Behold Your King! (Lenten Devotion 2026)

2nd March_Lenten Devotions 2026 _ WOH


Listen Later

ပြင်ဆင်ထားသည်။

တနင်္လာနေ့၊မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ ရောက်သောအခါ ကိုယ်တော်က၊ ငါတို စားဖိုရာ သင်တိုသည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။ သူတိုကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ကိုယ်တော်က၊ သင်တိုသည် မြိုထဲသိုဝင်သောအခါ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို လိုက်၍ သူဝင်သောအိမ်သိုဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တိုနှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၂:၇-၁၂)



သခင်ယေရှုသည် ဤအစားအစာအတွက် မိမိဘာ သာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားသည်။ ထိုယဉ်ကျေးမှုတွင် အမျိုးသမီးတစ်ဦးအစား အမျိုး သားတစ်ဦး ရေထမ်းခြင်းသည် ထူးဆန်းလွန်းသဖြင့် ကြိုတင်စီစဉ်ထားသော အချက်ပြမှုတစ်ခုကဲ့သို ထင်ရခြင်း ဖြစ်နိုင်သည်။ အိမ်ရှင်သည် အမည်မဖော်လိုသော “ဆရာ”ကို မည်သူဖြစ်ကြောင်း ထင်ရှားစွာသိပြီး သူတိုအတွက် အပေါ်ထပ်အခန်းကို ပြင်ဆင်ပြီးဖြစ်သည်။ သခင်ယေရှုသည် သီးသန့်နေထိုင်လိုသည်။ ရန်သူများမှ သခင်ယေရှုကို ဖမ်းဆီးရန် စီစဉ်ထားသော်လည်း တပည့်တော်များနှင့်အတူ နောက် ဆုံးအစားအစာစားပြီးမှသာ နှစ်သိမ့်မှု၊ သွန်သင်မှုနှင့် နောင်လာမည့်အရာများအတွက် ပြင်ဆင်နိုင်မည်ဖြစ်သည်။



ထိုကြောင့် ယခု တပည့်တော်များသည် သိုးသငယ်ကို ပူဇော်ပြီး ချက်ပြုတ်ကာ တခြားဟင်းလျာများအားလုံးကို ပြင်ဆင်ကြတယ်။ ညစာလည်း အဆင် သင့်ဖြစ်ပြီ။

ဘုရားသခင်သည်ကျွန်ုပ်တို၏အ ပြစ်များကို ထာဝရယူဆောင်သွားမည့် ပြီးပြည့်စုံသော၊အပြစ်ကင်းသောသိုးသငယ်အဖြစ် သခင်ယေရှုကို စေလွှတ်ခြင်းဖြင့် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရလဒ်အနေဖြင့် သခင်ယေရှုကိုယုံကြည်သူအားလုံးသည် သခင်ယေရှုဘုန်းအသရေဖြင့် ပြန်ကြွလာသောအခါ ကျွန်ုပ်တိုသည် ကယ်တင်ရှင် သခင်ယေရှုနှင့်အတူ ကောင်းကင်ပွဲတော်တွင် စားသုံးကြရလိမ့်မည်။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော်အတွက် ပြင်ဆင်ပေးတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် မည်သည့်ပြင်ဆင်မှုများပြုလုပ်ထားလေ့ရှိသနည်း။

• သခင်ယေရှုသည် ကောင်းကင်ဘုံ၌ မိတ်ဆွေအ တွက် နေရာတစ်ခုကို မည်သိုပြင်ဆင်ပေးနေတော်မူသနည်း။ (ယောဟန် ၁၄:၁-၆ ကိုဖတ်ပါ။)

• ဤသည်မှာ ဘုရားသခင်မှ မိတ်ဆွေကို အဘယ်မျှတန်ဖိုးထားကြောင်းနှင့်သက်ဆိုင်ပြီး အဘယ်အရာကိုပြောပြသနည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)