သခင်ယေရှုနှင့်အတူသွားလာပါ။
စနေနေ့၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို ယေရှုသည်ရောက်တော်မူ၏။ ထိုကြောင့် ထိုသူတိုသည်ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို အဝင်ဖြစ်၏။ ထိုအခါ မာရိသည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တစ်အိမ်လုံးကိုနှံပြား၏။ (ရှင်ယောဟန် ၁၂:၁-၃)
ထိုကြောင့် မာရိသည် သန့်စင်သော နာဒုဆီဖြင့် ပြု လုပ်ထားသော အဖိုးထိုက်သော ဆီမွှေးတစ်ပေါင်ကို ယူ၍ သခင်ယေရှု၏ခြေတော်ကို လိမ်းပြီး မိမိဆံပင်ဖြင့် သုတ်လေ၏။ အိမ်သည် ဆီမွှေး၏ရနံ့နှင့် ပြည့်လေ၏။
နာဒုဆီစစ်စစ်ကို ရှူရှိက်ဖူးပါသလား။ အနံ့ပြင်းပြင်းဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော အနံ့မျိုးရှိ၏။ ထိုအနံ့သည် အရေပြားတွင် ရက်အတော်ကြာ ကပ်ငြိနေတတ်သည်။ အိမ်တစ်ခုလုံး၌ ရနံ့များပြည့်နေသည်ကအံ့သြစရာတော့ မဟုတ်ပါ။
မာရိ၏ဆံပင်၌ ထိုရနံ့ကို အတော်ကြာကြာ ရနေမှာသေချာသည်။ သခင်ယေရှု၏ခြေတော်ရင်း၌လည်း ရနံ့ရသည်။ လက်ဝါးကပ်တိုင်အထိ ရနံ့ရသည်။ ထို သိုဆိုပါက သူမကိုယ်တိုင် မသွားနိုင်သောနေရာသို သခင်ယေရှုနှင့်အတူ သေခြင်းအထိ လိုက်ပါသွား မည့် မေတ္တာလက်ဆောင်တစ်ခုကို သခင်ယေရှုအား သူမ ပေးနိုင်ခဲ့သည်။
သခင်ယေရှုသွားရာအရပ်သို တပည့်တော်များထဲမှ မည်သူမျှ မသွားနိုင်ခဲ့ကြပေ။ သခင်ယေရှုကို အချစ်ဆုံးသူများပင် မသွားနိုင်ခဲ့ကြပေ။ ယောဟန်နှင့် မာရိတိုသည် သခင်ယေရှု၏ လက်ဝါးကပ်တိုင်အောက်တွင် ရပ်၍ စောင့်ကြည့်နေကြသည်။ သိုသော် လူတိုည၏ အပြစ်နှင့် ရှက်ရွံမှုဝန်ထုပ်ဝန်ပိုးကို သခင်ယေ ရှုထမ်းပိုးထားစဉ်၊ ရန်သူများသည် သခင်ယေရှုကို ရဲရင့်စွာ စိန်ခေါ်သကဲ့သို လက်ဝါးကပ်တိုင်မှ ဆင်းလာရန် သွေးဆောင်မှုများကို ရင်ဆိုင်ရစဉ်၊ မ ကောင်းမှု၏ တန်ခိုးများကို တိုက်ခိုက်ပြီး အောင်နိုင်တော်မူစဉ် သူတိုသည် သခင်ယေရှုအား မကူညီနိုင်ကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူသောကြောင့် ထိုသို တစ်ယောက်တည်း လုပ်ဆောင်ခဲ့သည်။ သုံးရက်အကြာတွင် သေခြင်းထဲမှ ထမြောက်တော်မူပြီး ဘုရားသခင်၏ ထာဝရအသက်ဆုကျေး ဇူးကို ကျွန်ုပ်တိုနှင့်အတူ မျှဝေကာ အောင်ပွဲခံလျက် ကျွန်ုပ်တိုထံ ပြန်၍ကြွလာတော်မူမည်။
ဆုတောင်းချက်။ ။သခင်ဘုရား။ ကျွန်ုပ်နှင့်အတူ အမြဲရှိတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• မိတ်ဆွေဒုက္ခခံစားရသည့်အခါ အဖော်ပြုပေးသည်ကို လိုချင်ပါသလား။ အဖော်ပြုပေးသည်ကို မလိုချင်ဘူးလား?
• မိတ်ဆွေဒုက္ခရောက်နေချိန်မှာ သခင်ယေရှုသည် မည်သိုကူညီဖို မိတ်ဆွေအနားမှာရှိတော်မူသနည်း။
• သခင်ယေရှုသည် မိတ်ဆွေနှင့်အတူ အမြဲရှိမည်ဟု ကတိပေးထားသည့်အတွက် ဝမ်းမြောက်ပါသလား။ (မဿဲ ၂၈:၂၀ ကိုဖတ်ပါ။)
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion