Behold Your King! (Lenten Devotion 2026)

26th February_Lenten Devotions 2026 _ WOH


Listen Later

ဟောရှဏ္ဏ။

ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၂၆ ရက်၊၂၀၂၆ခုနှစ်။



ကျမ်းချက်။ ။ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို ဝင်တော်မူပြီးလျှင်၊ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတိုကို နှင်ထုတ်၍၊ ငွေလဲသောသူတို၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတိုသည် အထံတော်သိုလာ၍ သူတို အနာရောဂါကို ငြိမ်းစေတော်မူ၏။ ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတိုကိုလည်းကောင်း၊ သူငယ်တိုကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတိုသည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ဤသူတိုသည် အဘယ်သိုပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နိုစိုသူငယ်တို နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တိုသည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၁:၁၂၊ ၁၄-၁၆)



"ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း" ဟူသောသူငယ်တို၏ ကြွေးကြော်သံကြောင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှုထံစုဝေးလာကြသည်မှာ စိတ်ဝင်စားရာကောင်းလှသည်။ သူတို သည် ဗိမာန်တော်ထဲမှကုန်သည်များကို သခင်ယေရှုမောင်းထုတ်ခဲ့သောကြောင်း၊ လူတိုကို ကုသပေးခဲ့သည်များကို မြင်တွေ့ခဲ့ရသော်လည်း မဖော်ပြကြပါ။

ဒါဝိဒ်မိသားစုမှ ဆင်းသက်သောကတိထားရာမေရှိယအဖြစ် ယေရှုကို အသိအမှတ်ပြုနေသော ကလေးများအတွက် ညည်းညူရသည်က လုံခြုံသည်ဟု သူတိုခံစားရပုံရသည်။



သခင်ယေရှုသည် ဘာသာရေးခေါင်းဆောင်များအား ဤသိုဆက်ဆိုထားသော ဆာလံ ၈:၂ခ ကို ရည်ညွှန်းပြီး " ရန်သူကိုလည်းကောင်း၊ အငြိုးထားသောသူကိုလည်းကောင်း၊ တိတ်ဆိတ်စွာနေစေခြင်းငှာ" ပြုတော်မူ၏။ သခင်ယေရှု၏အဆိုအရ ကလေးများ၏ချီးမွမ်းခြင်းသည် ဘုရားသခင်ထံမှ တိုက် ရိုက်လာသည်ဖြစ်၍ ညည်းညူမှုများသည် ဘုရား သခင်၏ရန်သူများထံမှ လာခြင်းဖြစ်သည်။

အံ့သြစရာတော့မဟုတ်ပါ။ကလေးများကြွေးကြနေသည်မှာ"ဟောရှဏ္ဏ"ဟူ၍ဖြစ်သည်။အဓိပ္ပာယ်မှာ"ကျွန်ုပ်တိုကိုကယ်တင်ပါ!"ဟူ၍ဖြစ်သည်။သခင်ယေရှုသည် သူတိုနှင့်ကျွန်ုပ်တိုအားလုံးကို ကယ် တင်ဖိုရန် အမှန်ကြွလာတော်မူသည်။ သခင်ယေရှု၏ အသေခံခြင်းအားဖြင့် မာရ်နတ်အပါအဝင်ဘုရားသခင်၏ရန်သူများ၏တန်ခိုးကိုရိုက်ချိုးဖျက်ပြီး၊ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ယုံကြည်ကိုးစားသောဘုရားသခင်၏သားသမီးအားလုံးကို ထာဝရအသက်ပေးတော်မူမည်။



ဆုတောင်းချက်။ ။ကျွန်ုပ်ကို ကယ်တင်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှု နှင်ထုတ်လိုက်သောကုန်သည်များအ ကြောင်းကို ခေါင်းဆောင်များက အဘယ်ကြောင့်မပြောကြသနည်း။

• သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ကလေးများသည် အဘယ်က သိလာကြသနည်း။

• ဘုရားသခင်ကို မည်သည့်အချိန်၌ မည်သိုချီးမွမ်းတော်မူမည်နည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion






...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)