သခင်ယေရှု နားလည်တော်မူ၏။
စနေနေ့၊ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတိုသည် ဘုရားသ ခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတိုကို ဆုံးမဩဝါဒ ပေးတော်မူ၏။ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။ ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တိုသည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရပါ။ သိုရာတွင် အမိန့်တော်ရှိလျှင် ပိုက် ကွန်ကို ချပါမည်ဟု လျှောက်လေ၏။ထိုသိုချကြပြီးလျှင်၊ အလွန်များစွာသော ငါးတိုကို အုပ် မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။ရှိမုန်ပေတရုသည် မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။ယေရှုကလည်း၊ကြောက်ရွံခြင်းမရှိနှင့်။သင်သည်ယခုမှစ၍လူတိုကိုဖမ်းမိသောသူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ကမ်းနားမှာလှေကို ဆိုက်ပြီးလျှင်၊ ထိုသူတိုသည် ရှိသမျှတိုကို စွန့်ပစ်၍ နောက်တော်သို လိုက်ကြ၏။ (ရှင်လုကာ ၅:၁၊ ၃ခ-၆၊ ၈၊ ၁၀ခ-၁၁)
လှေပေါ်၌ သခင်ယေရှု၏ရှေ့တွင် ဒူးထောက်နေေသာပေတရုတစ်ယောက်မည်သိုခံစားရမည်ကို ကျွန်တော် တွေးကြည့်မိသည်။ ငါးများ ခါးလောက်ထိ ခုန်ပေါက်နေသည်ကို ပေတရုမြင်တွေ့လိုက်ရသည်။ ထိုအချင်းအရာမတိုင်မီက ပေတရုသည် သခင်ယေရှုပြောသည်ကို နားမလည်သလိုပြုမူပြောဆိုခဲ့သည်။ထိုနောက်သူသဘောပေါက်ခဲ့ရသည်မှာသခင်ယေရှုသည်ငါးများကိုသိနားလည်ကြောင်းပင်မဟုတ်ပါလား။
ပို၍အရေးကြီးသည်မှာ သခင်ယေရှုသည် လူတိုကို နားလည်တော်မူ၏။ ပေတရုသည် အား နည်းပြီး အပြစ်သားဖြစ်ကြောင်းကို သခင်ယေ ရှုသိတော်မူသည်သိုသော်တခြားလူတိုကိုဘုရားသခင်၏နိုင်ငံတော်သိုခေါ်ဆောင်လာဖိုပေတရုကိုရွေးချယ်ခေါ်ယူတော်မူ၏။ကျွန်ုပ်တို၌အပြစများနှင့်အားနည်းချက်များရှိသော်လည်းသခင်ယေရှုသည်ကျွန်ုပ်တိုကိုခေါ်ယူတော်မူသည်။ကျွန်ုပ်တိုအားလုံးကိုချစ်တော်မူ၍အပြစ်ငရဲထဲမှကယ်တင်ပေးတော်မူရန်အသက်တော်ကိုစွန့်၍ရှင်ပြန်ထမြောက်တော်မူသောသခင်ယေရှု၏အကြောင်း တခြားသူများကို ပြောပြဖို၊ ကျွန်ုပ်တိုကို ဘုရားသခင်မှအသုံး ပြုတော်မူသည်။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အား နည်းကြောင်း ကိုယ်တော်သိတော်မူ၏။ မည်သိုပင်ဖြစ်စေ အကျွန်ုပ်ကို အသုံးပြုတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• သခင်ယေရှုသည် သာမန်တံငါသည်များကို တ ပည့်တော်များအဖြစ် ရွေးချယ်တော်မူခဲ့သည် မှာ သအဘယ်ကြောင့်ဟုထင်ပါသနည်း။
• ထိုနည်းတူ မိတ်ဆွေ ရွေးချယ်ခဲ့မည်လား။ အ ဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့် မရွေးချယ်မည်နည်း။
• သခင်ယေရှုသည် မိတ်ဆွေကိုလည်း ချစ်တော်မူ၍ ခေါ်ယူတော်မူ၏။ သခင်ယေရှုကို ဖြေကြားရန် စဉ်းစားသောအခါ မိမိ၏စိတ်ထဲတွင် မည်သည့်အရာများ ပေါ်လာသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion