Behold Your King! (Lenten Devotion 2026)

25th February_Lenten Devotions 2026 _ WOH


Listen Later

အလျင်အမြန်။

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။



ကျမ်းချက်။ ။ယေရုရှလင်မြိုသို တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တိုရှေ့၌ ကြွတော်မူစဉ်၊ သူတိုသည် မိန်းမောတွေဝေ၍ ကြောက်ရွံသောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတိုကို တစ်ဖန်ခေါ်၍၊ ငါတိုသည်ယေရုရှလင်မြိုသို ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုလက်သို ရောက်လိမ့်မည်။ ထိုသူတိုသည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတိုလက်သို အပ်နှံကြလိမ့်မည်။ သူတိုသည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတိုကို တပည့်တော်တိုအား မိန့်တော်မူ၏။(ရှင်မာကု ၁၀:၃၂-၃၄)



သခင်ယေရှု၏နောက်လိုက်များမိန်းမောတွေဝေ၍ ကြောက်စိတ်ရှိသည်ကိုကြားသိရသော်လည်း ကျွန် တော်မအံ့သြမိပါ။ ကျွန်တော်လည်း ကြောက်စိတ်ရှိမည်သာဖြစ်သည်။ သခင်ယေရှုမှ သူခံယူတော်မူရ မည့်ဒုက္ခဝေဒနာနှင့်သေခြင်းအကြောင်း အားလုံးကို တစ်ကြိမ်မက ကျွန်တော့်ကိုပြောပြမည်ဆိုပါက မိန်းမောတွေဝေ၍ ကြောက်စိတ်ရှိမည်သာဖြစ်သည်။(ရှင်မာကု ၈:၃၁၊ ၉:၃၁ ကိုဖတ်ပါ)

သိုသော် ထူးဆန်းသည်မှာ သခင်ယေရှုသည် ထိုနေ ရာကိုရောက်ဖို အလျင်စလိုဖြစ်နေပုံရသည်။ တပည့်တော်တို၏ အရှေ့မှ သခင်ယေရှု လျှောက်တော်မူသည်။ သခင်ယေရှုကို ကွပ်မျက်ဖို မည်သူတိုကအ လျင်စလိုလုပ်နေကြသနည်း။



သခင်ယေရှုက တရားဟောနေစဉ် “ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏” ဟု မိန့်တော်မူ၏။ (ရှင်လုကာ ၁၂:၅၀)ယုဒရှကာရုတ်သည် သခင်ယေရှုကို အပ်နှံရန်သွားသောအခါ “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။ (ရှင်ယောဟန် ၁၃:၂၇)

ဒုက္ခဆင်းရဲများကို အဆုံးသတ်လိုခြင်းမှာ လူသားဆန်သောကိစ္စဖြစ်သည်။ သခင်ယေရှုသည်လည်း ကျွန်ုပ်တိုနည်းတူ လူသားတစ်ဦးဖြစ်တော်မူသည်။ သိုရာတွင် အလျင်စလိုလုပ်ဆောင်ရခြင်းထက်ပိုသော အဓိပ္ပါယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သ ခင်ယေရှုသည် ချစ်တော်မူသောကျွန်ုပ်တိုအားလုံးကို၊ မာရ်နတ်၏မကောင်းမှုတန်ခိုးမှ ကယ်တင်ဖိုရန် တာဝန်ပေးအပ်ခံထားသူဖြစ်တော််မူသည်။ သခင်ယေရှုမှ သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တိုကို လွတ်မြောက်စေပြီး အသက်သစ်ကိုပေးနိုင်မည်ဖြစ်ကြောင်းကိုသိထားတော်မူသည်။ သခင်ယေရှုအလျင်စလိုလုပ်ဆောင်နေရခြင်းမှာ အံ့သြစရာမရှီပါ။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်ကို ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

1. ဒုက္ခခံရသည့်အခါ မြန်မြန်သွားပါသလား၊ သိုမဟုတ် တွန့်ဆုတ်နေပါသလား။

2. သခင်ယေရှုသည် သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် မည်သည့်ကောင်းသောအရာများကို ကျွန်ုပ်တိုအား ပေးသနားတော်မူသနည်း။

3. မိတ်ဆွေကို ထာဝရအသက်ပေးရန်အတွက် လိုအပ်သမျှကို သခင်ယေရှုလုပ်ဆောင်ပြီးဖြစ်ကြောင်း သိရှိသောအခါ ယခု မည်သိုခံစားရသနည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)