Behold Your King! (Lenten Devotion 2026)

27th February_Lenten Devotions 2026 _ WOH


Listen Later

"ထိုကြောင့်"

သောကြာနေ့၊၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။


ကျမ်းချက်။ ။ညီအစ်မ မာရိနှင့် မာသတိုနေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။ ညီအစ်မတိုသည် အထံတော်သိုစေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်ဟု လျှောက်ကြ ၏။ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။ လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ (ရှင်ယောဟန် ၁၁:၁၊ ၃-၄က၊ ၅- ၆)

လာဇရုနာသည်ကို ကြားတော်မူလျှင်၊ မိမိရှိရာအရပ် ၌ သခင်ယေရှုနှစ်ရက်နေတော်မူ၏။အခန်းငယ် ၆ ရှိ ဂရိစကားလုံးကို များသောအားဖြင့် "ထိုကြောင့်" ဟု ဘာသာပြန်ဆိုလေ့ရှိသည်။ "ယေရှုသည် ဤမိသားစုကို ချစ်တော်မူ၏။ ထိုကြောင့် သူတိုသည် ကိုယ်တော်ကို လိုအပ်ကြောင်း ကြားသော အခါ ယေရှုသည် အချိန်နှောင်းသွားသည်အထိ တ မင်တကာ ဝေးဝေးနေခဲ့သည်။"

ဘယ်လို! ဤသည်မှာ တစ်ယောက်ယောက်ကို ချစ်ဖိုထူးဆန်းသောနည်းလမ်းပင် မဟုတ်ပါလား။ သူတို ၏အစ်ကိုသည် မိတ်ဆွေကို အလွန်အမင်း လိုအပ်နေသည်ဟု ကြားသိသော်လည်း မိတ်ဆွေရှိသောနေရာမှာပင် နေလိုက်သည်။ လူအများစုမှ ထိုသိုပြုမူခြင်းကို အချစ်ဟု မခေါ်ဘဲ မုန်းတီးခြင်းဟု ခေါ်ကြလိမ့်မည်။

ထိုသို လူတိုပြောကြမည်ကို သခင်ယေရှု သိတော်မူသည်။ ဘုရားသခင်မှ သခင်ယေရှု၏ဘုန်းတော်ကို ခထင်ရှားစေဖို ရည်ရွယ်ချက်ရှိရှိ ထိုသိုလုပ်ဆောင်ရသည်ကို မိသားစုသည် အဆုံးထိ နားမလည်ကြပါ။ သူတို နာကျင်ရကြလိမ့်မည်။ မည်သူသည် နာကျင်ရသည်အထိ သခင်ယေရှုကို ယုံကြည်နိုင်မည်နည်း။ အကြောင်းပြချက်မရှိဘဲ နောက်ကျပြီးမှ ရောက်လာသောသခင်ယေရှုကို အဘယ်သူက ချစ်နိုင်မည်နည်း။

မာရိနှင့် မာသတိုသည် သခင်ယေရှုကို ထိုနည်းအ တိုင်း ချစ်ကြသည်။ သူတို၏မောင်ကို သေခြင်းထဲမှ ထမြောက်စေသောအခါ သူတို၏ယုံကြည်မှုသည် တရားမျှတသည်။

သခင်ယေရှုသည် ကျွန်ုပ်တိုကို ကယ်တင်ရန် အသေ ခံတော်မူပြီး ထမြောက်ခဲ့သောကြောင့် ကျွန်ုပ်တိုကို ချစ်တော်မူသည်။ သိုသော် ဘုရားသခင်သည် ကျွန်ုပ်တိုလိုချင်သောအရာ သိုမဟုတ် လိုအပ်သောအရာအတွက် "နောက်ကျလွန်း" သည်ဟု ထင်ရသည့်အ ချိန်များလည်း ကျွန်ုပ်တိုတွင်ရှိသည်။ ထိုနောက် ဘာဆက်လုပ်မည်နည်း။

ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏လမ်း စဉ်များကို ကျွန်ုပ်နားမလည်သည့်တိုင် ကိုယ်တော်ကို ချစ်၍ ယုံကြည်သောသူဖြစ်စေရန် ကျွန်ုပ်အား ပုံသွင်းပြုပြင်ပေးတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• မိတ်ဆွေ၏ဘဝတွင် အဘယ်သူသည် မိတ်ဆွေကို ဤမျှလောက်ယုံကြည်ပြီး ကူညီပေးဖို ကတိပေးမည်နည်း။

• တစ်စုံတစ်ယောက်မှ မိတ်ဆွေကို ထိုသို ယုံကြည်ခဲ့သောအချိန်ကအကြောင်းကို ပြောပြပါ။

• မိတ်ဆွေနာကျင်ထိခိုက်ရသော်လည်း၊ သခင်ယေရှုမှမိတ်ဆွေကို ထိုမျှလောက် ယုံကြည်စိတ်ချစိတ်ရှိစေလိုပါသလား။ အဘယ်ကြောင့်နည်း သိုမဟုတ် အဘယ်ကြောင့် မရှိစေရသနည်း။







#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)