ဘယ်သူမျှပျက်စီးခြင်းသို မရောက်ပါ။
စနေနေ့၊ မတ်လ ၇ ရက်၊ ၂၀၂၆ခုနှစ်။
ကျမ်းချက်။ ။ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတိုကို သိတော်မူလျက်၊ လာသောသူတိုဆီသို သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။ နာဇရက်မြိုသား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတိုသည် နောက်သိုလှန်၍ မြေပေါ်၌လဲကြ၏။ အဘယ်သူကိုရှာကြသနည်းဟုတစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြိုသားယေရှုကို ရှာကြသည်ဟု ထိုသူတိုသည် ဆိုကြ၏။ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ် ၏ဟု ငါပြောပြီ။ သိုဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတိုသည် သွားပါလေစေဟု မိန့်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတိုတွင် အဘယ်သူမျှပျက်စီးခြင်းသို မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသိုမိန့်တော်မူ၏။(ရှင်ယောဟန် ၁၈:၄-၅က၊ ၆-၉)
"ငါသည်" ဟူသော ရိုးရှင်းသောစကားလုံးများဖြင့် သူတိုကို နောက်ပြန်လှန်ပစ်နိုင်သော တန်ခိုးရှိသော အ ကျဉ်းသားတစ်ဦးကို ကင်းသမားများထဲ၌ မည်သူမျှ မတွေ့ဖူးဟု ကျွန်ုပ်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရိစကားလုံးများကို ကြည့်ပါက သခင်ယေရှုသည် ထိုအရာကို မိန့်တော်မူခဲ့ခြင်းဖြစ်ပြီး ၎င်းသည် "သင်တိုရှာနေသော ငါကား" ဟူသော ရိုးရိုးရှင်းရှင်းထက် ပိုမိုအဓိပ္ပာယ်ရှိသည်။ "ငါသည်" ဆိုသည်မှာ ဘုရားသခင်၏ နာမတော်ဖြစ်သည်။ (ထွက်မြောက်ရာ ၃:၁၄ ကိုဖတ်ပါ)သခင်ယေရှုသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်တော်မူပြီး မိမိ၏နာမတော်ကို မိန့်တော်မူခြင်းဖြင့် သခင်ယေရှုသည် ဖမ်း ဆီးခြင်းကိုပင် ကိုယ် တော်တိုင် ထိန်းချုပ်သူဖြစ် ကြောင်း လုံးဝရှင်းလင်းစွာ ဖော်ပြခဲ့သည်။
ထိုကြောင့် သခင်ယေရှုတွင် ဘုန်းတန်ခိုးရှိတော်မူသည်။ သိုသောမည်သို အသုံးပြုတော်မူသနည်း။ မိမိကိုယ်ကိုကာကွယ်ဖိုမဟုတ်ဘဲ ဘုရားသခင်ပေးသနားတော်မူသောလူများကို ကာကွယ်ဖိုသုံးတော်မူသည်။ သခင်ယေရှုသည် တပည့်တော်များကို သူနှင့်အတူဖမ်းဆီးခြင်းကို ခွင့်မပြုပါ။ မိမိတစ်ပါးတည်းသာ ဆင်းရဲဒုက္ခ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသို လျှောက်လှမ်းတော်မူသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် ကျွန်ုပ်တို၏ကာကွယ်သူလည်းဖြစ်ပြီး၊ ကိုယ်တော်၏အသက်ကို ပေးဆပ်၍ မကောင်းမှု၏တန်ခိုးမှ ကျွန်ုပ်တိုကို ကယ်တင်တော်မူသောအရှင်ဖြစ်သောကြောင့်ပင်။
ဆုတောင်းချက်။ ။ကိုယ်တော်၏မေတ္တာနှင့် တန်ခိုးတော်ဖြင့် ကျွန်ုပ်ကိုကာကွယ်ပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• တစ်စုံတစ်ယောက် ဖမ်းဆီးခံရသည့်အခါ ပုံမှန်အား ဖြင့် မည်သူက ထိန်းချုပ်ထားလေ့ရှိသနည်း။
• သခင်ယေရှုသည် မိမိ၏ရွေးချယ်မှုအတိုင်းပူးပေါင်းဆောင်ရွက်တောင်မူခဲ့ကြောင်း သိရှိရန် ကင်းသမားများနှင့် ကျွန်ုပ်တိုအတွက် အဘယ်ကြောင့် အရေး ကြီးပါသနည်း။
• ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၁၇-၁၈ တွင် သခင်ယေရှု၏လုပ်ဆောင်မှုများအကြောင်း အဘယ်သိုပြောပြထားသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion