Behold Your King! (Lenten Devotion 2026)

24th March_Lenten Devotions 2026 _ WOH


Listen Later

တော်ဝင်တရားခုံရုံး

အင်္ဂါနေ့၊ မတ်လ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တိုကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ကရာနိအမည်ရှိသောအရပ်သို ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတိုကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ယေရှုကလည်း၊ အို အဘ၊ သူတို၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတိုသည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။(ရှင်လုကာ ၂၃:၃၂-၃၄က)



သူတိုသည် ရာဇဝတ်သားနှစ်ယောက်ကို သခင်ယေ ရှု၏တစ်ဖက်တစ်ချက်စီမှာ ထားကြသည်။ သခင်ယေရှုကို ဂျူးလူမျိုးတို၏ဘုရင်အဖြစ် ရည်ညွှန်းနိုင်စေဖိုရန် သူတိုသည် တော်ဝင်တရားခုံရုံးကဲ့သို ဖြစ်အောင် ကြိုးစားနေသည်ဟု ကျွန်တော်ထင်သည်။ သခင်ယေရှုသည် အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ကားတိုင်၏အလယ်တွင်ရှိနေပြီး၊ နန်းတွင်းသားများတစ်ဖက်တစ်ချက်စီမှာရှိနေသည့်ပုံစံမျိုးဖြစ်သည်။ ထိုနောက် သခင်ယေရှုကို ကြည့်ဖို လာသောသူအား လုံးသည် ဘုရင်၏ပလ္လင်ရှေ့တွင်ခစားဖိုရန်လာကြသည့် လူတို၏အခန်းကဏ္ဍကို သရုပ်ဆောင်ကြမှာဖြစ်ပြီး ဂါရဝပြုဖို သိုမဟုတ် တစ်ခုခု တောင်းဆိုဖို လာကြခြင်းဖြစ်မည်။

ဟုတ်ပါသည်၊ဤသည်မှာကြောက်စရာကောင်းသောဟာသတစ်ခုဖြစ်ဖိုရည်ရွယ်ခဲ့ခြင်းဖြစ်သည်။၎င်းသည်သခင်ယေရှုကိုအလွဲသုံးစားပြုသည့်နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပြီးရောမစစ်သားများထံမှ ဂျူးဆန့်ကျင်ရေးခံစားချက်အချိုလည်း ရှိကောင်းရှိနိုင်သည်၊ အံ့သြစရာမဟုတ်ပါ။ သိုသော် သူတိုသတိမထားမိသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို၏ဘုရင်နှင့် ကယ်တင်ရှင်အဖြစ် စိုးစံသည့် စစ်မှန်သောပလ္လင်ခန်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်သည်။



သခင်ယေရှု ၏လက်ဝါးကပ်တိုင်ကို ပလ္လင်အဖြစ်မိတ်ဆွေ၏ စိတ်ထဲတွင်မြင်ယောင်ကြည့်ပါ။ သခင်ယေရှု၏သရဖူသည် ဆူးပင်များနှင့်ဖြစ်ပြီး၊ နန်း တွင်းသားများသည် သူခိုးများဖြစ်ကြသည်။ သခင်ယေရှု၏လက်ထဲတွင် လှံတံအစား သံမှိတစ်ချောင်းရှိသည်။ သခင်ယေရှု၏တော်ဝင်ဝတ်ရုံကမူ အဘယ်မှာနည်း? ကျွန်ုပ်တို၏အပြစ်နှင့်အရှက်များကို ဖုံး အုပ်ဖိုနှင့် ကျွန်ုပ်တိုကို ထာဝရအပိုင်ဖြစ်စေဖို သွန်းတော်မူသောအသွေးတော်သည် တော်ဝင်ဝတ်ရုံဖြစ်တော်မူ၏။



ဆုတောင်းချက်။ ။သခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အသေခံပြီး ပြန်လည်ထမြောက်တော်မူပြီ။ ကိုယ်တော်အား ချစ်သောမေတ္တာဖြင့် ကိုယ်တော်၏ အလိုတော်အတိုင်း နေထိုင်နိုင်ရန် အကျွန်ုပ်အား ကူညီပေးတော်မူပါ။ အာမင်။


သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှုသည် ရန်သူများအတွက် ဆုတောင်းပေးတော်မူခဲ့သည်။ မိတ်ဆွေတွင် ရန်သူများ ရှိပါသ လား။

• ထိုသိုဆိုလျှင် သခင်ယေရှု၏ဉာဏ်ပညာနှင့် မေတ္တာတော်နှင့်အညီ ၎င်းတိုကို မည်သိုဆက်ဆံရမည်ကို သွန်သင်ပေးရန် သခင်ယေရှုအား တောင်းလျှောက်ပါ။

• လူတိုသည် အကူအညီတောင်းဖို တရားရုံးများသိုသွားကြသည်။ ယနေ့ သခင်ယေရှုထံမှ ဘာကိုတောင်းလျှောက်မည်နည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)