သခင်ယေရှု၏စိတ်နှလုံးကို သိကျွမ်းခြင်း။
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၂၂ ရက်၊၂၀၂၆ ခုနှစ်။ တနင်္ဂနွေနေ့
ကျမ်းချက်။ ။သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြိုတွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏ မယ် တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အ ဘယ်သိုဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း၊ သူစေ ခိုင်းသမျှတိုကို ပြုကြလော့ဟု အစေခံတိုအားဆိုလေ၏။ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖိုအလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။ယေရှုကလည်း၊ ဤရေအိုးတိုကိုရေဖြည့်ကြဟု အစေခံတိုအား မိန့်တော်မူလျှင်၊ (ရှင်ယောဟန် ၂:၁က၊ ၃-၇က)
မာရိ၏သားဖြစ်သူ သခင်ယေရှုအပေါ်ထားသော ယုံကြည်စိတ်ကို ကျွန်မ သဘောကျမိ သည်။ ဘုရားသခင်ထံ အကူအညီတောင်း သည့်အခါ သိုမဟုတ် ထူးဆန်းသောအဖြေတစ်ခုရသည့်အခါ ငြင်းခုံခြင်း၊မေးခွန်းများပြန်မေးခြင်းပင်မလုပ်ပါ။ အစေခံများကို "သူစေ ခိုင်းသမျှတိုကို ပြုကြလော့"ဟူ၍သာပြောခဲ့သည်။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
သခင်ယေရှုသည် ထိုအမှုအရာကိုအသိအမှတ် ပြုတော်မူသည်။ ရေကို စပျစ်ရည်အဖြစ်သို ပြောင်းလဲခြင်းဖြင့် မိမိ၏ပထမဆုံးအံ့ဖွယ်အမှုကို ပြုတော်မူ၏။မင်္ဂလာပွဲကျင်းပသူ၏ဂုဏ်သတင်းကိုသခင်ယေရှုမှကယ်တင်ခဲ့သည်။သခင်ယေရှု၏နောက်တော်သိုလိုက်ခါစတပည့်တော်များသည်လည်း သခင်ယေရှုကို ယုံကြည်ကြသည်။
မိမိစိတ်ချထားနိုင်ရသည်အထိ သားဖြစ်သူသခင်ယေရှု ပြုတော်မူမည့်အကြောင်း မိခင်မာရိသည် မည်သည်ကိုသိထားခဲ့ပါသနည်း။ သ ခင်ယေရှုသည် ကြင်နာတတ်သူ၊ ကိုယ်ချင်းစာစိတ်ရှိသူဖြစ်ကြောင်း၊ အဆုံးတိုင်တာဝန်ယူစိတ် ရှိကြောင်းကို မိခင်မာရိသိထားသည်။ ထိုသို အံ့ ဖွယ်နိမိတ်လက္ခဏာပြုမည်ကိုမူ သိထားလိမ့် မည် မဟုတ်ပါ။ သိုသော်သခင်ယေရှုသည် မေ တ္တာစိတ်ဖြင့် ပြုတော်မူမည်ဖြစ်ကြောင်း၊ ကူညီပေးမည်ဖြစ်ကြောင်းကို မိခင်မာရိသိထား သည်။
နောက်ဆုံးသခင်ယေရှု၏အချိန်ရောက်သောအခါကျွန်ုပ်တိုအတွက်ဒုက္ခခံ၍အသေခံတော်မူရန်လက်ဝါးကပ်တိုင်သိုလျှောက်လှမ်းသည့်အခါ၌လည်း သခင်ယေရှုသည် ထိုနည်းတူပင်ပြုတော်မူခဲ့သည်။ (ယောဟန် ၁၇:၁ ကိုဖတ်ပါ) ကျွန်ုပ်တိုကို ချစ်သောကြောင့် မကောင်းမှု၏ တန်ခိုးမှ ကယ်တင်ပေးတော်မူခဲ့သည်။ သေခြင်းထဲမှ ရှင်ပြန်ထမြောက်တော်မူသောအခါသခင်ယေရှုကို ယုံကြည်ကိုးစားသော ကျွန်ုပ်တိုအားလုံးကို ထာဝရအသက်ပေးမည်ဟု ကတိ ထားတော်မူခဲ့သည်။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏ စိတ်နှလုံးကို အကျွန်ုပ်သိကျွမ်းရပါ၏။ ကျွန်ုပ်ကိုကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• မယ်တော်မာရိနှင့်သခင်ယေရှု နောက်ပိုင်းမှာ မည်သည်ကို အပြန်အလှန် ပြောဖြစ်ခဲ့ကြမည်နည်း။
• သတိုသားမှ အဘယ်သိုမှတ်ချက်ချပြောဆိုခဲ့လိမ့်မည်နည်း။
• မိမိရင်ဆိုင်နေရသော ပြဿနာကို သခင်ယေရှု ဘာပြောမည်ဟု ထင်သနည်း။ ယခုပင် မေးကြည့်ပါ။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion