Sign up to save your podcasts
Or

ကိုဗစ်နိုင်တင်း စဖြစ်တဲ့အချိန် ၂၀၂၀၊ ဖေဖဝါရီလဆန်းမှာ ဘုရားပေးတဲ့သတင်းစကားဖြစ်တယ်။
ကိုဗစ်နိုင်တင်းပိုးဟာ ကိုယ်ခန္ဓာရဲ့ခုခံအားနဲတဲ့သူတွေမှာ ဖြစ်နိုင်ချေပိုများတယ်လို့ပြောကြတယ်။
သုတ္တံကျမ်း 17 22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။
စိတ်ရွှင်လန်းခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးက စိတ်ပျက်ခြင်းဖြစ်သော်လည်း ကျန်းမာခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးနေရာမှာ အနာရောဂါကိုမသုံးနှုန်းဘဲ၊ “အရိုးတို့ကိုသွေ့ခြောက်စေတတ်၏”လို့သုံးထားတယ်။ အရိုးတို့ကိုသွေ့ခြောက်စေတတ်တာ ဘာထူးဆန်းလို့လဲ?
- အရိုးထဲမှာ ခြင်ဆီရှိပါတယ်။
- ရိုးတွင်းခြင်ဆီတွေခြောက်သွေ့သွားရင် စိုးရိမ်စရာကောင်းပါတယ်။
ဒီအကြောင်းပိုပြီးရှင်းသွားအောင် ကိုယ်ခန္ဓာမှာ အသွေးကဘယ်လောက်ရေးပါကြောင်းနားလည်ဖို့လိုပါတယ်။
- အသွေး၌ အသက်တည်တယ်လို့ပြောပါတယ်။
ဝတ်ပြုရာကျမ်း 17 11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။
ဘဝဟာ အမြဲတမ်းပျော်စရာတွေချည်းကြုံရတာမဟုတ်တော့ ဘာလုပ်ရမလဲ?
ဖိလိပ္ပိဩဝါဒစာ 4 4 သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။-
ရိုးတွင်းခြင်ဆီကိုအားသန်စေတဲ့ဝမ်းမြောက်ခြင်းအရင်းအမြစ်(၃)ခု
သုတ္တံကျမ်း 3
1. 5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
2. 6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ 7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။
3. ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ 8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
ကောင်းသောသတင်းစကားအားဖြင့် အရိုးတို့ကိုခြင်ဆီနဲ့ပြည့်စေသောသူ၊ ယေရှုခရစ်တော်အားဖြင့်ရရှိတဲ့ စိတ်ရွှင်လန်းခြင်းအားဖြင့် ကျန်းမာခြင်းရရှိနိုင်ပါစေ။
By Joseph Siang5
77 ratings