Behold Your King! (Lenten Devotion 2026)

27th March_Lenten Devotions 2026 _ WOH


Listen Later

နောက်ဆုံးစိုးရိမ်မှုများ။

သောကြာနေ့၊ မတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။စစ်သူရဲတိုသည် ထိုသိုပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတိုသည် ရပ်နေကြ၏။ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။(ရှင်ယောဟန် ၁၉:၂၄ခ-၂၇)



သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံတော်မူချိန်အတွင်း ကိုယ်တော်၏ နောက်ဆုံးစိုးရိမ်ပူပန်မှုများကို တစ်ခုပြီးတစ်ခု အပြီးသတ်နေခဲ့သည်ဟု ကျွန်တော်ထင်သည်။ ၎င်းတိုထဲမှတစ်ခုမှာ ပသခါပွဲအတွက် သခင်ယေရှု၏နောက် ဂျေရုဆလင်သို လိုက်လာသော မိခင်အတွက်ဖြစ်သည်။ မိမိမရှိသည့်နောက် သူမ၏မိသားစုတွင် မှီခိုအားထားရန် မည်သူမျှမရှိတော့ပေ။“အကြောင်းမူကား ညီတော်တိုက မယုံကြည်သောကြောင့်”ဖြစ်သည်။ (ယောဟန် ၇:၅)



သူ၏တပည့်ယောဟန် ထိုနေရာတွင် ရပ်နေသည်ကို သခင်ယေရှု မြင်တော်မူသည်။ယောဟန်သည်လည်း သခင်ယေရှုကို ချစ်သောသူဖြစ်သောကြောင့် တခြားတစ်ယောက်ထံမှ နှစ်သိမ့်မှုနှင့်အားပေးမှုတိုကို လို အပ်ပေလိမ့်မည်။ ထိုကြောင့် သခင်ယေရှုသည် မိခင်နှင့်ယောဟန်တိုကို အချင်းချင်း တာဝန်ယူစောင့်ရှောက်စေတော်မူသည်။

ဒီနေ့ သူ့ရဲ့ဘုရားကျောင်းမှာလည်း ကျွန်တော်တိုအတွက် အဲဒီလိုပဲ လုပ်ပေးတယ် မဟုတ်လား။ ယေရှုဟာ ဒုက္ခခံပြီး အသေခံကာ ထာဝရအသက်သစ်ပေးဖို ပြန်ထမြောက်ခဲ့ပေမယ့်လည်း ကျွန်တော်တိုမှာ နေထိုင်ဖို ပျက်စီးနေတဲ့ ကမ္ဘာကြီး ရှိနေပါသေးတယ် - ပြီးတော့ ချစ်လှစွာသော သခင်ရဲ့ မြင်သာထင်ရှားတဲ့၊ လက်တွေ့ကျတဲ့ ရှေ့မှောက်တော်မှောက် မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို တစ်ယောက်ကိုတစ်ယောက် ပေးသနားပါတယ်။ ယုံကြည်သူချင်းတွေရဲ့ မေတ္တာအားဖြင့် ယေရှု ရောင်ပြန်ဟပ်တာကို မြင်တွေ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို ရှေ့ဆက်နိုင်အောင် ကူညီပေးပါတယ်၊ ယေရှုက သူနဲ့အတူ အိမ်ပြန်ခေါ်သွားမယ့်နေ့အထိပါပဲ။



ဆုတောင်းချက်။ ။သခင်ဘုရားကိုယ်တော်၏လူတိုမှတဆင့် အကူအညီနှင့် နှစ်သိမ့်မှုကို အကျွန်ုပ်အား ပေးသနားတော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အခြားသူများကို ကိုယ်တော်ဂရုစိုက်တော်မူသည့်အ ခါအတွက်လည်း အကျွန်ုပ်၏အသက်တာကို အသုံး ပြုတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-



• မိမိ ဒုက္ခရောက်နေချိန် သက်သာရာရဖိုအတွက် အဘယ်အရာကို အားကိုးလေ့ရှိသနည်း။

• သခင်ယေရှု၏လူတိုသည် မိတ်ဆွေ အားကိုးမည့်လူစာရင်းထဲတွင် ပါပါသလား။ အဘယ်ကြောင့်နည်း။အဘယ်ကြောင့် မပါရသနည်း။

• အပြစ်ရှိပြီး ကျိုးနွံနေသောသခင်ယေရှု၏နောက် လိုက်တစ်ဦးမှတစ်ဆင့် မိမိကိုသိုမဟုတ် အခြားသူတစ်ဦးကို ချစ်ခြင်းမေတ္တာဖြင့်အကူအညီပေးဖိုရန် သခင်ယေရှုလုပ်ဆောင်သည်ကို မည်သည့်အချိန်ကမြင်တွေ့ခဲ့ရသနည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion


...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)