အသက်စွန့်ရန်အချိန်ကျပြီ။
တနင်္ဂနွေနေ့၊ မတ်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို ရောက်လာသောသူတိုတွင် ဟေလသလူအချိုပါ၏။ ထိုသူတိုသည် ဂါလိလဲပြည်ဗက်ဇဲဒမြိုသားဖြစ်သော ဖိလိပ္ပုထံသိုသွား၍ အကျွန်ုပ်တိုသည် ယေရှုကို မြင်ချင်ပါသည်ခင်ဗျားဟု တောင်းပန်ကြ၏။ ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။ ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟု လျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သိုရောက်လာပြီ။ အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတိုကို ငါ့ထံသို ငါဆွဲမည်ဟု မိန့်တော်မူ၏။ ထိုသို မိန့်တော်မူသော်၊ မိမိသည် အဘယ်သိုသေရမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတိုကို တိမ်းရှောင်လျက်နေတော်မူ၏။ (ရှင်ယောဟန် ၁၂: ၂၀၊ ၂၁ခ၊ ၂၃-၂၄၊ ၂၇-၂၈က၊ ၃၁-၃၃၊ ၃၆ခ)
ဂရိလူမျိုးများ ရောက်ရှိလာခြင်းအပေါ် သခင်ယေရှု ၌ ထူးဆန်းသော တုံပြန်မှုရှိသည်။ သခင်ယေရှုသည် မိမိသေဆုံးခြင်းအကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် ထွက်ခွာ၍ ပုန်းအောင်းနေတော်မူ၏။ အ ဘယ်ကြောင့်နည်း။
သခင်ယေရှု၏ တိုတောင်းသော ဓမ္မအမှုတော်ကို ဂျူးလူမျိုးများကြားတွင် အဓိကအားဖြင့် ကုန်ဆုံးစေခဲ့သည်။ လူမျိုးတကာတိုအား ဧဝံဂေလိတရားဟောပြောခြင်းသည် မိမိ၏ခန္ဓာတည်းဟူသောအသင်းတော်၏ အလုပ်ဖြစ်ကြောင်းကို သခင်ယေရှုသိတော်မူ၏။ ဂရိလူမျိုးကိုယ်စားလှယ်အဖွဲသည် သခင်ယေ ရှုထံသို ရောက်ရှိလာသောအခါ၊ အသင်းတော်၏ ခေတ်သည် စတင်နေပြီဖြစ်ပြီး သခင်ယေရှုကိုယ် တော်တိုင်မှ အသက်တော်ကိုစွန့်ရတော့မည်ဖြစ် သည်။ ဤအချက်သည် သခင်ယေရှုအား လွှမ်းမိုးနေသည်။
သိုတိုင်အောင်၊ ကျွန်ုပ်တိုတွင် ဝမ်းမြောက်စရာအ ကြောင်းရှိသည်။ သခင်ယေရှုသည် မိမိကိုယ်ကို ကယ်တင်ရန် သွေးဆောင်မှုကို အောင်နိုင်ပြီးနောက် လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းကို ဝန် ခံတော်မူသည်။ ဆိုလိုသည်မှာ ယခုတွင် ဂျူးလူမျိုးဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ သခင်ယေရှုကို ယုံကြည်သူတိုင်းသည် ထာဝရအသက်ကို ရရှိကြသည်။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်တိုကို ကယ် တင်မည့်လမ်းကို ရွေးချယ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။
• သုံးသပ်ချက်မေးခွန်းများ-
• မိမိ၏ကျန်းမာရေးနှင့် မိမိချစ်ရသူတစ်ယောက်၏ ကျန်းမာရေးကြားမှာ ရွေးချယ်ရဖူးပါသလား။
• လွယ်ကူပါသလား၊ ခက်ခဲသလား။ အဘယ်ကြောင့်နည်း။
• မိတ်ဆွေအပေါ် ထားရှိသောသူ၏ခံစားချက်ကို သခင်ယေရှု၏ရွေးချယ်မှုမှ မည်သည်ကိုပြောပြပေးလျှက်ရှိသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion