Behold Your King! (Lenten Devotion 2026)

24th February_Lenten Devotions 2026 _ WOH


Listen Later

သခင်‌ယေရှု၏စကားကို နားထောင်ပါ။

အင်္ဂါနေ့၊ ဖေဖော်ဝါရီလ ၂၄ ရက်၊၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ ဆုတောင်းတော်မူစဉ်တွင် မျက် နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။‌မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင် ရှား၍၊ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအ ရာကို ပြောကြ၏။ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့ သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော် ဖြစ်လေ၏။ (ရှင်လုကာ ၉:၂၉၊ ၃၀-၃၁၊ ၃၃က၊ ၃၄၊ ၃၅)



ပေတရုသည် “ထိုသူတို့သည်အထံတော်မှ သွားကြစဉ်” တဲများအကြောင်း အကြံပြုခဲ့သည်။ အ ကြံပြုရသည့်အ‌ကြောင်းအရင်းမှာ သူတို့နှုတ် ဆက်နေသည်ဖြစ်ကြောင်းကို သဘောပေါက်ပြီး ထိုသူတို့၏ခွဲခွါခြင်းကို တားမြစ်လိုခဲ့ပုံရသည်။ ထိုတောင်ပေါ်တွင် သခင်ယေရှု၊ အခြားသူများနှင့်အတူ ဘုန်းအသရေရှိသော အချိန်ကို ပေတရု ကြာရှည်စွာ ဖြတ်သန်းလိုခဲ့သည်။



သို့သော် ပေတရုဆန္ဒရှိသလို ဖြစ်လာမည်မ ဟုတ်ပါ။ ကျွန်ုပ်တို့၏အသက်တာ၌ပင် ဘုရား သခင်၏ဘုန်းတော်ကို ခဏတာ မြင်တွေ့ခဲ့ရသည်။ ထိုနောက် အိမ်မှုကိစ္စ၊ အလုပ်နှင့် ချိန်းဆိုမှုများ၏ အလယ် ပြန်ရောက်သွားကြသည်။ သို့မဟုတ် ပိုဆိုးသည်က ကျွန်ုပ်တို့သည် ကရာ နီလမ်းကို လျှောက်နေပြီး ဘုန်းတော်ကို ဝေးကွာသည့်အမှတ်တရတစ်ခုအဖြစ်သာအမှတ်ရနေသည့်ဒုက္ခတစ်မျိုးကို ရင်ဆိုင်နေရသည်။

ထိုသို့ဖြစ်လာသောအခါ၊ ကျွန်ုပ်တို့လုပ်နိုင် သည်မှာ ဘုရားသခင်၏စကားကို နာခံရန်ဖြစ်သည်- “ဤသူသည် ငါရွေးချယ်သောသူ၊ ငါ၏ သားတော်ပေတည်း။ သူ့စကားကို နားထောင်ကြလော့!” သခင်ယေရှုသည် လက်ဝါးကပ်တိုင်သို့သွားရာလမ်းကို ကောင်းစွာသိတော်မူ၏။ သခင်ယေရှုသည် ဆင်းရဲဒုက္ခနှင့် သေခြင်းတရားကို သိတော်မူပြီး ရှင်ပြန်ထမြောက်ခြင်းကိုလည်း သိတော်မူ၏။ သခင်ယေရှု၏အ‌စေ

ခံများအနေဖြင့် ထိုလမ်းများကို လျှောက်လှမ်းရသောအခါ ကျွန်ုပ်တို့နှင့်အတူရှိမည်ဟု သခင်ယေရှုကတိပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေး နှုတ်တော်မူပြီ။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏လူများဖြစ်သည်။



ဆုတောင်းချက်။ ။ သခင်ဘုရား၊ ဒုက္ခများ အ ကျွန်ုပ်ကို လွှမ်းမိုးနေချိန်တွင် ကိုယ်တော်၏ စ ကားကိုသာ နားထောင်ရန် ကျွန်ုပ်အား ကူညီတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• မိတ်ဆွေ၏အသက်တာထဲတွင် "ဘုန်းအသရေ" များကို အဘယ်သို့ကြုံတွေ့ခဲ့ရပါသနည်း။

• သခင်ယေရှုမှ “ကျွန်သည် မိမိသခင်ထက် သာ ၍ကြီးမြတ်သည်မဟုတ်” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၅:၂၀ခ) ဤအချက်သည် ကျွန်ုပ်တို့၏အသက်တာထဲတွင် ကြုံတွေ့နေရသော နာကျင်မှုအကြောင်း မည်သည်ကိုပြောပြသနည်း။

• မိတ်ဆွေ၏နေ့စဉ်အသက်တာတွင် သခင်ယေရှု ၏စကားကို အဘယ်သို့နားထောင်လျှက်ရှိသ နည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)