Behold Your King! (Lenten Devotion 2026)

3rd March_Lenten Devotions 2026 _ WOH


Listen Later

ခြေဆေးခြင်း

အင်္ဂါနေ့၊ မတ်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို၏ ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါနှင့် သုတ်တော်မူ၏။ ထိုသိုသူတို၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို၏ခြေကိုဆေးလျှင် သင်တိုသည် အချင်းချင်းတို ၏ခြေကို ဆေးရကြမည်။ (ရှင်ယောဟန် ၁၃:၄-၅၊ ၁၂၊ ၁၄)

သခင်ယေရှုသည် ကျွန်ုပ်တိုကို ပြုတော်မူပြီး၊ ကျွန်ုပ်တို အချင်းချင်းလည်း ထိုနည်းတူကျင့်ကြံရန် မိန့်မှာတော်မူသော ဤဆေးကြောခြင်းကား အဘယ်နည်း။



"သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ" ချက်သည် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။ သခင်ယေရှုမှ “ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တိုသည် စင်ကြယ်သော်လည်း အချိုမစင်ကြယ်ဟု မိန့်တော်မူ”သောအခါ ကျွန်ုပ်တိုသဲလွန်စတစ်ခုရရှိသည်။ လူတစ်ဦးကို သန့်ရှင်းစေသောဆေးကြောခြင်းမှာ ဗတ္တိဇံခံယူခြင်းဖြင့်သာဖြစ်သည်။ ထိုသိုဆိုပါက ဤသိုနေ့စဉ်ခြေဆေးခြင်းဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တိုအသက်တာ၏နေ့စဉ်ကျူးလွန်သောအပြစ်များအတွက် သခင်ယေရှုပေးသော စဉ်ဆက်မပြတ် ခွင့်လွှတ်ခြင်းဖြစ်ရမည်။ သခင်ယေရှုမှ ကျွန်ုပ်တိုကိုဆေးကြောပေးခြင်းတည်းဟူသော ဗတ္တိဇံခံယူချိန်တွင် ပြီးပြည့်စုံသောသန့်ရှင်းမှုဖြင့် ကျွန်ုပ်တိုကို ပြန်လည်ပြုပြင်ပေးသောကြောင့် ကျွန်ုပ်တို ဝမ်းမြောက်ကြသည်။

သခင်ယေရှု ဤသိုပြုလုပ်နိုင်ရခြင်းမှာလက်ဝါးကပ် တိုင်၌ ကျွန်ုပ်တို၏ သန့်စင်ခြင်းအတွက် အဖိုးအခကို ပေးဆောင်ခဲ့သောကြောင့်ဖြစ်သည်။ သခင်ယေ ရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် သခင်ယေရှုကို ယုံကြည်ကိုးစားသော ကျွန်ုပ်တို သည် ပျက်စီးခြင်းသို ရောက်ရမည့် အပြစ်သားများ မဟုတ်တော့ပါ။ သခင်ယေရှုပေးသော အသက်ဖြင့် နေထိုင်သော ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုကို ခွင့်လွှတ်သကဲ့သိုပင် ကျွန်ုပ်တိုသည် သခင်ယေရှု၏ စံနမူနာကို လိုက်လျှောက်ကြသည်။ ညီအစ်ကိုမောင်နှမများ၏ ခြေကိုဆေးကြောခြင်း၊ သူတိုမှ ကျွန်ုပ်တိုကို ပြစ်မှားသောအခါ ခွင့်လွှတ်ခြင်းတိုကို ပြုကြသည်။



ဆုတောင်းချက်။ ။ချစ်စွာသောသခင်ယေရှု၊ ကျွန်ုပ်ကိုဆေးကြောပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှုသည် မိတ်ဆွေ၏နေ့စဉ်အပြစ်များကို မည်သည့်အချိန်တွင် ဆေးကြောသန့်စင်ပေးတော်မူသနည်း။

• မိမိနှင့်စပ်ဆိုင်သူများကို မည်သို၊ မည်သည့်အချိန်တွင် ခွင့်လွှတ်လေ့ရှိသနည်း။

• ခွင့်လွှတ်ဖို အခက်အခဲရှိသောအခါ အကူအညီကို အဘယ်မှာရှာနိုင်သနည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion














...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)