
Sign up to save your podcasts
Or


ဘယ်လိုတည်ဆောက်မလဲ? (အဆက်)
၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။ ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။
ဟေရှာယအနာဂတ္တိကျမ်း 66:1-2 ဓမ္မရာဇဝင် တတိယစောင် 8:27-29
ဒါဝိဒ်၊ ရှောလမုန်အားဖြင့် ဗိမာန်တော်
- ဘုရားဘုန်းတော်တည်သောအရပ် (၂ ရာ ၇း၁-၂)
- ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ ရာ ၂၂း၁၂)
- ပေးလှူခြင်း (၁ ရာ ၂၉း၁-၁၀)
__________________________________
ဓမ္မဟောင်းကျမ်းမှာဝှက်ထားတဲ့အရာတွေကို ဓမ္မသစ်ကျမ်းမှာဖွင့်ပြတယ်။ ဟေဗြဲ ၁း၁ (မိမိသားတော်အားဖြင့်ဗျာဒိတ်)
ဓမ္မဟောင်းကျမ်းကပုံရိပ်ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းကအစစ်ဖြစ်တယ်။ ကော ၂း၁၇ (အရိပ်၊ ကိုယ်မူကားခရစ်တော်)
__________________________________
ယေရှုခရစ်တော်အားဖြင့် အသင်းတော် (တပည့်တော်၊ လူသား)
- ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ (ယောဟန် ၁း၅၁)
- ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ ရှင်လုကာ ၂း၅၁)
- ပေးလှူခြင်း (ရှင်လုကာ ၈း၃)
တပည့်တော်များအားဖြင့် အသင်းတော် (ယုံကြည်သူများ)
- ဘုရားသခင်၏ထူးဆန်းသောပညာတော်ထင်ရှားသောနေရာ (ဧဖက် ၃း၁၀-၁၁)
- ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ တမန် ၆း၃)
- ပေးလှူခြင်း (တမန် ၂း၄၀-၄၇၊ ၄း၃၂-၃၇)
စိတ်နှလုံးသားကိုကြည့်သောဘုရားဖြစ်တယ်။
- ဖြူစင်တဲ့နှလုံးနှင့် အသင်းတော်ကိုတည်ဆောက်ပါ။
ဘယ်လိုတည်ဆောက်မလဲ?
၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။
ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။
- ဟေရှာယအနာဂတ္တိကျမ်း 66:1-2
- ဓမ္မရာဇဝင် တတိယစောင် 8:27-29
အိမ်ကိုအမှန်တည်ဆောက်သောသူက ဘုရားသခင်ဖြစ်တယ်။
- ဆာလံကျမ်း 127:1
- ဟေဗြဲဩဝါဒစာ 3:4
ဘုရားသခင်က ပညာတော်ဖြင့် အိမ်တော်တည်ဆောက်တယ်။
- သုတ္တံကျမ်း 24 3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
- ရှင်မဿဲခရစ်ဝင် 7:24-25 - ကြားတဲ့စကားကို လက်တွေ့အသုံးချတာ ‘ပညာရှိသူ’ ဖြစ်တယ်။
- ထွက်မြောက်ရာကျမ်း 31:1-6
အိမ်တော်နှင့်ပေးလှူခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းဟာ ဆက်စပ်မှုအမြဲရှိတယ်။
- အာဗြဟံ ဆယ်ဖို့တစ်ဖို့အလှူပေးသောသူ၊ မေလခိဇေဒက်။
- ယာကုပ် ဆယ်ဖို့တစ်ဖို့အလှူပေးဖို့ကတိသစ္စာဆိုသောနေရာ၊ ဗေသလအရပ်။
ပေးလှူခြင်းဖြင့် အိမ်တော်တည်ဆောက်ခြင်း
အာဒံ အတွက် ဧဒင်ဥယျာဉ် - ဘုရားနှင့်လူသား၊ ကောင်းကင်နှင့်မြေကြီးဆုံမှတ် - ဘုရားသခင်ကိုယ်တိုင် ဧဒင်ဥယျာဉ်ကိုစိုက်ပျိုး၊ လူကိုနေရာချပေးခဲ့တယ်။
ယာကုပ်အိပ်မက် ဘုရားအိမ်တော် - ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ - ဆယ်ဖို့တစ်ဖို့ပေးခြင်း
မောရှေအားဖြင့် တဲတော် - ဘုရားဘုန်းတော်တည်သောနေရာ (ထွက် ၄၀:၃၄-၃၅) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (ထွက် ၃၁း၁-၆၊ ၃၅း၃၀-၃၅) - ပေးလှူခြင်း (ထွက် ၃၆း၁-၇)
အိမ်တော်ဆိုတာ ဘာလဲ?
၁။ ဧဒင်ဥယျာဉ် - ကောင်းကင်နှင့်မြေကြီးတထပ်တည်းကျတဲ့နေရာဖြစ်တယ်။ ဝိညာဉ်နယ်ပယ်နှင့် ရုပ်လောကထိတွေ့တဲ့နေရာ။
- နေရာလို့ပြောတာ၊ ဒေသမဟုတ်ဘူး။ လူသွားရာ အရပ်ခပ်သိမ်းကိုဆိုလိုတယ်။ ဒီအကြံအစည်တော်ဟာ အပြစ်တရားကြောင့်ပျက်စီးသွားခဲ့တယ်။ ပျက်စီးသွားခဲ့ပေမဲ့ ပျောက်ကွယ်မသွားဘူး၊ ဘုရားသခင်ပြန်လည်အကောင်အထည်ဖော်မယ်။
၂။ ထာဝရဘုရား၏အိမ်တော် - (Concept) သဘောတရား။
BETHEL - (The House of God) ဘုရားသခင်အိမ်တော်။ ကမ္ဘာ ၂၈း၁၂-၂၂
အိမ်တော်ဆိုတာ ကောင်းကင်နှင့်မြေကြီးထိတွေ့တဲ့ ဆုံမှတ်ဖြစ်တယ်။
၃။ တဲတော် - (Eden Model) ဧဒင်ပုံစံ၊ သရုပ်ပြရန် ပုံစံ။ (နှစ်ပေါင်း ၄၀၀ကျော်အသုံးပြုခဲ့) တဲတော်ကို တည်ဆောက်ပြီးစီးခြင်း
- ထွက် ၄၀:၁၇-၃၃(၃၃-၃၈)
ဗိမာန်တော် (နှစ်ပေါင်း၄၀၀ကျော်)
- ဒါဝိဒ်မင်းကြီးအကြံ၊ သားတော်ရှောလမုန်မင်းကြီး (၇)နှစ် တည်ဆောက်ပြီးစီး၊ ၉၆၀ BC
- ဘုရားသခင်ဘုန်းတော်နှင့်ပြည့်တယ်။ ၁ရာ ၇း၁
- ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုလောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။
တမန်တော် ၇း၄၄-၅၂ (သက်တေဖန်၏တရားဟောချက်)
၄။ ခရစ်တော် - ဗိမာန်တော် (အသင်းတော်၊ ထာဝရတည်မြဲတဲ့နိုင်ငံ) ကောင်းကင်နှင့်မြေကြီးဆက်သွယ်ပေးသော ယာကုပ်လှေကား၊ ကမ္ဘာ ၂၈း၁၂
အသင်းတော်
ခရစ်တော်၏ကိုယ်၊ ယုံကြည်သူများ
အိမ်တော်ဆိုတာ ဘုရားနှင့်လူသားအတူပေါင်းသင်းသောနေရာ
- ကောင်းကင်ရဲ့အရသာကိုမွေ့လျော်ခံစားရသောနေရာ ဘုရားနှင့်လူသားအတူလုပ်ဆောင်သောနေရာ
- ကောင်းကင်ရဲ့အခွင့်အာဏာကို အသုံးပြုလို့ရတဲ့နေရာ
အသင်းတော်ဆိုတာ - ခရစ်တော်၌ရှိသော သင်နှင့်ကျွန်ုပ်အားဖြင့် မြေကြီးအပေါ်မှာ ကောင်းကင်နိုင်ငံကိုတည်ထောင်ခြင်းဖြစ်တယ်။
ဟဂ္ဂဲ ၁း၁-၉
အခန်းငယ် ၄၊ အိမ်တော်ပျက်လျက်နေရမည်လော့။
အခန်းငယ်၈၊ အိမ်တော်ကိုဆောက်ကြလော့။
အိမ်တော်ကိုတည်ဆောက်ဖို့ဆိုတာ အသက်တာကိုပြုပြင်ဖို့ဆိုလိုတယ်။
၁။ ကြိုမြင်နိုင်တဲ့ဘုရားက ကြိုတင်ပြင်ဆင်ပေးတယ်။
- လူတွေတည်ထောင်ထားတဲ့အင်ပါယာတွေပျောက်ကွယ်သွားမယ်။
- ခရစ်တော်တည်ထောင်တဲ့နိုင်ငံက ထာဝရတည်မယ်။
- ယေရမိ ၂၉း၁၁၊ ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအမှီပြုပြီး ဘဝကိုခြေလှမ်းရင်တော့၊ ရှေ့ကိုကြိုသိမြင်တဲ့ဘုရားက ကျွန်တော်တို့ဆုံးရှုံးပျက်စီးဖို့ ခွင့်ပြုမှာတော့ မဟုတ်ဘူး။
၂။ ဇာတ်သိမ်းမှာ ဘယ်သူနိုင်သလဲ။
- ဒံယေလ ၂း၃၄-၃၅၊ ၂း၄၄-၄၅
- အချိန်ကာလရဲ့အဆုံးမှာတော့ ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်က တည်ထောင်မှာဖြစ်တယ်။
၃။ အဆုံးသတ်ကိုကြည့်ပြီးခြေလှမ်းစတင်ပါ။
- ဖန်ဆင်းခြင်းအစမှာ ဘုရားသခင်က၊ …
- …လူတစ်ဦးတည်းနှင့်အစပြုတဲ့အတိုင်းပဲ၊ အချိန်ကာလရဲ့အဆုံးမှာ လူတစ်ဦးတည်းနှင့်ပဲအဆုံးသတ်မှာဖြစ်တယ်။
ထူးခြားသောအသက်ရှင်မှုဆိုတာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းဖြစ်တယ်။
- လောကီလူတွေလိုမြင်မယ်၊ ခံစားမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ရွေးနှုတ်ခြင်းက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။
- လောကီလူတွေနှင့် တူနေလို့ရမှာ မဟုတ်ပါဘူး။
1. ဒေသနာကျမ်း ၁၁း၉၊ ၁တိ ၄း၁၂
- စိတ်ကြိုက်အသက်ရှင်လို့ရတဲ့အချိန်ရှိတယ်၊ ဒါပေမယ့် အကျိုးဆက်ခံစားရတဲံအချိန်လည်းရောက်လာမယ်။
- အရည်အချင်းရှိပေမဲ့ လူတွေလေးစားတာက မိမိအသက်ရှင်မှုပုံစံအားဖြင့် ဖြစ်တယ်။
2. ဒေသနာကျမ်း ၁၂း၁
- ဒုက္ခမရောက်ခင်မှာ မိမိကိုဖန်ဆင်းတဲ့အရှင်၊ မိမိကိုအသိဆုံးသောသူနှင့် သိထားဖို့လိုတယ်။
- ကြိုတင်သတိပေးတဲ့အခါ သတိပြုပါ။
3. တရားဟော ၄း၆၊ ဒေသနာကျမ်း ၁၂း၁၃
- ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းဟာ၊ သူတပါးအမြင်မှာ ပညာရှိခြင်းအဖြစ်ထင်ရှားတယ်။
ရှင်ယောဟန်ခရစ်ဝင် 12 24 ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။-
- သမ္မာတရားဟာ ဝိညာဉ်ကယ်တင်ခြင်းအတွက်သာမဟုတ်ဘဲ၊
- ရှင်သန်မှုမှာ အကျိုးဖြစ်ထွန်းနိုင်ဖို့လမ်းညွှန်ဖြစ်တယ်။
- ကမ္ဘာဦး 1:27-28
ကျဆင်းတဲ့လူသားအတွက် ရှေ့ဆက်ဘာလုပ်ရမလဲ?
သုတ္တံကျမ်း 19 21 လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။
ဘုရားသခင်ဘယ်လိုကြံစည်ထားသလဲ?
၁။ သင့်ကိုယ်သင်သေဖို့ခွင့်ပြုသလား?
- ဒုတိယမွေးခြင်းဆိုတာ ပထမမွေးခြင်းကိုသေစေခြင်းဖြစ်တယ်။
ဂလာတိဩဝါဒစာ 2:20
၂။ လက်ဝါးကပ်တိုင်ရဲ့သဘောတရား
- ပထမမွေးဖွားခြင်းဟာ သင့်ရွေးချယ်မှုမပါဝင်ဘူး၊ သို့သော် ဒုတိယမွေးခြင်းဟာ သင်ရွေးချယ်ဆုံးဖြတ်ရမယ်။
- ဒီဆုံးဖြတ်ချက်ဟာ ဘဝတစ်ခုလုံးမှာဘယ်အရာရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာ ပြညွှန်ပေးတယ်။
ရှင်မဿဲခရစ်ဝင် 16:24-26
၃။ များစွာသောအသီးကို သီးခြင်း
- ပင်စည်နှင့်ဆက်နွယ်ရင် အသီးသီးလာမယ်။
ရှင်ယောဟန်ခရစ်ဝင် 15:5
များစွာသောအသီးတွေမြင်တွေ့နိုင်ဖို့ ဝိညာဉ်တော်ဘုရားအစဉ်မစပါစေ။
ကိုဗစ်နိုင်တင်း စဖြစ်တဲ့အချိန် ၂၀၂၀၊ ဖေဖဝါရီလဆန်းမှာ ဘုရားပေးတဲ့သတင်းစကားဖြစ်တယ်။
ကိုဗစ်နိုင်တင်းပိုးဟာ ကိုယ်ခန္ဓာရဲ့ခုခံအားနဲတဲ့သူတွေမှာ ဖြစ်နိုင်ချေပိုများတယ်လို့ပြောကြတယ်။
သုတ္တံကျမ်း 17 22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။
စိတ်ရွှင်လန်းခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးက စိတ်ပျက်ခြင်းဖြစ်သော်လည်း ကျန်းမာခြင်းရဲ့ဆန့်ကျင်ဖက်စကားလုံးနေရာမှာ အနာရောဂါကိုမသုံးနှုန်းဘဲ၊ “အရိုးတို့ကိုသွေ့ခြောက်စေတတ်၏”လို့သုံးထားတယ်။ အရိုးတို့ကိုသွေ့ခြောက်စေတတ်တာ ဘာထူးဆန်းလို့လဲ?
- အရိုးထဲမှာ ခြင်ဆီရှိပါတယ်။
- ရိုးတွင်းခြင်ဆီတွေခြောက်သွေ့သွားရင် စိုးရိမ်စရာကောင်းပါတယ်။
ဒီအကြောင်းပိုပြီးရှင်းသွားအောင် ကိုယ်ခန္ဓာမှာ အသွေးကဘယ်လောက်ရေးပါကြောင်းနားလည်ဖို့လိုပါတယ်။
- အသွေး၌ အသက်တည်တယ်လို့ပြောပါတယ်။
ဝတ်ပြုရာကျမ်း 17 11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။
ဘဝဟာ အမြဲတမ်းပျော်စရာတွေချည်းကြုံရတာမဟုတ်တော့ ဘာလုပ်ရမလဲ?
ဖိလိပ္ပိဩဝါဒစာ 4 4 သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။-
ရိုးတွင်းခြင်ဆီကိုအားသန်စေတဲ့ဝမ်းမြောက်ခြင်းအရင်းအမြစ်(၃)ခု
သုတ္တံကျမ်း 3
1. 5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
2. 6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ 7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။
3. ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ 8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
ကောင်းသောသတင်းစကားအားဖြင့် အရိုးတို့ကိုခြင်ဆီနဲ့ပြည့်စေသောသူ၊ ယေရှုခရစ်တော်အားဖြင့်ရရှိတဲ့ စိတ်ရွှင်လန်းခြင်းအားဖြင့် ကျန်းမာခြင်းရရှိနိုင်ပါစေ။
အသီးသီးပြီးရင် အရသာပေးဖို့ဖြစ်တယ်။ အသစ်သောစပျစ်ရည်ကို စပျစ်သီးကရနိုင်တယ်။ အသီးသီးပြီးရင် အသီးထဲကအရသာရှိတဲ့အရည်ကို ရယူနိုင်တယ်။
- ရှင်ယောဟန် ၂း၇-၉၊ သခင်ယေရှုက သူ့ရဲ့ဘုရားဇာတိအားဖြင့်နိမိတ်လက္ခဏာကိုဖြစ်စေတယ်။ ရေကနေ စပျစ်ရည်ကိုဖြစ်စေခဲ့တယ်။
- ဒါပေမဲ့အပြစ်သားကိုကယ်တင်တဲ့အခါ၊ အသစ်သောပဋိညာဉ်တရားနှင့်ဆိုင်သောအသွေးတော်ကိုပုံဆောင်သော စပျစ်ရည်ကို နိမိတ်လက္ခဏာပြုသလိုမလုပ်ဘဲ မိမိကိုယ်တိုင်ဇာတိဖြစ်စဉ်အတိုင်းဖြတ်လျှောက်ခဲ့တယ်။ ရှင်မဿဲ ၂၆း၁၇-၂၉
နောက်တဆင့်ဖြစ်တဲ့ အသစ်သောစပျစ်ရည်ရဖို့ အဆင့်(၃)ခုရှိပါတယ်။
1. ဖိညှစ်နင်းခြေသော၊ ဖျက်ဆီးခြင်းအဆင့်
2. အမှောင်ထဲမှာသိုသိပ်ထားသော၊ ပုံသွင်းခြင်းအဆင့်
3. အချိန်တန်တဲ့အခါထွက်လာသော၊ ပုံစံသစ်အဆင့်
ကယ်တင်ခြင်းရဖို့ဘာမှလုပ်စရာမလိုဘူး၊ ချွေးတစ်စက်မှကျစရာမလိုသော်လည်း၊
ယုံကြည်သူအသက်တာဟာ ယေရှုဖြတ်လျှောက်ခဲ့တဲ့ လက်ဝါးကပ်တိုင်လမ်းကိုဖြတ်သန်းရပါတယ်။
ဘာကြောင့် သခင်ယေရှုကဲ့သို့မိမိလက်ဝါးကပ်တိုင်ကိုနေ့တိုင်းထမ်းစရာလိုအပ်သလဲ?
- ဟေဗြဲ ၂း၁၈၊ ၄း၁၄-၁၆
- ဆင်းရဲဒုက္ခခံရတဲ့သူတွေကို ကြင်နာသနားတတ်ဖို့နှင့် ကူညီမစနိုင်ဖို့ဖြစ်တယ်။
နောက်တဆင့်ကိုတက်ပြီး အသစ်သောစပျစ်ရည်ကိုပေးနိုင်သောအသက်သို့ ဝိညာဉ်တော်ဘုရားပို့ဆောင်မစပါစေ။
From the publisher's feed