖြစ် သည်။ ဘုရားသခင်မှ အဘယ်သို ထိုကျိန်စာကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးတော်မူသ နည်း။
• ဘုရားသခင်သည် သခင်ယေရှု၏အသွေးတော်ကို ကျွန်ုပ်တိုနှင့် ကျွန်ုပ်တို၏သားသမီးများအပေါ် မည် သိုသွန်းလောင်းတော်မူသနည်း။
• သခင်ယေရှု၏အသွေးတော်ကြောင့် ကျွန်ုပ်တိုရရှိသောအကျိုးများကား အဘယ်နည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion