နာမည်ဘယ်လောက်အရေးပါသလဲ?
နာမည်ခေါ်ခြင်းအားဖြင့် ရိုးရိုးအသံကြားခြင်းနှင့်မတူတဲ့ထူးခြားတဲ့တုံ့ပြန်မှုကိုတွေ့ရတယ်။
ဘုရားသခင်က သူဖန်ဆင်းသမျှသတ္တဝါအားလုံးကို လူအာဒံဆီခေါ်လာပြီး နာမည်ပေးဖို့ပြောတယ်။
- နာမည်ပေးခြင်းက၊ သူ့အကျင့်အမူကိုပါထည့်ပေးလိုက်ခြင်းဖြစ်တယ်။
- နာမည်အထဲမှာ သူ့ဖြစ်တည်ခြင်း၊ စိတ်ခံစားမှု၊ စဉ်းစားတွေးခေါ်မှုတွေပါ ပါဝင်ပြီးသားဖြစ်တယ်။
ဘုရားသခင်ကလူကိုကောင်းချီးပေးရင် နာမည်ပြောင်းပေးတယ်။
- ယာကုပ်ဟာ လှည့်စားတဲ့သူ၊ ဒါကြောင့် ကြောက်ရွံ့တဲ့သူဖြစ်လာတယ်။
- သူ့အမည်သစ် ဣသရေလက ရဲရင့်တဲ့သူဖြစ်တယ်။
ယေရှုခရစ်တော်၌ရှိသမျှ၊ လူသစ်ဖြစ်တယ်၊ နာမည်သစ်ပြောင်းခြင်းခံရသောသူဖြစ်တယ်။
- ဘုရားသခင်က အာဗြံ(အဖအရာ)ကို ကတိပေးခဲ့တယ်။
- အာဗြဟံ(လူမျိုးများရဲ့ဖခင်)က ကတိတော်ပြည့်စုံခြင်းမြင်ခွင့်ရတယ်။
- နာမည်သစ်ပြောင်းခြင်းက သူ့စိတ်နှလုံးထဲမှာ ကတိတော်ပြည့်စုံလာဖို့နေရာပြင်ဆင်ပေးထားတယ်။
ကျွန်တော်တို့လည်း ခရစ်တော်နှင့်မစပ်ဆိုင်ခင်က လူဟောင်းသဘောကိုပဲကြည့်မနေတော့ဘဲနဲ့
ခရစ်တော်အထဲက လူသစ်ရဲ့သဘောကိုပဲ စွဲလန်းခြင်းရှိဖို့အရေးကြီးတယ်။
မဖြစ်နိုင်တော့ဘူးလို့မြင်ခဲ့သမျှကို၊ အခုတော့ ဘုရားတန်ခိုးတော်အားဖြင့် ဖြစ်နိုင်တယ်၊ ဖြစ်နေပြီလို့
နာမည်အသစ်ပြန်ပေးဖို့ ဖြစ်တယ်။
- ငါဟာဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်။
- ငါဟာ ဘုရားသခင်ရဲ့မျက်နှာသာရသောသူဖြစ်တယ်။
- ငါဟာ ဘုရားသခင်ရဲ့ မေတ္တာရသောသူဖြစ်တယ်။
- ငါဟာ ယေရှုကြောင့်အောင်မြင်သောသူဖြစ်တယ်။
- ငါဟာ ယေရှုကြောင့်ကျန်းမာသောသူဖြစ်တယ်။
- ငါဟာ ယေရှုကြောင့်တတ်နိုင်သောသူဖြစ်တယ်။