Behold Your King! (Lenten Devotion 2026)

6th March_Lenten Devotions 2026 _ WOH


Listen Later

လက္ခဏာနှင့် လက်တွေ့သက်သေ။

သောကြာနေ့၊ မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။



ကျမ်းချက်။ ။ထိုသို မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတိုနှင့် လူတိုတွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတိုသည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတိုအား အမှတ်ပေးခဲ့သည်အတိုင်း၊ကိုယ်တော်ရင်းသို ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတိုသည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။(ရှင်မဿဲ ၂၆:၄၇-၅၀)



လပြည့်နေ့ဖြစ်သော်လည်း ထိုသစ်ပင်များအောက်တွင် မှောင်မိုက်နေပုံရသည်။ သခင်ယေရှုသည် ရပ်စောင့်နေတော်မူစဉ် တပည့်တော် ၁၁ ပါးသည် လန့် ဖျပ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ မျက်လုံးများကို ပွတ်သပ်နေကြသည်။ သစ်ပင်များကြားမှ လူအုပ်ကြီးသည် ဓားနှင့်တုတ်များကိုင်ဆောင်လာပြီး မီးရှူးတိုင်များကိုလည်းင်ဆောင်လာကြသည်။ သူတိုနှင့်အတူ ယုဒရှကာရုတ်သည် ယေရှုထံသို တန်းသွားပြီး နမ်းခြင်းဖြင့် နှုတ်ဆက်သည်။

ယုဒရှကာရုတ် ဘာကိုတွေးနေမည်နည်း။ သခင်ယေ ရှုသည် မှောင်မိုက်ထဲ၌ ဖမ်းဆီးခံရမည်ကို ရှောင်ရှားဖို ကြိုးစားလိမ့်မည်ဟုသူတွေးနေခဲ့လိမ့်မည်။ ထိုနည်း တူဖြစ်ပုံရသည်၊ သိုမဟုတ် ကင်းသမားများမှသခင်ယေရှုကို ခွဲခြားသိနိုင်စေဖို လိုအပ်သောနည်းလမ်းတစ်ခု ရှာချင်ရာနေခဲ့လိမ့်မည်။

သိုသော် သခင်ယေရှုသည် ထွက်ပြေးဖို မည်သည်အခါမျှ မရည်ရွယ်ခဲ့ပါ။ ယုဒရှကာရုတ်တွင် မေတ္တာလက္ခဏာရှိပေသော်လည်း သခင်ယေရှုတွင် လက်တွေ့မေတ္တာသက်သေရှိတော်မူသည်။ ထိုနောက် ကျွန်ုပ်တိုအတွက် သခင်ယေရှုသည် ဖမ်းဆီးခံရခြင်း၊ ဒုက္ခခံရခြင်း၊ သေခြင်းနှင့် တတိယမြောက်နေ့တွင်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းစသည့် အရာအားလုံးကို ဖြတ်သန်းသွားရလိမ့်မည်။ အကြောင်းမူ ကားသခင်ယေရှုသည် ကျွန်ုပ်တိုကို ထိုမျှလောက်ချစ်တော်မူသည်။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်တိုကို ဤမျှချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• ယုဒရှကာရုတ်မှ အဘယ်ကြောင့် အနမ်းတစ်ပွင့်ကို သူ၏အမှတ်အသားအဖြစ် ရွေးချယ်ခဲ့ရသနည်း။

• တစ်စုံတစ်ယောက်မှ မိတ်ဆွေကို တကယ်ချစ်ကြောင်းကို အဘယ်သိုသိနိုင်မည်နည်း။

• သခင်ယေရှု၏လုပ်ဆောင်မှုများသည် မိတ်ဆွေအ ပေါ် ထားရှိသောသူ၏စိတ်သဘောကို မည်သိုမိန့်တော်မူထားသနည်း။





#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

...more
View all episodesView all episodes
Download on the App Store

Behold Your King! (Lenten Devotion 2026)By Hope For Youth (WOH-LHM)