Behold Your King! (Lenten Devotion 2026)

4th March_Lenten Devotions 2026 _ WOH


Listen Later

ယုဒရှကာရုတ်
 ဗုဒ္ဓဟူးနေ့၊မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။  

 ကျမ်းချက်။ ။ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​  လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။ ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊ အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။ ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန် ၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။ ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ ၏။ ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ထို​အ​ချိန်​ကားည​အ​ချိန်​ဖြစ် ၏။ (ရှင်ယောဟန် ၁၃:၂၁ခ-၂၇၊ ၃၀) သခင်ယေရှုသည် ယုဒရှကာရုတ်ကို မုန့်တစ်လုပ်ပေးပြီး မည်သူမှ မကြားအောင် စကားပြောနိုင်ဖို ယုဒရှကာရုတ်နှင့် အလွန်နီးကပ်စွာ လဲလျောင်းနေခဲ့လိမ့်မည်။ သခင်ယေရှု၏ကျောသည် ယုဒရှကာရုတ်၏ ရင်ဘတ်နှင့် နီးကပ်နေသကဲ့သို၊ ယောဟန်၏ကျောသည်လည်း သခင်ယေရှု၏ရင်ဘတ်နှင့် နီးကပ်နေတမည်ဟု ကျွန်တော်ထင်သည်။ အကယ်၍ ထိုသိုဆိုပါက သခင်ယေရှုသည် မိမိအားသစ္စာဖောက်မိသူနှင့်အတူ ညစာစားလျှက်ဖြတ်သန်း​နေခြင်းဖြစ်သည်။  သစ္စာ​ဖောက်ခြင်းခံရမည်ကိုလလည်း သခင်​ယေရှုသိထား​​တော်မူပြီးဖြစ်သည်။ သိုတိုင်​အောင် ထိုအသိပညာသည် ယုဒရှကာရုတ်အား မှန်သောလမ်းသို ပြန်လှည့်ရန် ကြိုးစားခြင်းမှ သခင်ယေရှုကို မတားဆီးခဲ့ပါ။ သခင်​ယေရှုသည် သူ၏ခြေကိုဆေးကြောခဲ့သည်။ မုန့်တစ်လုပ်ဖြင့် သူကို ဂုဏ်ပြုခဲ့သည်။ ယုဒရှကာရုတ်မှ သစ္စာဖောက်တော့မည်ဖြစ်ကြောင်း မိမိသိကြောင်းကိုပင် သက်​သေပြ​တော်မူခဲ့သည်။ (မဿဲ ၂၆:၂၅ ကိုဖတ်ပါ) သခင်ယေရှုသည် ယုဒရှကာရုတ်ကို အဆုံးထိချစ်​တော်မူခဲ့သည်။ ကျွန်ုပ်တိုကိုလည်း သခင်​ယေရှု ချစ်​တော်မူပြီး ကျွန်ုပ်တို အပြစ်လုပ်သောအခါတွင်  ထိုကရုဏာတော်ကို ပြသကာ ကျွန်ုပ်တိုကို သူ၏အထံ​တော်သို ပြန်ရောက်စေရန် ကြိုးစားခဲ့သည်။ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံရန် လိုအပ်သည့်တိုင် ​အောင် ကျွန်ုပ်တိုကို စွန့်လွှတ်ရန် ငြင်းဆိုခဲ့သည်။   ယခု သခင်​ယေရှုသည် သေခြင်းမှ ထမြောက်တော်မူပြီဖြစ်သောကြောင့် ထာဝရအသက်နှင့် မေတ္တာ​တော်ကို ကျွန်ုပ်တိုအား ပေးတော်မူ၏။
 ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော်အပေါ်၌သာ ထာဝရသစ္စာရှိစေတော်မူပါ။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• ယုဒရှကာရုတ်သည် သူ၏စိတ်ကို ပြောင်းလဲနိုင်ခဲ့ပါသလား။

• အဘယ်ကြောင့် ထိုသိုထင်သနည်း။

• ကျွန်ုပ်တိုအပြစ်လုပ်မိသောအခါ သခင်ယေရှုသည် ကျွန်ုပ်တိုကို ပြန်လည်ခေါ်ဆောင်မည်လား။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion
...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)