မျှော်လင့်ချက်နှင့် မေတ္တာတော်။
ကြာသပတေးနေ့၊ မတ်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ထိုအခါ ဂေသရှေမန်အရပ်သိုရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တိုသည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တိုအား မိန့်တော်မူပြီးမှ၊ပေတရု၊ ယာကုပ်၊ ယောဟန်တိုကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို ရောက်တော်မူ၏။ ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ဟု တပည့်တော်သုံးယောက်တိုအား မိန့်တော်မူ၍၊ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတိုကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှတော်မူပါ။ သိုသော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊ (ရှင်မာကု ၁၄:၃၂၊ ၃၃-၃၆ )
တစ်ခါတစ်ရံ မျှော်လင့်ချက်သည် အဆိုးရွားဆုံး ဝေ ဒနာကို ဖြစ်စေတတ်သည်။ ဤအချိန်အထိ သခင်ယေရှုသည် တပည့်တော်များအား အနာဂတ်တွင် မိမိသည် ရန်သူများလက်သို အပ်နှံခြင်း၊ လှောင်ပြောင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေ ခံခြင်းတိုကို ခံရမည်၊ ထိုနောက် သေခြင်းမှ ထ မြောက်လိမ့်မည်ဟု အလွန်ရှင်းလင်းစွာ မိန့်တော်မူခဲ့သည်။ သခင်ယေရှုမိန့်တော်မူသမျှတွင် သံသယဖြစ်စရာ မရှိပါ။
သိုသော် ယခု၊ အသက်တာ၏ နောက်ဆုံးညတွင် ဥ ယျာဉ်ထဲ၌ရှိနေရသည်မှာ ပြီးပြည့်စုံသောယုံကြည်ချက်ကို ရုပ်သိမ်းလိုက်သလိုပင်ဖြစ်သည်။ လူတိုင်းနည်းတူ သခင်ယေရှုသည် မျှော်လင့်ချက်၏နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပြီး၊ ဘုရားသခင်သည်ကမ္ဘာကြီးကို ကယ်တင်ဖို တခြားနည်းလမ်းတစ်ခုကို ရှာတွေ့နိုင်သည်ဟူသော အတွေးမျိုးဖြစ်သည်။ ထိုနည်းလမ်းသည် သခင်ယေရှုနှစ်ပေါင်းများစွာ သိထားတော်မူသော အနာဂတ်မှလွဲသွားလိမ့်မည်။
ထိုကြောင့် အခြားသောသူများနည်းတူဆုတောင်း တော်မူသည်။ သခင်ယေရှုသည် ခက်ခဲစွာဖြင့် ဘုရားသ ခင်ထံ ထိုလွတ်လမ်းအတွက် တောင်းလျှောက်သော်လည်း “ကိုယ်တော်သည် အလုံးစုံတိုကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှတော်မူပါ။ သိုသော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်” ဟု အမြဲထပ်လောင်းဆုတောင်းတော်မူသည်။ အကြောင်းမှာ သခင်ယေရှုသည် ခမည်းတော်ကို ချစ်တော်မူပြီး ကျွန်ုပ်တိုကိုလည်း ချစ်တော်မူသည်။ မိမိ၏အသက်ကိုစွန့်ရသော်လည်း ကျွန်ုပ်တိုကို ဆုံးရှုးရန် ဆန္ဒရှိတော်မမူ။
မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ သခင်ယေရှုသည် မေတ္တာရှင်ထံသို ပြန်လှည့်တော်မူ၏။ တပည့် တော်များ ထွက်ပြေးနိုင်ရန် နှိးဆော်တော်မူ၏။ ထို နောက် ကျွန်ုပ်တိုအားလုံးအတွက် လက်ဝါးကပ်တိုင်သို မျက်နှာမူတော်မူ၏။
ဆုတောင်းချက်။ ။ကယ်တင်ရှင်၊ ကျေးဇူးတင်ပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• မှားယွင်းသောမျှော်လင့်ချက်မျိုး ကြုံဖူးပါသလား။
• မှားယွင်းသောမျှော်လင့်ချက်များ ရောနှောလာသည့်အခါ အဘယ်ကြောင့် ဒုက္ခက ပို၍နာကျင်ရသနည်း။
• ဤဆုတောင်းချက်ဆွေးနွေးချက်တွင် ခမည်းတော်ဘုရားသခင်သည် သခင်ယေရှုအပေါ် မည်သည့်စိတ်သဘောထားရှိမည်ဟု ထင်ပါသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion