ပုဂ္ဂိုလ်ရေးရာ။
တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။တရံရောအခါ၊ ယေရှုသည် တပည့်တော်တိုနှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတိုသည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ လူအချိုက၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍ လည်းကောင်း၊ အချိုက၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချိုက၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ သင်တိုလည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေး မြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တိုကို ကြပ်တည်းစွာ ပညတ်တော်မူ၏။ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အ ကြောင်းများတိုကို မိန့်တော်မူ၏။ (ရှင်လုကာ ၉:၁၈-၂၂)
သခင်ယေရှု၏ကိုယ်ပိုင်သီးသန့်အချိန်၌ ဖိတ်ခေါ်ခံရသော တပည့်တော်များ မည်သို ရှိခဲ့ကြမည်နည်းဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု တစ်ယောက်တည်း ဆုတောင်းနေခြင်းကို
ဆိုလိုသည်။ "တပည့်တော်တိုနှင့်အတူ ရှိနေ ၏"ဟု ဖော်ပြထားသည်။ ထိုနောက် သခင်ယေ ရှု နှုတ်မြွတ်သော စကားတိုင်း၊ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုအားလုံးကိုသူတိုကြားခဲ့ကြမည်သာ။အဘယ်ကြောင့်ဆိုသော်ထိုကဲ့သိုသောအရပ်၌လူတိုသည်အမြဲအသံလွှင့်၍ဆုတောင်းတတ်ကြသည်။ သခင်ယေရှု၏ စိတ်နှလုံးရှိသမျှသွန်းလောင်းတော်မူသည့်အချိန်လည်းဖြစ်ခဲ့လိမ့်မည်။
ခမည်းတော်နှင့် စကားပြောရန် အလွန်အရေး ကြီးသော အကြောင်းအရာအချို သခင်ယေရှု၌ ရှိနေသည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တိုကို အပြစ်နှင့်သေခြင်းထဲမှ ကယ်တင်ဖိုရန်မှာ သ ခင်ယေရှုတာဝန်ယူရမည့်စာရင်း၏ထိပ်ဆုံးတွင် ရှိနေမည်ဖြစ်သည်။ ပေတရုသည် သခင်ယေရှုကို “ခရစ်တော်” အဖြစ် ခွဲခြားသိမြင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ သခင်ယေရှုသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန်အတွက် ဒုက္ခခံယူရန်၊ အသက်စွန့်ရန်နှင့် သေခြင်းထဲမှ ထမြောက်ရန် စီစဉ်နေကြောင်း ပေတရု နားမလည်ပုံရသည်။ သခင်ယေရှု၏ ဆုတောင်းချက်ကို နားထောင်ခြင်းနှင့် နေ့စဉ် သခင်ယေရှုနှင့်အတူ နေထိုင်ခြင်းသည် ပေတရုအတွက် နားလည်ရန် မလုံလောက်ပါ။ မလုံ လောက်သေးပါ။ သိုသော် ကျွန်ုပ်တိုနားလည်ကြသည်။အဘယ်ကြောင့်ဆိုသော်သခင်ယေရှုသည်ဤအရာများကိုကျွန်ုပ်တိုအတွက်လည်းပြုလုပ်ခဲ့သောကြောင့်ဖြစ်တော်မူသည်။
ဆုတောင်းချက်။ ။မေတ္တာတော်ရှင်အဖ၊ အ ကျွန်ုပ်ကို ချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• သီးသန့်ဆုတောင်းလေ့ရှိသလား။ သိုမဟုတ် တခြားသူများနှင့်အတူ ဆုတောင်းလေ့ရှိပါသ လား။
• အဘယ်ကြောင့်နည်း။
• သခင်ယေရှုမှ မိတ်ဆွေအတွက် ဆုတောင်းပေးနေသည်ကို ကြားလိုက ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၇၊ အထူးသဖြင့် အခန်းငယ် ၂၀ မှ ၂၆ အထိကို ဖတ်ပါ။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion