Behold Your King! (Lenten Devotion 2026)

22nd March_Lenten Devotions 2026 _ WOH


Listen Later

စိုးရိမ်၍ဂရုစိုက်ပေးခြင်း။

တနင်္ဂနွေနေ့၊ မတ်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်



ကျမ်းချက်။ ။ နောက်တော်၌ လိုက်သောလူများအပေါင်းတိုတွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချိုပါ၏။ထိုသူတိုကိုယေရှုသည်လှည့်ကြည့်၍၊ ယေရုရှလင်မြိုသမီးတို၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတိုနှင့် မိမိတိုသားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစိုဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတိုက၊ အို တောင်များတို၊ ငါတိုအပေါ်သို ကျကြပါ။ အို ကုန်းများတို၊ ငါတိုကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသိုပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၂၇-၃၁)



လက်ဝါးကပ်တိုင်သို လျှောက်ရာလမ်းမှာပင် တခြားလူတစ်ယောက်၏ဒုက္ခကို သခင်ယေရှု ဂရုစိုက်ပေးနိုင်ဆဲဖြစ်နေသည်ကို ကျွန်တော်အံ့သြမိသည်။ ဤအမျိုးသမီးများ မိမိအတွက်ငိုကြွေးနေသည်ကို သ ခင်ယေရှုမြင်ပြီး သူတိုအတွက် စိုးရိမ်စိတ်ရှိတော်မူသည်။ နောက် နှစ် ၄၀ မျှကြာပြီးနောက် ယေရုရှလင်မြိုသည် ရောမစစ်သားများလက်ထဲသို ကျရောက်လိမ့်မည်၊ ပြည်တွင်းစစ်၊ ငတ်မွတ်ခေါင်းပါးမှု၊ ညှဉ်း ပန်းနှိပ်စက်မှုနှင့်မီးလျှံများဖြင့် သုံးနှစ်ကြာရုန်းကန်ပြီးနောက်မှာ ကျဆုံးသွားမည်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူသည်။ အပြစ်နှင့်ကင်းသောဘုရား သခင်၏သားတော်ကိုပင် ထိခိုက်နာကျင်စေသူများမှ ထိုကာလတွင် အသက်ရှင်ကျန်ရစ်မည့် အမျိုးသ မီးများနှင့်ကလေးများကိုလည်း အသက်ချမ်းသာပေးမည်မဟုတ်ပါ။

သခင်ယေရှုသည် သူ၏နောက်လိုက်များအတွက် ညွှန်ကြားချက်များထားခဲ့ပြီးဖြစ်သည့်အတွက် မြိုကျသောအခါ သူတိုသည် အံ့အားသင့်မည်မဟုတ်ပါ။ (ရှင်လုကာ ၂၁:၂၀-၂၄ ကိုဖတ်ပါ) သိုသော်ထိုအမျိုးသမီးများအတွက် သခင်ယေရှုသည် ဒုက္ခဝေ ဒနာခံယူပြီး အသေခံခြင်းမှလွဲ၍ ဘာမှမတတ်နိုင်ပါ။သူတိုသည်လည်း သခင်ယေရှုကို ယုံကြည်လိမ့်မည်။ ကယ်တင်ခြင်းခံရမည်ဟု ဆုတောင်းပေး သည်။

လူတို၏ မကောင်းမှုဝန်ထုပ်ဝန်ပိုးအားလုံးကို လက် ဝါးကပ်တိုင်သို သယ်ဆောင်ခြင်းကို သခင်ယေရှုလုပ်ဆောင်ပေးတော်မူသည်။ လက်ဝါးကားတိုင်တွင် သ ခင်ယေရှုသည် မိမိ၏ခန္ဓာနှင့် အသွေးတော်ကို အားဖြင့် မကောင်းမှု၏တန်ခိုးကို ဖျက်ဆီးပြီး မိမိ၏သေခြင်းဖြင့် ၄င်းကို အဆုံးသတ်စေတော်မူသည်။



သုံးရက်ကြာပြီးနောက် သေခြင်းထဲမှပြန်လည်ရှင်ပြန်ထမြောက်တော်မူသောအခါ၊ သခင်ယေရှုသည် မိမိကို ယုံကြည်ကိုးစားသူကျွန်ုပ်တိုအားလုံးအားထာဝရ အသက်၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတိုကို ပေးတော်မူ၏။



ဆုတောင်းချက်။ ။ သခင်ဘုရား၊ ကျွန်ုပ်တိုအတွက် အမြဲစိုးရိမ်ပူပန်ဂရုစိုက်ပေးသည့်အတွက် ကျေးဇူး တင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• ယခုချိန်တွင် မိတ်ဆွေ စိုးရိမ်၍ဂရုစိုက်စဥ်းစားပေးနေရသူမှာ အဘယ်သူနည်း။

• သူတိုကို မိတ်ဆွေ အဘယ်သိုကူညီနိုင်မည်နည်း။

• ခဏလောက် သူတိုအတွက် ဆုတောင်းပေးပါ။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)