Behold Your King! (Lenten Devotion 2026)

19th February_Lenten Devotions 2026 _ WOH


Listen Later

ထင်မှတ်မထားသော။

ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၁၉ ရက်၊၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။ ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစက ထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။ (ရှင်ယောဟန် ၁:၂၉၊ ၃၂-၃၄)

ယောဟန် ၁:၂၅-၃၇ တွင် ထူးဆန်းသောအကြောင်းအရာတစ်ခု ဖြစ်ပေါ်နေသည်။ ယောဟန် ဗတ္တိဇံပေးပေးနေသည့်လူအုပ်ကြားတွင် သခင်ယေရှုသည် လှည့် လည်သွားလာနေပုံရသည်။ လူအုပ်ကြားထဲ၌ မထင်မရှား ရက်အတော်ကြာ အတူသွားလာနေပုံရသည်။အဘယ်သူကမျှ သခင်ယေရှုကို သတိထားမိပုံမရပါ။

ယောဟန်မှလွဲ၍ လူတိုသတိထားမိပုံမရပါ။ ယောဟန်သည် တစ်ကြိမ်ထက်မက စိတ်အားထက် သန်စွာ ဖြင့် သခင်ယေရှုကြွလာမည့်အကြောင်းကို ဖော်ပြခဲ့ပြီး သခင်ယေရှု ဗတ္တိခံယူသည့်နေ့၌ သူမြင်တွေ့ခဲ့ရသောမြင်ကွင်းကို ပြောပြခဲ့သည်။ သူ၏ သက်သေခံချက်ကြောင့် သူ၏တပည့်နှစ်ဦးကို သခင်ယေရှုထံ ဆုံးရှုးခဲ့ရသည်။ ထိုအတွက် ယောဟန်ဝမ်း မြောက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယောဟန်သည် ဘုရားသ ခင်ပေးတော်မူသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့၍ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ယခုတာဝန်သည်ဘုရားသခင်ရွေးချယ်ထားသောပူဇော်သက္ကာဖြစ်သောသခင်ယေရှုထံရောက်သွားပြီ၊ဘုရားသခင်၏လူတိုကို ကယ်တင်ဖိုရန် အသက်ကို စွန့်လွှတ်မယ့် သိုးသငယ်ဖြစ်တော်မူသည်။ သခင်ယေရှု၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအား ဖြင့် ကျွန်ုပ်တိုရဲ့အပြစ်အားလုံးကိုဖယ်ရှားပေးတော်မူသည်။ကျွန်ုပ်တိုကိုအပြစ်မှလွှတ်တော်မူသည်။သခင်ယေရှုကိုယုံကြည်ကြသောကျွန်ုပ်တိုအားလုံးကိုသေခြင်းထဲမှထမြောက်စေပြီးထာဝရအသက်ကိုပေးတော်မူမည်။ဘုရားသခင်၏ဝိညာဉ်တော်ဖြင့်ကျွန်ုပ်တိုကိဗတ္တိဇံပေးတော်မူမည်ဖြစ်ပြီး ကျွန်ုပ်တို သည် ထာဝရဘုရားသခင်၏သားသမီးများ ဖြစ်ကြရလိမ့်မည်။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ထင်မှတ်မထားချိန်၌ ကိုယ်တော်ကို သိမှတ်မိနိုင်စေရန် ကူညီတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှုသည် လူအုပ်ကြားတွင် အဘယ်ကြောင့် မထင်မရှားသွားလာနေရသနည်း။

• ဝိညာဥ်တော်ကြွဆင်းလားခြင်း၏ ရလဒ်ကား အဘယ်နည်း။

• သခင်ယေရှုသည် မိတ်ဆွေ၏ဘဝထဲသို ထင်မှတ်မထားသော မည်သည့်အချိန်တွင် ကြွလာတော်မူခဲ့သနည်း။ မည်သိုဖြစ်လာခဲ့သနည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion


...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)