ထူးဆန်းသောအဖော်ပြုလုပ်ကျွေးကြသူများ။
သောကြာနေ့၊ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို သွားစေတော်မူ၏။ အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတိုနှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တိုသည်လည်း လုပ်ကျွေးကြ၏။ (ရှင်မာကု ၁:၁၂-၁၃)
သခင်ယေရှုနောက် တောထဲသို လိုက်ကြည့်ကြရ အောင်။ ပတ်ဝန်းကျင်ကိုကြည့်ပါက မည်သည့်အရာများကို မြင်တွေ့ရမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်မှ သခင်ယေရှုကို တောထဲသိုစေ လွှတ်ခဲ့သည်။ ဘုရားသခင်သည် ထိုတောအရပ်၌ရှိတော်မူ၏။ စာတန်သည်လည်း ထိုအရပ်၌ရှိနေပြီးသခင်ယေရှုကို သွေးဆောင်ဖို ကြိုးစားနေသည်။ ကောင်းကင်တမန်များလည်းရှိကြသည်။ သိုသော် သူတို ဘာလုပ်နေသည်ကို အတိအကျ မသိရပေ။ ထိုအပြင် သားရဲတိရစ္ဆာန်များလည်း ရှိကြသည်။ ဤသည်မှာ သခင်ယေရှုကို အဖော်ပြုပေးသူများဖြစ်ကြသည်။
ဘုရားသခင်မှစ၍ တိရစ္ဆာန်များအထိ သက်ရှိများ ၏ စာရင်းသည် အတော်လေး ကောင်းပါ၏။ သိုသော် တစ်ခု လိုနေ၏။ လူတိုသည် အဘယ်မှာနည်း။
သခင်ယေရှုသည် လူသားတစ်ယောက်ဖြစ်တော်မူ ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ကိုယ်စားဖြစ်တော်မူပြီး ကျွန်ုပ်တို မတတ်နိုင်သောအမှုအရာကို ကျွန်ုပ်တိုကိုယ်စား လုပ်ဆောင်ပေးတော်မူသည်။ “ကိုယ်တော်ရဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းဖို အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ပါ။ ဘုရားသခင်ကို ယုံကြည်မယ့်အစား ကိုယ်တော်ရဲ့ တန်ခိုးနဲ့ သစ္စာတရားကို သက်သေပြဖို ဘုရားသခင်ကို တောင်းဆိုပါ။ ဘုရားသခင်ကိုကျော ခိုင်းပြီး လောကီအာဏာကို ရယူလိုက်ပါ” စသည်ဖြင့်သ ခင်ယေရှုသည် ရက်ပေါင်း ၄၀ ကြာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူခဲ့သည်။ ကျွန်ုပ်တိုနှင့်မတူ၊ သခင်ယေရှုသည် သစ္စာစောင့်တော်မူ၏။
ဤနေရာတွင် နှစ်သက်ဖွယ်ကောင်းသောအရာမှာ ဘုရားသခင်၏သားတော်သခင်ယေရှုသည် လူသားလည်းဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုထဲမှ တစ်ဦးဖြစ်လာပြီး တူညီသောလိုအပ်ချက်များနှင့် ဒုက္ခများကို ဆာလောင်မွတ်သိပ်ခံကာ တစ်ဦးတည်း စုံစမ်းသွေးဆောင်မှုကို ခံယူတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူပြီး မကောင်းမှုမှ ကယ်တင်တော်မူလို သည်။ ဘုရားသခင်၏အိမ်သိုလည်း ပြန်လည်ပို ဆောင်ပေးလိုတော်မူသောကြောင့်ဖြစ်သည်။ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ သေခြင်းထဲမှ ထ မြောက်ရခြင်းသည်လည်း ကျွန်ုပ်တိုကို ကယ်တင်ရန်စေလွှတ်တော်မူသော ခမည်းတော်ကို ချစ်တော်မူသောကြောင့်ဖြစ်သည်။
ဆုတောင်းချက်။ ။သခင်ယေရှုဘုရား၊ လူ့ဇာတိခံယူတော်မူခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ဒုက္ခရောက်ပြီး ကိုယ်တော်ကို အလွန်လိုအပ်သည့်အခါ ကိုယ်တော်ကို ခေါ်နိုင်ရန်မစတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်ရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့မည်ဆိုပါက လုံလောက်ပါမည်လော။
• အဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့်မလုံလောက်ရသနည်း။ အကြောင်းပြချက်များ ဖော်ပြပါ။
• သခင်ယေရှုသည် ထာဝရလူသားတစ်ယောက်ဖြစ်တော်မူ၏။ ၄င်းနှင့်သက်ဆိုင်၍ မည်သိုခံစားရသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion